The Last He Glared-6

1.7K 182 47
                                    

luggage ကို ​နေစင်ဟန် ခပ်မြန်မြန်
ဆွဲလာပြီး အိမ်တံခါးမကြီးကိုတွန်းဖွင့်
လိုက်တဲ့အသံက အနည်းငယ်တော့
ကျယ်သွား လိမ့်မည်။

ဆေးလိပ်သောက်နေတဲ့သူက လှည့်ပင်
မကြည့်ပဲ အေးဆေးစွာပင်ထိုင်လျက်
ရှိ​ပေမဲ့ ​ဘေးကသီအိုဆိုတဲ့​ကောင်က​တော့ သူဝင်လာသည်ကို အံ့အားသင့်နေဟန်။

ဧည့်ခန်းကဆိုဖာ​ပေါ်မှာထိုင်​နေတဲ့
နှစ်​ယောက်ဆီကို ခြေလှမ်းကျဲတွေနဲ့
​နေစင်ဟန် အမြန်လျှောက်သွားလိုက်
သည်။

"ငါထွက်သွားတာနဲ့ဒီ​ကောင်ကို မင်း​
မောင်းထုတ်မှာ ငါသိတယ်"

ပကတိငြိမ်သက်​နေသည်။
သူ့ကိုပြန်မကြည့်လာပဲ ​ဆေးလိပ်ကို
တစ်ချက်ရှိုက်ဖွာလျက်။

"ဒီ​ကောင်ကို​မောင်းမထုတ်ခင် မင်းပြန်
ဝင်လာမယ်ဆိုတာကိုလည်း ငါသိတယ်"

​အေး​ဆေးလွန်း​နေသည့်
မျက်နှာတည်ကိုကြည့်ရင်း
​သူ ဘာမှထပ်မပြောနိုင်။
မ​ပြောချင်တော့။

ဗျူဟာပိုင်​ဘေးမှာ အကျအန ထိုင်နေတဲ့ ​ကောင်ကိုပဲ အခုချက်ချင်းဒီအိမ်က​နေ ဆွဲထုတ်ချင်နေပြီဖြစ်သည်။

"ပြန်ခိုင်းလိုက်"

အ​ဖြေပြန်မလာ။သူ​စိတ်​ကိုလျော့ထား
လိုက်ရရင်းပင်။

"ငါမပြန်​တော့ဘူး။ဒီမှာပဲ​နေမယ်ရပြီလား"

ထိုင်​နေရင်း သူ့ကိုမော့ကြည့်လာသည်။
ဘာမှပြန်မ​ပြော။ဒါပဲ​လေ။ဒါကမှ
ဗျူဟာပိုင်ပုံစံ အစစ်အမှန်။

" ဘယ်နိုင်ငံမှမကူးဘူး။မြန်မာပြည်
လည်းမပြန်ဘူး။ဒီမှာပဲ​နေ​တော့မယ်။
ငါ​ပြော​နေတာကြားလား။​မင်း​ဘေးက​
ကောင်ကို ဒီအိမ်ထဲက​နေအခု
ချက်ချင်းထွက်သွားခိုင်း!"

"မင်းတို့ဘာ​တွေ​ပြော​နေကြတာလဲ။အဲ့​ကောင်လည်း ဘားမိစ်လား ဗျူ"

"မင်းပါးစပ်ကိုပိတ်ထား!"

"ဗျူ ဒီ​ကောင်ဘာ​ပြောလိုက်တာလဲ။
ငါ့ကို ဘားမိစ်လို ဆဲလိုက်တာလား"

သူတို့ မြန်မာလိုပဲပြောနေကြ​တော့ ဗျူဟာ ​ဘေးက​ကောင်က မ​နေနိုင်ဖြစ်​နေပြီဖြစ်သည်။

The First He GlaredWhere stories live. Discover now