အပိုင်း( ၁)

26.7K 296 3
                                    

ရင်ခုန်ရလွန်းလို့

အပိုင်း(1)

"မိုးမိုးရာ ယောကျာ်းမယူချင်ပါဘူးဆို "

"ဟဲ့ နင့်အသက်လည်းပြန်ကြည့်အုန်း ငါနင့်ကိုမွေးထားရတာ ဒီလောက်ပြောရဆိုရခက်မယ်မှန်းမသိတာ တစ်ကယ်အေ
အကြီးနှစ်ယောက်ကော နင့်အောက်ကအငယ်တစ်ယောက်ကိုကောငါတစ်ခွန်းဆို တစ်ခွန်းပဲ နင်ကြမှပဲ ဘာလို့စကားကိုပြောရဆိုရလက်ပေါက်ကပ်နေတာလဲငြိမ်းခက်ခက်နိူင် ရဲ့ ဟမ်"

"မိုးမိုးကလည်း ဘာလို့ယောကျာ်းအတင်းပေးစားချင်နေရတာလဲ ငြိမ်းမှမယူချင်တာ"

"ဟဲ့ မိန်းကလေးဆိုတာ ...."

"ဟာ မိုးမိုးရာ ငြိမ်းအတိုးသွားကောက်တော့မယ် သွားပြီ"

" မိုး... ငြိမ်းငြိမ်းကိုမပြောပါတော့နဲ့ သူ့ဟာသူ အဆင်ပြေသလိုနေပါစေ ပြီးတော့
ငြိမ်းငြိမ်းက...."

"အလတ်ကောင် နင့်ညီမဘက်က ကာမနေနဲ့ နင့်မိန်းမနဲ့ညနေကြရင် မုန့်လာစားဦး  မိုးအုန်းနို့ခေါက်ဆွဲချက်မှာ"

"အမေတို့များ ငြိမ်းငြိမ်းဟိုဟာဖြစ်တယ် ငြိမ်းငြိမ်း ဒီဟာဖြစ်တယ်နဲ့ ပြီးရင် သူ့သမီးအကြိုက်တွေကြီးပဲ သားမှခေါက်ဆွဲမကြိုက်တာ"

"မကြိုက်လည်းလာခဲ့ ငါသုတ်ပေးမယ်"

"ဟုတ်ကဲ့အမေ သားသွားပြီ"

"အေးအေး ကောင်းကောင်းသွားဦးနော် "

ငြိမ်းတို့က ပအို့၀်ဗမာ ကပြား အမေက ပအို့၀် ဒါပေမဲ့ ငယ်ငယ်ထဲကဗမာတောထဲမှာကြီးပျင်းခဲ့တာဆိုတော့ ပအို့၀်စကားတစ်ခွန်းမှတော့မတတ်....ဒါပေမဲ့ မိုးမိုးက ငြိမ်းတို့မောင်နှမတွေအကုန်ကို စကားစမပြောတတ်ခင်တည်းက မိုးမိုး=အမေ ဆိုပြီသင်ပေးထားတာကြောင့် ငြိမ်းတို့ကအခုချိန်ထိ မိုးမိုးလို့ခေါ်တုန်းပင်.....

"ငြိမ်းရေ ညီမလေးလာ အမကမျှော်နေတာ "

"ထူးထူးဆန်းဆန်း ဘာကိစ္စများလဲ အရင်နေ့တွေကတော့ ပတ်ပုန်းနေရပြီးတော့ "

"အဟဲ ညီမလေးငြိမ်းကလည်း ပြီးခဲ့တာတွေပြီးပါစေတော့ အခုအမ မနေ့ကချဲ၂၀၀၀ဖိုးပေါက်တာအမ ငြိမ်းငြိမ်းအတွက် တမင်ကို ဖယ်ထားပေးတာ ရော့ ရေကြည့်ပါအုန်း"

ရင်ခုန်ရလွန်းလို့✅✅✅Where stories live. Discover now