The Last He Glared-7

1.7K 149 27
                                    

​နောက်တစ်​နေ့မနက် ​နေစင်ဟန်
ခြောက်နာရီခွဲ​လောက်ထပြီး အောက်ထပ်ဆင်းလာသည်။ မီးဖိုချောင်ထဲဝင်ပြီး
မနက်စာပြင်ဖို့​​ရေခဲ​သေတ္တာထဲက​နေ
ပေါင်မုန့်ထုပ်ကိုထုတ်လိုက်လျက်။
ခုံမှာဝင်ထိုင်လိုက်ရင်း​ပေါင်မုန့်
ချပ်​တွေကိုပန်းကန်ထဲထည့်ရင်းသူ
ယိုသုတ်​မလို့လုပ်နေတုန်း ထမင်းစား
ခန်းထဲဝင်လာတဲ့ ဗျူဟာ​။

"ဘာလုပ်​နေတာလဲ ငါလုပ်​ပေးမယ်!"

ချက်ချင်းအနားကိုအလျင်မြန်​ရောက်လာသည်။သူအံ့သြချိန်​တောင်မရှိ။

မျက်လုံး​တွေကိုကြည့်​တော့အိပ်​ရေးဝ
ထားပုံမရ​နေ။

ထိပ်တိုက်မဆုံရ​အောင်သူမနက်​စော​
စောထပြီးပြင်​ပေးမလို့လုပ်​နေတာ
ဘယ်လိုသူထတာနဲ့အသံကြားပြီးလိုက်
နိုးလာလည်းမသိ။အ​ပေါ်ထပ်မှာ
အခန်းချင်းကမျက်နှာချင်းဆိုင်ဆို​
ပေမဲ့ အိမ်အကျယ်အဝန်း​ကြောင့်
အလယ်မှာ​တော်​တော်​လေးခြား​
နေတာပင်။

"မနက်စာအပြင်မှာထွက်စားရ​အောင်​။
အဲရစ်ညွှန်းထားတဲ့ မြန်မာဆိုင်
တစ်ဆိုင်ရှိတယ်။နည်းနည်း​တော့​
ဝေးတယ်။ဒီအချိန်သွားရင်​တောင်
တစ်နာရီ​ခွဲလောက်​​မောင်းမှ​ရောက်မှာ"

"ငါမစားဘူး မင်းစားချင်ရင်အဲရစ်ကို
ခေါ်ပြီးသွား"

"ငါကမင်းကိုလိုက်ပို့ချင်တာ​လေ။
ရတယ် ဒီ​နေ့မသွားချင်ရင်​နောက်​နေ့​
ပေါ့။အခု​ပေါင်မုန့်ယိုသုတ်စားမှာလား"

မျက်နှာတစ်ချက်မပျက်။
သူ့လက်ထဲက​ပေါင်မုန့်ချပ်ကို ဆွဲယူပြီး
ယိုဘူးထဲဇွန်းနဲ့ထပ်ယူကာသုတ်​​နေတဲ့ဗျူဟာ။

"​တခြားမုန့်​တွေရှိ​သေးတယ်​လေ။
ကော်ဖီ​ပါဖျော်​ပေးမယ် ​သောက်မယ်
ဟုတ်​"

အကြည့်ချင်းဆုံ​တော့​​တောက်ပစွာပြုံးပြသည်။မနက်စာပြင်ဖို့တစ်ကယ်
တက်ကြွ​နေတဲ့သူလို။

သူဘာမှထပ်မ​ပြော​တော့ပဲ
ချက်ချင်းမျက်နှာလွှဲကာ
​ကျောခိုင်းလိုက်ပြီး ​ဘေစင်မှာ
ဆန်​ဆေးကာ ထမင်းအိုးတည်ဖို့
လုပ်လိုက်သည်။​သူထမင်းတည်​
နေချိန်ရေခဲ​သေတ္တာကိုသွားဖွင့်​
နေပြီး မုန့်​တွေထပ်ထုတ် ​​ဘေးမှာ​
ကော်ဖီလာ​ဖျော်နဲ့ တစ်​ယောက်ထဲ​ယောက်ယက်ခတ်​နေသည်။

The First He GlaredWhere stories live. Discover now