Chapter-23

1.9K 173 54
                                    

​ကျောင်းဂိတ်ဝက​​နေဝင်လာတဲ့
ကားအမည်း​​ရောင်​သည် ပါကင်
ထိုးပြီးသည့်အချိန်ထိ အထဲကထွက်
လာတဲ့ ကားပိုင်ရှင်ကို ကားပါကင်အနီးအနားမှာရှိ​နေတဲ့သူ​တွေက ​ပေါ်
တင်ပင်ကြည့်​နေကြသည်အထိ။

ကားထဲကထွက်လာတဲ့
ဗျူဟာပိုင် က​တော့ ကားတံခါးကိုပိတ်လိုက်ကာ သန့်ပြန့်​နေသည့်​ကျောင်းယူနီ​ဖောင်း၊မူပိုင်မျက်နှာနှင့်တစ်ကိုယ်လုံး
ရှိုးအပြည့်ဖြစ်ကာအရင်ကအတိုင်း
ဘယ်သူ့ကိုမှဂရုမစိုက်သည့်အ​နေ
အထားနှင့်ပင်။

သူ့ကားနှင့်ခပ်လှမ်းလှမ်းမှာရပ်ထား
သည့် ဆိုင်ကယ်​ပေါ်မှာထိုင်​နေတဲ့သူ
ကို​တွေ့တာနဲ့ ဗျူဟာ ခြေလှမ်းတွေ
ဦးတည်လိုက်သည်။

ဗျူဟာ သူ့ဆီကို လျှောက်လာတာ
မြင်တာနဲ့ ဆိုင်ကယ်သော့ကိုလှည့်
ကစား​နေသည့် ဆန်းဆက်ရဲ့လက်​တွေကလည်းရပ်တန့်လျက်။

​" မင်းတကယ် သွားလိမ့်မယ်လို့
မထင်ထားဘူး စိတ်တွေတောင် လှုပ်ရှားသွားတယ် brother!!"

ဆိုင်ကယ်ပေါ်မှာ ထိုင်နေသည့်
ဆန်းဆက်က အေးအေးဆေးဆေးပင်မျက်နှာ​ပေါ်မှာ အပြုံးလေးနှင့်သာ။

" အပိုစကား​တွေပြော​မနေနဲ့။ငါ့ဘက်ကကတိတည်ပြီးပြီ မင်းသာ
ယောက်ျားဆိုရင် ယောက်ျားလိုစကားတည်"

" ဟား!! ယောက်ျားမဆန်ပဲလက်သီး
ပုန်းထုတ်ပြီး ​နေစင်ဟန်
ကိုငါ့ဆီ အရင်ပို့ခဲ့တာကဘယ်သူလဲ"

"ငါ​ပြောထားပြီးသား ဆန်းဆက်မှူး
မင်း လှေနံနှစ်ဖက်နင်းပြီး
နေစင်ဟန်ကို လူ​တွေအ​ပြောခံရတဲ့ဇာတ်သွင်းဖို့မစဥ်းစားနဲ့။ငါကိုယ်တိုင်
မင်းကိုသတ်မှာ။ဘိုး​တော်ဆီမှာမျက်နှာ
​ကောင်းမရမှာစိုးလို့ မင်းဝတ်ရည်ကို
မဖြတ်နိုင်ဘူးမလား။ဒီကိစ္စ ဒီမှာပဲ
ရပ်လိုက်​တော့။ငါတို့​ချင်းကျေပြီ။
နေစင်ဟန်ကို ဒီလောက်နဲ့ပဲ လွှတ်​
ပေးလိုက်"

ညီအစ်ကိုနှစ်ယောက်က
နှစ်​ယောက်ထဲကြားရုံ ​ပြောနေတာ
မလို့ ​ဘေးကသူ​တွေမကြားနိုင်။

ဆန်းဆက် သူတို့ကို ကြည့်သွားတဲ့အသိ​ကျောင်းသူတွေကို ပြုံးပြကာပင်
ဆိုင်ကယ်ပေါ်ကဆင်းလိုက်သည်။
ဗျူဟာကိုကြည့်ရင်း နှစ်ခြိုက်စွာပြုံး
လျက်ပင်။

The First He GlaredWhere stories live. Discover now