" သင်တန်းသား အသစ်လေးလာပြီ"
နေစင်ဟန် music club အခန်းထဲ
ဝင်လိုက်ချင်းပင် ကြိုဆိုမှုပြုတဲ့ အစ်မသော်တာ။ မနေ့ထဲကcbမှာ ပြောထား
သဖြင့် သူ့ကိုသိနေခြင်းပင်။" ဒီနေ့လာမယ်ပြောတဲ့
အသစ်လေးလားသော်တာ ""ဟုတ်တယ်"
"နာမည် ဘယ်လိုခေါ်လဲမောင်လေး"
"နေစင်ဟန်ပါ"
"ဟယ် နာမည်လေးက
ဆင်လိုက်တာ"အစ်မသော်တာဘေးက music club
ကနာမည်ကြီးကိုဂျွန်ဆိုသူကိုသူ ပြုံး
သာပြလိုက်တယ်။ကိုဂျွန်က come out လုပ်ထားတဲ့
gay တစ်ယောက်ဆိုတာ ဒီကျောင်းမှာ
မသိတဲ့သူ မရှိသလောက်
ပါပဲ။"နင် လုပ်စရာရှိတာသွားလုပ်ဂျွန်
ကိုယ့်ကလေးတွေကိုယ်သွားကြည့် "ကိုဂျွန်က သူ့ကိုလက်လေးလှုပ်ပြ
သွားပြီး မျက်လုံးတစ်ဖက် မှိတ်ပြ
သွားသည်။" အစ်မတို့clubထဲအဖွဲ့ဝင်မယ်ဆိုရင်
ဖောင်အရင်ဖြည့်ရမယ် နော် မောင်လေး"" ဟုတ်ကဲ့ အစ်မ"
အစ်မသော်တာ လာပေးတဲ့ စာရွက်မှာ
သူလိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပေးလိုက်ပြီး အစ်မသော်တာကို ပြန်ပေးလိုက်သည်။" အကူအညီလိုရင် ဒီမှာအဆင်သင့်
ပဲနော်"ကိုဂျွန် လှမ်းပြောတော့သူပြုံးနေမိ
လျက်ပင်။"ကျွန်တော် ဖြည့်ပြီးပြီအစ်မ ဒီမှာ
သင်တန်းကြေး ""သင်တန်းကြေးကမလိုတော့ဘူး
မျက်နှာလေးနဲ့တင်freeရှင်း ဖြစ်
သားဖြစ်သွားပြီ""မိဂျွန် နင်တော့နော်"
"ဟဲ့ ငါ့ကို လူရှေ့သူရှေ့ အဲ့လိုမခေါ်နဲ့
လို့ ပြောထားတယ်မလား"အရပ်အမြင့်ကြီးနဲ့လူကောင်ကြီးတဲ့
ကိုဂျွန်က စကားပြောမှပင်နည်းနည်း
နွဲ့သလိုဖြစ်နေတာကိုသိနိုင်မည်။" ဟုတ်ပြီ နေစင်ဟန် မောင်လေး လောလောဆယ်တော့အစ်မတို့က
guitarအခြေခံကစပြီးအသစ်တွေကို သင်တန်းပေးနေတာ တော်တော်လေး
ခရီးရောက်နေပြီ။ မောင်လေးက ခုမှ
အသစ်လာတယ် ဂီတာအခြေခံလည်း
မရှိဘူး ဆိုတော့ အစကနေ ပြန်သင်
မှရမယ်။ကိုမိုးကသင်ကြားရေးပိုင်း
မအားတော့ဘူး အခုအစ်မနဲ့ ကိုဂျွန်
ကပဲ အသစ်လေးတွေကို ဆက်သင်
ပေးနေတယ်။မောင်လေး ဘယ်သူနဲ့
သင်ချင်လဲ"
![](https://img.wattpad.com/cover/339746311-288-k555060.jpg)
YOU ARE READING
The First He Glared
Teen Fictionမင်းကိုပြောပြချင်တဲ့အကြောင်းအရာတွေအတွက်အခွင့်ရှိနိုင်ပါ့မလား....