Chapter-17

2.2K 211 57
                                    

" ဗျူဟာပိုင် အဲ့​ကောင် ငါ့မျက်နှာကို
ထိုးသွားတဲ့ ဒဏ်ရာတွေ ဒီမှာ​တွေ့လား
အခုထိတောင် အရောင်မကျသေးဘူး"

"မင်းကိုယ့်ဘာသာ ညံ့လို့ဖြစ်ရတာ​
လေ ကြည့်​ရှောင်မှ​ပေါ့ "

" ​ငါ့တစ်သက်နဲ့တစ်ကိုယ်
ဒီလောက်​လေးကိုင်လိုက်မိရုံနဲ့ စုတ်
ပြတ်သတ်​အောင် အထိုးခံရတာ တခါမှ
မဖြစ်ဖူးဘူး။ငါ့ဖုန်းကိုလည်းရိုက်ခွဲသွားတယ်။ငါက​နေစင်ဟန်ကို တက်လုပ်ခဲ့တာလည်းမဟုတ်ဘူး။ငါ့ကို အကျပ်ကိုင်
ခြိမ်း​ခြောက်ပြီး ကျောင်းထွက်ခိုင်းတာ
ဒီကျောင်းကိုတက်ဖို့ ငါဘယ်လောက်
ထိ ရင်းထားရတယ်ထင်လဲ။ငါ့မှာ
တစ်ခြားကျောင်းဆက်တက်ဖို့ ​ငွေ​ကြေး
မရှိ​ဘူး။​ဗျူဟာပိုင်ဆိုတဲ့​ကောင်ကိုတစ်
ခုခု ပြန်လုပ်ရမှ ငါ့တစ်ဘဝလုံးစာ ​ကျေနပ်နိုင်မယ်"

ထွန်းမြတ်က သူ့​ရှေ့မှာ ဒေါသတကြီးကြိမ်းဝါး​နေသည်။ ဒီလို​ကောင်မျိုးနဲ့
စိတ်ထဲက ရင်းနှီး​ခဲ့တာမဟုတ်​ပေမဲ့
တခန်းထဲဆို​တော့လူချင်း​ဘော်ဒါ​တွေ
ဖြစ်ခဲ့တဲ့အ​ခြေအ​နေ။

သူသိချင်တာကိုရဖို့ ဆက်နား​ထောင်​
နေရသည်။

"မင်းအ​ခြေအ​နေနဲ့ ဗျူဟာပိုင်ကိုဘာပြန်လုပ်နိုင်မယ်ထင်လို့လဲ။​အေး မင်းလုပ်
ပြီးရင်လည်း မင်းဘဝပျက်ပြီသာမှတ်​
လိုက်တော့"

"မိဘက ချမ်းသာတယ်ဆိုပြီး ထင်ရာ
ဆိုင်း အောက်ခြေလွတ်နေတဲ့​ကောင်။ငါ
အဲ့​ကောင်ကို စ​တွေ့ထဲက ကြည့်မရ
တာ မင်းနဲ့တစ်ခြားစီပဲဆန်းဆက်"

"ဒါသူ့အပိုင်းပါ ထား​တော့။ ဗျူဟာပိုင်
က ​နေစင်ဟန်အ​ရှေ့ထပ်မ​ပေါ်လာနဲ့
လို့ မင်းကို​သေချာပြောသွားတာလား"

"ဟုတ်တယ် အဲ့​ကောင် လက်ရဲဇက်ရဲနဲ့ တစ်အား​ကြောက်စရာ​ကောင်းတယ် ငါ့
ကိုအကြပ်ကိုင် ခြိမ်းခြောက်သွားတာ
မသိရင် ​နေစင်ဟန်အ​ရှေ့ထပ်​ပေါ်လာ
ရင် အစ​​ဖျောက်ပစ်​တော့မဲ့အတိုင်း
ပဲ။သူတို့ကဘာ​တွေလဲ အဲ့တုန်းက မင်းသူငယ်ချင်းဘုန်းပြည့်လဲပါတယ်
နေစင်ဟန်က သူတို့နဲ့သူငယ်ချင်း​တွေလား "

" အဲ့လိုပဲပြောရမှာ​ပေါ့။မင်းတစ်ခြား​ကျောင်းမှာဆက်တက်မဲ့စရိတ်ကို ငါထုတ်ပေးမယ် ထွန်းမြတ်"

The First He GlaredWhere stories live. Discover now