ရင်ခုန်ရလွန်းလို့
အပိုင်း(18)
သူကချစ်လိုက် မမကရှက်လိုဖြင့်ဖြတ်သန်းလာတာအိမ်ထောင်သက်ငါးလတင်းတင်းပြည့်ခဲ့ပြီ ...နယ်မြို့လေးကိုမှကျေးရွာတွေနှင့်နယ်မြေတိုးချဲ့ထားသည့်တောတိုးဘက်ပိုင်းတွေထဲပါ ပါတာကြောင့်ထွန်းလင်းရဲ့ဆိုင်ကယ်အရောင်းကပိုသွက်လာသည် ...အလုပ်တွေလည်းအရင်ကထက်ပိုလာရ၏ ...တစ်ချို့ညတွေဆို ဆိုင်မှာပဲလုပ်လိုက်ရတာတွေရှိသည် ...ကိုယ်တိုင်သွားပြီး၀ယ်သည်မို့ တစ်ခြားနယ်မြို့တွေပါ သူ့စီကတစ်ဆင့်ခံကာ ပြန်ယူရောင်းကြသည်လည်းရှိသည်။
Online pageနဲ့ပါတွဲပြီးလုပ်တာကြောင့် အရောင်းကပိုသွက်သည်။အရင်ကဆိုဆိုင်ကယ်၀ယ်ချင်လျှင်ပဲခူးထိတက်၀ယ်ရသည်မှာခရီးစရိတ်၊ကိုယ်ကဆိုင်ကယ်အကြောင်းမသိလျှင်တတ်သိနားလည်သည့်လူကိုခေါ်သွားလျှင်သူ့အတွက်စရိတ် ၊ မကြိုက်လျှင်ခြေတိုအောင်လိုက်ရှာသည်မှာ တောမကျမြို့မကျသူတို့လိုနယ်မြို့လေးကသူတွေကြုံရသည့်ဒုက္ခ။
ရိုးရိုးဘီးတွေအပြင် clickဘီးတွေကိုပါပြထားသည်ကြောင့်ရုံး၀န်ထမ်းတွေပါလာကြည့်ကြသည်...နယ်မြို့လေးပေမဲ့ ဆေးရုံတွေ ရဲစခန်းတွေ ဘုန်းကြီးကျောင်းတွေနှင့်တစ်နိုင်တစ်ပိုင်စက်ရုံအသေးစားလေးတွေဖြင့်စည်ကားနေသည့်မြို့။
အိမ်ထောင်သက်ငါးလပြည့်သည့်နေ့တွင် ငြိမ်းသည်းမခံနိုင်တော့ တစ်စတစ်စဖြင့်ပိုပိုဆိုးလာခဲ့သည် မပြောတော့ရောင့်တက်တယ် ဆိုသည့်စကားကထွန်းလင်းရွှေရောင်အတွက်များပြောပေးခဲ့သည့်စကားလားမသိ။
"ထွန်းလင်း နင်အိမ်ပြန်နောက်ကျနေတာနှစ်ပတ်ရှိနေပြီနော် "
"အလုပ်တွေပိနေလို့ပါ မမရယ် "
"သြော် အလုပ်တွေပိနေတာကနင့်အလုပ်ထဲကမိန်းကလေးတွေနဲ့ကော်ဖီထိုင်သောက်နေရတာပေါ့ အဟွန်း"
"ဟင် ဘယ်မှာလဲ ထိုင်မသောက်ပါဘူးမမရယ်"
"နင်ဗြောင်မငြင်းနဲ့ထွန်းလင်း နင့်စရိုက်ကိုငါမသိလို့ယူခဲ့မိတာ ကြာလေ ကြာလေ ဆိုးလာလေပဲ"