ရင်ခုန်ရလွန်းလို့
အပိုင်း (5)
ငြိမ်းမှာတော့ အသွားကောအပြန်ကော စရိတ်မကုန်တော့တာကြောင့် အူမြူးနေတော့သည်။
တစ်ဖက်တွင်လည်း ...
"ထွန်းလင်းရေ အမေ့ကိုမနက်ဖြန် မိုးကုတ်ကိုသွားပေးပါအုန်း ကျောက်တွေလာစစ်ခိုင်းနေလို့ "
"မအားဘူးအမေ ကျွန်တော်သဘက်ခါ ရန်ကုန်တတ်ရအုန်းမှာ"
"ဟဲ့ရန်ကုန်ကို ဘာသွားလုပ်မှာလဲနင်က"
"ဆိုင်ကယ်ပစ္စည်းသွားကြည့်မို့ "
"နေပါအုန်း ထွန်းလင်းရယ်
၁၀လလိိုင်းလောက်မှဆို ပစ္စည်းစစ်ရမှာက""ပစ္စည်းစစ်တာက ၁၀လပိုင်းမှ အခုကပစ္စည်းအမှာတွေကိုသေချာလား လာကြည့်ခိုင်းနေလို့ပါအမေရာ မသိရင် ကျွန်တော်ကပဲ မဟုတ်တာလုပ်မဲ့လူကြနေတာပဲ ပလိတ်စစ် စစ်နေတယ်"
"ဟဲ့ နင်ကတစ်ကယ်လုပ်တာလေ ရုပ်လေးကြည့်တော့ မထုံတတ်တေးနဲ့ တစ်ပြားသားမှ ယုံဖို့မကောင်းဘူး"
"အမေကလည်း"
"ဘယ်နှစ်ရက်ကြာမှာလဲ"
"အလွန်ဆုံး တစ်ပတ် သုံးရက်လောက်ပါပဲဗျာ အလိမ္မာသားလေးကိုမျက်စိအောက်ကအပျောက်မခံနိုင်ဘူးနော် အမေတို့"
"အိမ်ကကားနဲ့ပဲသွားမှာလား"
"ဟုတ်တယ်အမေ "
"အေး နင်ပြန်လာမှသွားခိုင်းတော့မယ် အဲ့လောက်ပဲကြာမှာသေချာတယ်မလား"
"သေချာတယ်အမေ"
အမေကအခုရက်ပိုင်း ထွန်းလင်းကို မျက်စိအောက်ကအပျောက်မခံ မျက်စိကိုဒေါက်ထောက်ကြည့်နေသလိုကိုခံစားနေရတာ
×××××××××××
"မတ်ငြိမ်း လေတချွန်ချွန်နဲ့ တော်တော်အူမြူးနေပုံပဲ ဘာပျော်စရာတွေရှိနေလို့လဲ"
"အဟမ်း ငါရန်ကုန်သွားမို့သိတယ်မလား အဲ့တာလမ်းကြုံလိုက်ပါလားတဲ့ မုန့်လည်း၀ယ်ကျွေးမယ် ဆီလညထည့်ပေးစရာမလိုဘူးတဲ့ ငါဘယ်လောက်တောင်ကံကောင်းလိုက်သလဲ တွေးကြည့်စမ်း အငယ်ကောင်"