ရင်ခုန်ရလွန်းလို့
အပိုင်း(12)
"မိန်းမ "
"နင်"
လမ်းတစ်၀က်ရောက်နေပြီကိုရန်ကုန်ကသူငယ်ချင်းတွေကိုလှမ်းဒုက္ခပေးတာ..သူကိုယ်တိုင်လည်းဒုက္ခခံသည်...လေးနာရီမောင်းလာတဲ့ခရီးကို ကွေ့ပြီး၂နာရီနဲ့သူတို့ချိန်းတဲ့နေရာကိုရောက်အောင်ပြန်မောင်းတာသြချရသည်။
ငြိမ်းငြိမ်းကလည်းအသက်ကြီးပြီးစဥ်းစားဉာဏ်မရှိတာအဟုတ် ...ဒီကလေးပေါက်စကပြောတိုင်း လက်ခံစရာလား ဉာဏ်မရှိတဲ့လူလိုပဲ။ရန်ကုန်ကထွက်ထွက်ချင်းအစမှာပြန်မချစ်ရင် ကားမမောင်းတော့ဘူးဆိုပြီး လမ်းလယ်ခေါင်ကြီးမှာထိုးရပ်လိုက်တာ ငြိမ်းငြိမ်း ချစ်ပါတယ်လို့မပြောမချင်း...
ဗရုတ်သုတ်ခနဲ့ပြောလိုက်ရတာ မူချိန်တောင်မရလိုက်....ငြိမ်းငြိမ်းလည်းအစထဲကစိတ်ပါနေတာဖြစ်ချင်ဖြစ်မှာပါ။သူ့ကိုအဖြေပေးမိတဲ့အချိန်ပြန်တွေးကြည့်မိတော့ ပြုံးချင်လာရသည်...ဒီဘာမှမဟုတ်တာလေးကို။
ခရီးကမှန်းထားတာထက်ပိုကြာသွားသည် အိမ်ကို ညနေသုံးနာရီထိုးလောက်ပြန်ရောက်မည်ဟုဖုန်းဆက်သည်က အခုသုံးနာရီထိုးပြီ လမ်းပေါ်မှာပဲရှိသေးသည်.....ငြိမ်းငြိမ်းနဲ့ထွန်းလင်းရဲ့ပေါက်ကရတဇွတ်တိုးလုပ်တတ်တဲ့အကျင့်ကတူနေသည်ထင်ပါ၏။"မမငြိမ်း ကျွန်တော့်အိမ်ကိုပဲခေါ်သွားချင်တော့တယ်"
"ပိုမလာနဲ့ကောင်လေး"
ချစ်စရာကောင်းအောင်နှာခေါင်းရှူံ့ပြပြီးနူတ်ခမ်းဆူပြ၍ပြောမိတော့ထွန်းလင်းကရယ်သည်သူပြောသည်က ကလေးဆန်လိုက်တာတဲ့လေ။
အဲ့အချိန်မှာ ငြိမ်းငြိမ်းရှက်လိုက်တာဆိုတာ။"မနက်ဖြန် လာခေါ်မယ်လေ"
"ငါ့ကိုအိမ်က လမ်းပေါ်မှာပဲနေလို့ပြောတော့မှာပေါ့ အခုတောင်ကိုကိုကြီးကသိပ်သင်္ကာတာမဟုတ်ဘူး ငါ့မှာနင်နဲ့တွေ့မှပဲလှည့်ပတ်လိမ်နေရတာ"
"မတတ်တာတွေသင်ပေးတာပါမမရယ်"
"လက်ကငြိမ်ငြိမ်နေ ကားကိုဂရုစိုက်မောင်း "
လက်တစ်ဖက်ကကားစီယာတိုင်ကိုင်ပြီးနောက်တစ်ဖက်ကငြိမ်းငြိမ်းလက်ဖမိုးကိုဆွဲလိုက်စိတ်လိုက်နဲ့မို့ခနခန သတိပေးနေရသည်...။