ရင်ခုန်ရလွန်းလို့
အပိုင်း (9)
အမေက ထွန်းလင်းကိုအရင်ကတောင်တံခါးမရှိ ဓားမရှိ ၀င်ခွင့်ပြုထားတာ အခုဆိုပိုဆိုးတော့တာပဲ ....သားလေး သားလေးနဲ့ ငြိမ်းငြိမ်းက ချွေးမဖြစ်နေပြီ ဟိုတစ်ယောက်ကလည်းမျက်နှာလို မျက်နှာရတော်တော်လုပ်တတ်သည်....မရောက်ဖူးဆို ၁ပတ်ကိုလေးခေါက်လောက်ရောက်သည်။
"ငြိမ်းငြိမ်း ဒီလိုပဲအချိန်ဆွဲနေတော့မှာလား ဟိုကမေးနေပြီ"
"ဘာကိုလဲအမိုး"
"သူတို့ဘက်က ဘာပြောလို့လဲ"
"ဒဲ့ကြီးကတော့ပြောမလား ဟိုကောင်လေးကိုကြည့်ရတာ နင်နဲ့မြန်မြန်ဆောင်ချင်နေတဲ့ပုံပဲ"
"အန်တီလေးက ဘယ်သူနဲ့ ဆောင်မှာလဲ"
ကိုကိုလေးရဲ့သားက လျှံဘုန်းနိူင်ကလာစပ်စုသည်။
သူတို့သားမိသားဖတွေက ဟိုဘက်လမ်းမှာနေကြတာပါ....အိမ်ကိုအမေခေါ်မှလာလာလည်ကြတာ...အခုလည်းအမေခေါ်ထားသည်ပဲဖြစ်ရမယ်။"နိူင်နိူင်းနဲ့လေ"
"မေကြီးပြောတော့ နိူင်နိူင်းကကလေးအဖေဖြစ်သွားပြီဆို"
"မနု၀ါ!"
ကိုကိုလေးမိန်းမနမည်က နုနု၀ါ...ငြိမ်းငြိမ်းနဲ့သိပ်လက်ပေါက်မတည့်ဘူး အပျင်းထူလို့အပျိုတုန်းထဲကသဘောမတူတာ ဒါကို ကိုကိုလေးကမနုနု၀ါကို ယူချလိုက်တော့ အိမ်မှာ ငြိမ်းငြိမ်းတော့သောင်းကျန်းတော့တာပဲ။
အကို ကိုနှမျောလို့တော့ဘယ်ဟုတ်ပါ့မလဲ အပေါင်းသင်းတွေကြားထဲမှာ ငါ့ယောင်းမက မနုနု၀ါကလွဲအကုန်ဘယ်သူဖြစ်ဖြစ်ရတယ်ဆိုပြီးလေကျယ်ထားတာကြောင့်လည်းပါသည်။
မနု၀ါကလည်း ငြိမ်းငြိမ်းကို ကြည့်မရပေ...အသက်တွေကြီးလာလို့သာ စိတ်ထဲမှာမျိုသိပ်တတ်သွားကြတာ။"ဒီကလေးနင်ကတော့"
မနု၀ါက သူ့သားကိုဆူမှာဆိုးတာကြောင့် လမ်းထဲက ကလေးတွေနဲ့သွားစော့စေသည်..ဒီမိန်းမ ဘယ်တုန်းက အဲ့လိုလွတ်ဖူးလို့လဲ ချမ်းသားတဲ့အိမ်ကကလေးတွေနဲ့ပဲသွားစော့ခိုင်းတာ...ကလေးမှာ အသက်ငယ်ငယ်နဲ့ဒင်းရဲ့ဖိအားတွေကြောင့်အရပ်ကမတတ်တော့တာ။