ရင်ခုန်ရလွန်းလို့
အပိုင်း(7)
"သား အမေပြောစရာရှိတယ်"
"ဟုတ်ပြောလေ အမေ"
"သားငြိမ်းငြိမ်းကိုသဘောကျနေတာလား"
"အမေ! သဘောကျနေတာမဟုတ်ဘူး ချစ်နေတာ လေ"
"အခုပြန်လာတာကလည်း ငြိမ်းငြိမ်းနဲ့အတူရန်ကုန်သွားတာဆို"
"ဟမ် အမေဘယ်လိုသိလဲ"
"ငါမွေးထားလို့လူဖြစ်လာတာကို ဘာကိုဘယ်လိုသိလဲ လည်း"
"ဟုတ်တယ်အမေ ကျွန်တော်မတ်ငြိမ်းကိုရန်ကုန်လိုက်သွားပို့ပေးတာ အဲ့တာကလည်းသူကပို့ခိုင်းလို့မဟုတ်ဘူးနော် ကျွန်တော်ဘာသာ သွားစရာရှိတယ် လမ်းမကြုံ ကြုံအောင်လို့တမင်ပြောထားရတာ"
"ဟိုက ကလေးပေါက်စနလား နင်ကလိုက်ပို့ရအောင်"
"အမေကလည်း အဲ့လိုမှမလုပ်ရင် ဘယ်လိုလုပ် အဆင့်တက်လို့ရတော့မှာလဲ"
"ငါခေါက်ထည့်လိုက်ရ မအေအရှေ့မှာ လာပြောစရာလား...အခုရပ်ကွက်ထဲနဲ့ စျေးရုံကြီးထဲမှာ ဘယ်လို သတင်းတွေထွက်နေလဲဆိုတာ နင်သိလားဟမ်"
"ဘယ်လို ထွက်လို့လဲဗျာ ကျွန်တော်နဲ့ မတ်ငြိမ်းနဲ့ ခိုးပြေးသွားတယ်ဆိုပြီး သတင်းကထွက်နေလို့လား "
"ဟဲ့ တစ်ကယ်အဲ့လိုထွက်နေတာ"
"ဗျာ "
"မဗျာနဲ့ တစ်ကယ်အဲ့လိုထွက်နေတာ နင်တို့သွားမယ်ဆိုလည်း မြင်မြင်သာသာရှိတဲ့အချိန် သွားပါလားဟယ် အခုတော့ ခိုးကြောင်ခိုး၀ှက်နဲ့ အထုတ်ဆွဲပြီး နင်ကကားပေါ်တောင်တင်ပေးလိုက်သေးတယ်ဆို တွေ့တဲ့သူကပြောပြီးပတ်၀န်းကျင်မှာလျှောက်ဖွတော့တာပဲပေါ့"
"ဟာ အမေတို့ အန်တီရှမ်းမတို့က မပြောဘူးလား"
"ငါကပြောရအောင် နင်ငါ့ကိုအသိပေးသွားလို့လား ထွန်းလင်းရွှေရောင်ရဲ့ ဟင်းနော် ဟင်း "
"အဲ့ ...အဲ့တော့ အခုက"
"ဘာအဲ့တော့လည်း တစ်ဖက်မိန်းကလေးရဲ့သိက္ခာလည်းရှိသေးသည့်အပြင် မိန်းမကောင်းလေးမို့ သွားမြန်းထားလိုက်တယ်ပေါ့ဟဲ့ မင်းလည်းချစ်နေတယ်ဆို"