ရင်ခုန်ရလွန်းလို့
အပိုင်း(8)
ဒီလိုနဲ့ သူမနဲ့ထွန်းလင်းကနောက်၀ါကျွတ်ရင် လက်ထပ်ကြမည်ဟု ရပ်ကွက်ထဲတွင်သတင်းကြီးနေတော့သည်။
နေရင်းထိုင်ရင်းယောကျာ်းရတယ်ဆိုတာ ငြိမ်းငြိမ်းမှငြိမ်းငြိမ်းအစစ်။
"ဟယ် အပျိုကြီးတို့စွံပြီဆိုတော့ အပြတ်အသတ်ကိုပြင်ထားတော့တာပဲနော်"
ငြိမ်းငြိမ်း အရင်နေ့တွေကလိုပါပဲ သနပ်ခါးလိမ်းကာ ဆံပင်စည်းထားခြင်း...အယ့် ဒါပေမဲ့ တစ်ခါတစ်လေ စည်းလေးရှိတဲ့ ခပ်မြင့်မြင့်လေးစည်းထားခြင်း...အရင်နေ့တွေကလည်းစည်းဖူးပါသည် ရံဖန်ရံခါ။တစ်ချို့ကြပြန်တော့လည်း...
"တို့ငြိမ်းငြိမ်းတို့ကတော့ ရမဲ့ယောကျာ်းကလည်း ငယ်ငယ်ချောချောလေး နောက်ခံကလည်းအပြည့် ရွေးတတ်တယ်နော် "
သူ့သမီးတွေဘက်ကိုလည်း ညည်းတို့မတ်ငြိမ်းကိုကြည့်ပြီးအတုယူဟုဆိုကာ လက်ညိုးဖြင့်ထိုးထိုးပြတတ်သည်။နေ့ပြန်တိုးအကြွေးတွေသွားကောက်ရင်ဒီစကားတွေက တိုးတိုး တစ်မျိုး ကျယ်ကျယ်တစ်မျိုးကြားနေရသည်။
သူများယောကျာ်း မယားရှိမိန်းမကိုလည်းသွားပတ်သတ်ထားတာမဟုတ် လူပျိုလူလွတ် ကိုမှ ၂၀ကျော်နုနုထွတ်ထွတ်လေးကိုရထားတာဆိုတော့ မလိုပြီးအူတွေပုပ်ပွနေကြပြီထင်ပါရဲ့ဒင်းတို့တွေ သူငယ်နှပ်စား တစ်ဆယ့်ရှစ်နှစ် တစ်ဆယ့်ကိုးနှစ် ကလေးတွေလိုများ အဲ့လိုအသံတွေကြားရရင် ပြန်လှည့်ပြေးမဲ့မိန်းမစားထဲ ပါမယ်များမှတ်နေသည်လား ဟွန်း ငြိမ်းငြိမ်းတို့ကတော့ ဂရုကိုမစိုက်တာ။
"မတိုးနီ ရှင်ပေးရမဲ့ ဟာဘယ်မလဲ ဟိုလကလည်းမပေးဘူးနော် ရှင့်ရဲ့ကလေးတွေကိုသနားလို့ နေ့တိုးကော လတိုးကောပေးထားတာ ဒါကိုဟိုပတ်ရွေ့ ဒီပတ်ရွေ့ လုပ်လို့ရမယ်များမှတ်နေတာလား ပေး ခုလိုချင်တယ် ကျွန်မ"
"ငြိမ်းငြိမ်း ညီမလေးရေ အမဒီလတော့မဖြစ်နိုင်သေးလို့ပါ......"
"တိတ် အဲ့နားမှာတင်ရပ် ဆက်မပြောနဲ့ ရှင်တို့က ကျောလို့ရလို့ကျောနေတာ ရှင်တို့မိဒွေး ဒေါ်ချစ်စုကိုလုပ်ရဲလားဟမ် မိငြိမ်းငြိမ်းတို့ကိုတော့ ငါလုပ်သမျှခံတယ်ဟဲ့ စောက်အ ကြီးများမှတ်နေတာလား အဲ့ဒေါ်ချစ်စုကို ရှင်အတိုးမှန်မှန်ပေးနေတာ ကျွန်မသိတယ်နော် အခုချက်ချင်းလိုချင်တယ်ပေး....မပေးနိုင်ရင် အိမ်ပေါ်က ကျွန်မငွေတန်ဖိုးနဲ့ ညီသမျှ အကုန်ယူသွားမှာ ပေးမှာလား မပေးဘူးလား"