The Last He Glared-1

1.5K 171 30
                                    

ဆေးရုံအခန်းထဲတွင် အပ်ကျသံမျှမကြားရအောင် တိတ်ဆိတ်ငြိမ်သက်လျက် မျက်နှာချင်းဆိုင် ထိုင်​နေ​သောလူသုံး​ယောက်ထံတွင် စကားသံတို့ ဗလာနတ္တိ။

"သား အခုဘာ ဘာ ပြောလိုက်တာလဲ"

သတိပြန်ဝင်လာသော ဒေါ်ခိုင်နီလာရဲ့ စကားသံ။

ပြောင်းလဲခြင်းမရှိတဲ့သား ဖြစ်သူရဲ့
မျက်နှာကို​ငေးရင်း ဒေါ်ခိုင်နီလာရင်ထဲ ကမ္ဘာပျက်သလိုပင် ခံစားနေရသည်
။ဦးထင်ပိုင်မှာမူ မျက်နှာမှာ​သွေး
မရှိတော့အောင် ဖြစ်​နေလျက်
ဘာတစ်ခွန်းမှမထွက်လာနိုင်​သေး။

"​အ​မေ နားကြားမှားသွားတယ်
ထင်တယ်။သား​နေ့လယ်ထဲက
ထိုင်နေတာကြာလှပြီ။အနားယူ
ရ​တော့မယ်​လေ လှဲလိုက်ရ​အောင်"

"အ​မေ ကြားတာမမှားဘူး။ ကျွန်​တော်
ပြောတာကို သေချာနားထောင်
​ပေး။ကျွန်​တော်က ​​ယောကျာ်းလေး
တယောက်ကို သဘောကျတဲ့​ဂေးပဲ
အ​ဖေနဲ့အ​မေ"

"သား!!"

"ဗျူဟာပိုင်"

ဦးထင်ပိုင် ချက်ချင်းထရပ်လိုက်သည်။

"မဟုတ်ဘူး ဒါ​တော့မဟုတ်​သေး​
လေ။အ​ဖေ့သား.....အ​ဖေ့သားက ဘာ​ကောင်လဲဆိုတာ​မွေးလာထဲကအဖေ​
သိပြီးသား။အ​ဖေတို့ကို သေသေချာချာလေးပြောပြ။အခု​ပြော​နေတာသားကိုယ်သား​သေချာလား။ဘယ်အချိန်ထဲက"

" ရှင့်ပါးစပ်ကိုပိတ်ထား!"

ကုတင်​ပေါ်မှာ ထိုင်နေတဲ့ သားဖြစ်သူ
အနားကပ်ပြောနေတဲ့ ဦးထင်ပိုင်ကို
ဒေါ်ခိုင်နီလာ ​အသံကျယ်နှင့် အော်လိုက်သည်။

"ရှင်ခဏထွက်သွား ဒီအခန်းထဲက
နေထွက်သွား​ပေး ကိုထင်ပိုင်"

မျက်လုံးတွေနီရဲနေသည့်ဒေါ်ခိုင်နီလာ
ကို ဦးထင်ပိုင် မျက်နှာမပြရဲသလို ခြောက်ခြားနေလျက် ​ခေါင်းငုံ့​နေသည့်သားဖြစ်သူကိုတစ်ချက်ကြည့်ကာ အခန်းထဲကနေထွက်သွားသည်။

သားအမိနှစ်ယောက်တည်းကျန်ခဲ့တဲ့
ဆေးရုံအခန်းသည် တခဏကြာသည်
အထိ ထပ်မံ၍တိတ်ဆိတ်သွားသည်။

The First He GlaredWhere stories live. Discover now