The Last He Glared-2

1.1K 144 35
                                    

ဒီအိမ်ကဖိတ်စာ​ပေးရမဲ့​နောက်ဆုံး
တစ်အိမ်ဟူ၍ သူ့ဆရာသည် ခြံတံတိုင်း အမြင့်ကြီးဖြစ်သည့် အိမ်ကြီးတစ်အိမ်​ရှေ့၌ကားကိုရပ်လိုက်သည်။ သူကား
မောင်းပေးမည်​ပြောသော်လည်း အမြဲ
ဘယ်သွားသွားသူကိုယ်တိုင် မောင်းရ
မှတိကျကျေနပ်တဲ့ ဆရာဖြစ်သူက
ငြင်းသဖြင့် ​နေစင်ဟန် ဘာမှမ​ပြောရဲ
ပဲဘေးခုံ၌သာပါလာခြင်းပင်။

ဆရာထွန်းလွင်မှာ သူတို့​လေးစားရတဲ့senior engineerဖြစ်ပြီးရုံးမှာအသက်
အကြီးဆုံးအင်ဂျင်နီယာဖြစ်ကာ အသက်
ငါးဆယ်​လောက်ရှိ​နေပြီဖြစ်သည်။ဒီမနက်​စော​စောရုံး​ရောက်ထဲကသူ့သား မင်္ဂလာဆောင်အတွက် သူမျက်နှာနာတဲ့
သူ​တွေကိုဖိတ်စာ ကိုယ်တိုင်လိုက်
ဖိတ်ရမယ်ဆိုပြီး
သူ့ကိုပါ​ခေါ်လာခဲ့တာပင်။​ရှေ့မှာ
နှစ်အိမ်သွားခဲ့ပြီး ဒီအိမ်က နောက်ဆုံး
အိမ်ပင်။

ခြံတံခါးလာဖွင့်ပေးတဲ့ အစောင့်တစ်
ယောက်ရောက်လာမှ ​နေစင်ဟန် ကား
ထဲကနေ ဆရာထွန်းလွင် မောင်းဝင်လာ
တဲ့ခြံကို ကြည့်ဖြစ်သည်။ခြံ အကျယ်
အဝန်းနဲ့ ခမ်းနားလှသည့်သုံးထပ်
တိုက်အိမ်ပုံစံကိုကြည့်ရုံနဲ့
ပင်  သေသေချာချာလေးဆောက်လုပ်ထားသည်ဆိုတာ မြင်​နေရပါသည်။

"ဝင်လာခဲ့ပါရှင်။အထဲမှာ ဆရာကြီး
ရှိ​နေပါတယ်"

အဒေါ်ကြီးတစ်ယောက်က ဆရာထွန်းလွင်ကို​တွေ့တာနဲ့ ကြိုဆိုပြီး အထဲကိုယဥ်​ကျေးစွာဝင်ခိုင်းသည်။

"​ဟော ကိုထွန်းလွင်​ရောက်လာပြီ။
လာဗျာ ကိုထွန်းလွင် ထိုင်"

ဧည့်ခန်းထဲဝင်မလို့ ​လျှောက်လာနေ
စဉ်ပင်ကျွန်တော်တို့ကိုတွေ့တာနဲ့ လှမ်း နှုတ်ဆက်သည့်အသံ။

ဧည့်ခန်းထဲက ထိပ်ဆုံးဆိုဖာပေါ်မှာ ထိုင်နေသည်မှာ အသက်ကြီးကြီး ယောကျာ်း
ကြီးတစ်ယောက်။သူ့​ဘေးကဆိုဖာ​ပေါ်မှာ​တော့ မြန်မာဝတ်စုံအပြည့် ဝတ်ထားသည့် မိန်းမကြီးတစ်ယောက်နဲ့ လူလတ်ပိုင်း
အရွယ် ယောက်ျားတစ်ယောက်ဖြစ် ဖြစ်သည်။

ဒီဘက်က ဆိုဖာ​ပေါ်မှာ​တော့ သူမသိသည့် ​ ​နောက်ထပ်လူလတ်ပိုင်းအရွယ် ယောက်ျား တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။

The First He GlaredWhere stories live. Discover now