ရင်ခုန်ရလွန်းလို့
အပိုင်း (15)
ပထမဆုံးပွဲက မမတို့အိမ်မှာဆွမ်းကျွေးမင်္ဂလာပွဲ။
ပထမဆုံးပွဲဆိုတော့ ထွန်းလင်းမှာ ရင်အခုန်လွန်ပြီးတောင့်တောင့်ကြီးဖြင့်။
သူငယ်ချင်းတွေက၀ိုင်းစကြသေးသည် နောက်ပွဲတွေအတွက် အတွေ့အကြုံရှိအောင် လေ့လာထားတဲ့လေ..ထွန်းလင်းဘယ်လောက်တောင်များလဲဆို မမကိုယ်တိုင်က စိတ်ကိုလျှော့ထားပါအုန်းလို့ပြောယူရသည်အထိ...ဒါတောင်မင်္ဂလာဦးဆွမ်းကျွေးပဲရှိသေးသည်။နေ့ခင်းဆယ်နာရီလောက်တော့ ဧည့်သည်တွေလည်း မရှိတော့ဘူးမို့ လူကြီးတွေက သူတို့ကိုအ၀တ်အစားတွေလဲပြီးအနားယူခိုင်းတော့သည်။
မငြိမ်းက မင်္ဂလာပွဲတွေအကုန်ပြီးမှနှစ်ယောက်နေမည့်အိမ်မှာလိုက်နေမှာလို့တောင်းဆိုထားတာကြောင့်ထွန်းလင်းမှာ မင်္ဂလာပွဲတွေအများကြီးလုပ်ပေးတဲ့အမေ့ကိုသာ ပြောလိုက်ချင်တော့သည်။ဒုတိယပွဲက ခန်းမမှာဖြစ်တာကြောင့် နှစ်ဖက်ဧည့်သည်တွေအကုန်လာကြသည်....မတ်ငြိမ်းကော ထွန်းလင်းကော ထိုင်တောင်မထောင်ရ ဧည့်သည်တွေကြားထဲတစ်၀ဲလည်လည် ..ဆွေမျိုးပေါလိုက်လေခြင်း ...မင်္ဂလာဘိတ်သိပ်ဟောမှထိုင်ရတော့သည်...ဘိတ်သိပ်ဆရာကတောင်ပြောသည်ဒီမင်္ဂလာပွဲလောက်သတိုးသားနဲ့ သတိုးသမီး မထိုင်ရတာတဲ့ပွဲ သူ့သက်တမ်းတစ်လျှောက်မြင်ကိုမမြင်ဖူးဘူးတဲ့လေ။
ခန်းမမှာပဲ နှစ်ဖက် အေ၀းကအဒေါ်တွေနဲ့ဦးလေးတွေကို ကန်တော့ရ၊ နှစ်ဖက် မိဘတွေကို ကန်တော့ ပြီးတော့ သတိုးသမီးမိဘကန်တော့ ၊သတိုးသားမိဘ ကန်တော့နဲ့ အချိန်ကတော်တော်ကြာသွားတော့သည်။
ကိုသုတက အမရဲ့မင်္ဂလာပွဲမှာသူရိုက်ပေးချင်သည်ဟုလူကြီးတွေကို တစ်တွင်တွင်ပြောသောကြောင့် နောက်ဆုံးမှာရိုက်ခွင့်ရခဲ့သည် ...အမှတ်တရလေးတွေဖန်တီးချင်လို့ပါတဲ့လေ။
လူကြီးတွေကတော့ သတိုးသမီးမောင်မို့ဧည့်ခံမည့်နေရာတွင်ပဲ တိုက်ပုံ၀တ်ပြီးထိုင်စေချင်သည် မတ်ငြိမ်းတို့မောင်နှမတွေက လုပ်ချင်ပြီဆိုတစ်ဇွတ်ထိုး မမငြိမ်းတို့ညောင်းနေမှာသေချာသည် ...ဒေါက်မ၀တ်ပါနဲ့ဆိုတာကို လှချင်သည့်အမကြီးက ဘယ်သူတားတားမရ။