The Last He Glared-5

1.7K 200 55
                                    

"အဲရစ် ခင်ဗျားမိတ်​ဆွေအိမ်ကျွန်​တော်
သွား​နေလို့အဆင်​ပြေရဲ့လား။သူက
အခု အဲ့ဒီအိမ်ကိုလာဖို့ရှိလား"

ကား​မောင်း​နေတဲ့အဲရစ်က သူ့ကို တစ်
ချက်ကြည့်လာသည်။ပြီးတာနဲ့ ​ချောင်းအသာဟန့်ကာ။

"​ပြေတာ​ပေါ့ ဘာလို့မ​ပြေရမှာလဲ။သူ
အခုအဲ့အိမ်မှာမရှိဘူး။ ဘယ်တော့လာ
ဖြစ်မလဲဆိုတာ ငါလည်းသေချာမသိ
ဘူး ။သူကအဲ့အိမ်ကို  အလုပ်ရှိတဲ့အခါတစ်ခါတစ်​လေ လာလည်မှ​နေတာ။သူ​
နေလည်းခဏပဲ။အိမ်ကအကျယ်ကြီး
ဘယ်သူမှမရှိဘူး။မင်းဘာမှအားနာ
စရာမလိုဘူး ကြားလား"

"သူက​အော်လန်ဒိုကိုတခါတ​လေပဲ
လာတယ်ဆို​တော့ ဘယ်မြို့မှာ​​နေလို့လဲ
။​ဝေးလား"

"ရာသီဥတုကသာယာတယ်​နော် ​ဝိုး"

ကားထဲက သီချင်းသံကိုပိုကျယ်လိုက်
ပြီး သံစဥ်နဲ့အညီ ​အဲရစ် ကားစတီယာ
ရင်ကို လက်တစ်​ခေါက်​ခေါက်လုပ်​
နေသည်။ဒီတစ်ခါလည်း သူ​မေးလိုက်
တာကို မကြားလိုက်ဟန်။

"သူကအသက်ဘယ်​လောက်ရှိပြီလဲ။
ခင်ဗျားနဲ့ရွယ်တူလား!"

သူ့အသံသည် သီချင်းသံကိုဖုံးလွှမ်းကာ အနည်းငယ်ကျယ်သွားသည်။အဲရစ်
သူ့ကိုပြန်ကြည့်လာပြီး သီချင်းသံကို​
လျော့လိုက်သည်မလို့ အားနာသလို​
တောင်ဖြစ်သွားရသည်။သူ့ကိုကူညီ​
နေတဲ့ သူကို အ​မေးအမြန်းထူ​နေမိ
သည်မလား။အဲရစ် ကြိုက်မကြိုက်
ကရှိ​သေးသည်​လေ။

"ငါနဲ့ရွယ်တူ​တော့မဟုတ်ဘူး။သူ့
အသက်ကိုငါလည်း​သေချာမသိဘူး"

အဲရစ်က ပုံမှန်အတိုင်းပင်​အေး​ဆေးစွာ
ပြန်​ဖြေသည်။

"ခင်ဗျား ထက်အသက်ကြီးတာလား"

အဲရစ်ပုခုံးတစ်ချက်တွန့်ပြသည်။​
သေချာမသိသည့်သ​ဘော။

"ခင်ဗျား မိတ်ဆွေနာမည်ကဘယ်လို
ခေါ်လဲ အဲရစ်"

"ဟမ် အာ!"

မီးပွိုင့်စိမ်းသွားသည့်
လမ်းဆုံမှာ​ကွေ့ဝင်ရင်း
ကားစတီယာရင်ကို ထပ်ခါ လက်​
ခေါက်ကာ တခဏကြာသည်အထိ
အသံတိတ်​နေလျက်။

The First He GlaredWhere stories live. Discover now