ရင်ခုန်ရလွန်းလို့
အပိုင်း(13)
ညနေရန်ကုန်ပြန်တက်ရမှာမို့ မမငြိမ်းကိုအသိပေးရအုန်းမည်....အရင်ထားခဲ့သည့်ရည်းစားတွေတုန်းကဒီလိုပြောဖို့အေ၀းကြီး သူတို့မှာထွန်းလင်းကို မနည်းဖမ်းနေရသည်။
တူတာလည်းမတူဘူးလေ အရင်ကရည်းစားတွေကို အခုကယူမဲ့မိန်းမလေ။အိမ်ကိုတန်းမပြန်ပဲမတ်ငြိမ်းအိမ်ကို၀င်ရန်ဆုံးဖြတ်လိုက်သည်။
"တစ်ကယ်ပါပဲအိမ်ကိုတန်းတန်းမတ်မတ်ပြန်မယ်မရှိဘူးဟိုအိမ်၀င်ဒီအိမ်ထွက်နဲ့ပြန်တော့"
"ကျွန်တော်၁ပတ်လောက်ရန်ကုန်မှာကြာမှာလေ လိုက်ခဲ့ပါလား"
"ရူးနေလား ထွန်းလင်းရဲ့ငါ့ကိုအိမ်ကပြောမှာပေါ့"
လက်မြန်သူပီပီ လက်မောင်းကိုဖက် ကနဲပင်ရိုက်လိုက်တာ။"ဟဲ့ စကားပြောနေရင်ပါးစပ်ကပဲပြောလက်ပါမလာနဲ့ ဟွန်း နော် ဟွန်း"
ထွန်းလင်းတို့စကားပြောနေတာအိမ်ရှေ့ပန်းရုံဘေးနားမှာထိုင်ပြီးစကားပြောနေကြခြင်း ယောက္ခမကြီးကထမင်းပြန်စားတာနဲ့တူပါသည် မတ်ငြိမ်းကအရိုက် ဟိုကအ၀င်လာနဲ့တိုးတော့ ချစ်သူလေးကဆူခံရရော။
"နူတ်ခမ်းကြီးဆူမနေနဲ့လေ မမရယ်အမေကချစ်လို့ပါကျွန်တော့်ကို
သူ့သားမက်လေး တော်ကြာမင်္ဂလာမဆောင်ရခင် ကျိုးပဲ့ကုန်မှာစိုးရိမ်လို့နေမှာပေါ့ ""ထွန်းလင်းနော်"
"လိုက်ခဲ့ပါလား မမရယ် မတွေ့ရရင်မနေနိုင်ဘူး "
"ဘယ်အချိန်သွားရမှာလဲ ပြင်စရာရှိတာပြင်တော့လေ"
"ဘာမှပြင်စရာမရှိပါဘူး သွားမှာက ညနေခြောက်နာရီလောက်မှသွားမှာ"
မတ်ငြိမ်းပါလို့သာအရင်အခေါက်တွေတုန်းကပြာယာခက်နေတာ သူ့တစ်ယောက်ထဲသွားရင် အင်္ကျီဂျိုင်းပြတ်နဲ့သွားရင်လည်းသွားတာ ဘယ်မှာမှမရပ်ပဲတစ်ရှိန်ထိုးမောင်းတာ။"ညဘက်ကြီးကို "
"အရေးကြီးတာမှာရအုန်းမယ် ဟိုကိုရောက်ရင်ဖုန်းဆက်ရင်လည်းကိုင်နော် စာပို့ရင်လည်းမသိချင်ယောင်ဆောင်မနေနဲ့ "