ရင်ခုန်ရလွန်းလို့
အပိုင်း(11)
"ထွန်းလင်းရွှေရောင်"
" စတာ စတာ စား စိတ်တိုနေရင်အမြဲချစ်ဖို့ကောင်းနေတော့တာပဲကျွန်တော့်မမက"
ပြိုင်မငြင်းချင်တော့ဘူးငြိမ်းငြိမ်းအသံတိတ်သာနေလိုက်တော့သည် ဒီထက်ဆက်ပြောနေရင်သူသေကိုယ်ကျေထချဖို့ပဲရှိတော့မည်။ရှက်တာလည်းပါသည်။
"ညကျရင်ညစျေးသွားရအောင် street foodပတ်စားကြမယ်လေကျွန်တော်ညဘက်မလည်ရတာကြာပြီ"
"ညကြီးမိုးချုပ်အပြင်မထွက်ချင်ပါဘူး"
"မတ်ငြိမ်း..ဗျာလိုက်ခဲ့ပါကျွန်တော်ကအတူတူသွားချင်တာ မင်္ဂလာပဲဆောင်ရတော့မယ်"
"စကားထဲကအသားလာမယူနဲ့ထွန်းလင်းရွှေရောင်"
စိတ်ညစ်စရာတွေအသက်ငယ်တဲ့ဒီကောင်လေးကိုဘယ်လိုနည်းနဲ့မှအိမ်ထောင်ဖက်အဖြစ်စိတ်ကူးလို့ကိုမရသေးဘူးအခုချိန်ထိ။
"မြန်မြန်စားမတ်ငြိမ်းကျွန်တော်ပြောစရာရှိတယ်"
"ဒီမှာပဲပြောလိုက်ပါ ဘာအရေးကြီးနေလို့လဲ ထမင်းလေးတော့အေးဆေးစားပါရစေ"
မျက်စောင်းထိုး၀ိုင်းတွင်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လေးတွေပဲရှိလောက်အုန်းမည်rapper ဦးထုပ်လျှာ၀ိုင်းတွေကိုမှ အပေါ်ကဟူဒီတွေဆိုတာအထပ်လိုက်ဖြင့် ဂျင်းဘောင်းဘီပွပွကြီးတွေကတရွတ်တိုက်နေပြီး ဆိုင်ထဲမှာတောင် ဦးထုပ်မချွတ် ကျောပေါ်မှာကမူကြိုကလေးတွေလွယ်တဲ့ကျောပိုးအိတ်တွေနဲ့မျက်စိထဲမှာတစ်နေရာမှကိုထောင့်မကျိုး။
မတ်ငြိမ်းကကျောပေးထားတာမို့အေးအေးလူလူ မြင်နေရတဲ့သူမှာတော့အသည်းတယားယား...ယောကျာ်းလေးတွေကြီးခုနစ်ယောက်ရှစ်ယောက်လောက်ကတီးတိုး တီးတိုးနဲ့မတ်ငြိမ်းရဲ့နောက်ပိုင်းအလှကိုအရသာခံကြည့်နေတာသရေတမျှားမျှားနဲ့။
ထွန်းလင်းလည်းအိုစာနေတဲ့အထဲတော့မပါပါဘူး...လူငယ်ဘ၀ကိုအထိုက်အလျှောက်ဖြတ်သန်းခဲ့တာပဲ...ဒီကလေးတွေလောက်ကတော့ဗရုတ်မကျ။
"ပြန်မယ် ထ"
"ထွန်းလင်း ငါစားလို့မပြီးသေးဘူးနော်နင်ဘာဖြစ်နေတာလဲ"