ရင်ခုန်ရလွန်းလို့
အပိုင်း(10)
"ဒီကောင်..."
အစည်းေ၀းမှာသာငုပ်တုပ်ထိုင်နေရတာ စိတ်က .............
ကားထဲမှာကျန်နေခဲ့တဲ့မမစီမှာ....တစ်နာရီမျှထိုင်ပြီးအစည်းေ၀းလည်းပြီးသွားခဲ့သည်။
ထွန်းလင်း ကားသို့သွားရန်ထမည်လုပ်နေသောကြောင့်သူငယ်ချင်းတွေမှာမနည်းဆွဲထားရသည်။"နေပါအုန်းကွာထွန်းလင်းရာ ဖြေးဖြေးပေါ့ အသည်းအသန်ကွာမင်းက ဖင်တကြွကြွနဲ့"
"ကားထဲမှာအသိတစ်ယောက်ကျန်နေခဲ့လို့ နောက်မှဆုံမယ် လာဆိုလို့လည်းလာပေးပြီးပြီဟေ့ယျောင်"
ကတိုက်ကရိုက်ခပ်သုတ်သုတ်ခြေလှမ်းတွေနဲ့အစည်းေ၀းခန်းထဲကထွက်သွားသည့်ထွန်းလင်းရွှေရောင်။
သူငယ်ချင်းတွေမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ထွန်းလင်းကိုမေတ္တာ၀ိုင်းပို့နေကြတော့သည်။ကားထဲကငြိမ်းငြိမ်းမှာ ဘယ်လိုမှမဟန်တော့ ...နဖူးပေါ်ချွေးစည်းတွေစီးကျနေသည်...
"ဟာ မတ်ငြိမ်း မမဘာဖြစ်တာလဲဟင်"
"ငါ အရမ်းမောနေပြီ အင့်နေလို့မကောင်းဘူး ဗိုက်ထဲမှာအရမ်းပြည့်နေတယ်"
ပျော့ခွေကာ လေသံတိုးတိုးလေးပဲထွက်လာတော့သည်မတ်ငြိမ်း အခြေနေမဟန်တော့...
ခြေမကိုင်မိ လက်မကိုင်မိနဲ့ထွန်းလင်းနီးစပ်ရာဆေးခန်းတစ်ခုကိုအမြန်မောင်းရတော့သည်။တော်သေးသည်က နေ့လည်နေ့ခင်းဘက်မို့လူကသိပ်မရှိ တစ်ခါထဲဆရာ၀န်နဲ့တွေ့ရသည်...ထွန်းလင်းကိုဘာဖြစ်တာလဲမေးလို့ ဗိုက်အရမ်းအင့်သွားလို့ လို့ပဲဖြေလိုက်ရသည်...သူမှသေသေချာချာမသိတာလေ။
"ဆေးတစ်လုံးသွင်းပေးထားတယ်နော် ခနတော့စောင့်လိုက်အုန်း"
"ဟုတ်ကဲ့ဗျ "
"အစာအိမ်ရှိတာလား"
"ဗျာ"
"လူနာမှာလေ အစာအိမ်ရောဂါရှိတာလားလို့"
"ကျွန်တော်မသိဘူးဗျ"
"အစာအိမ်ရှိတယ်ဖြစ်မယ် ဂရုစိုက်ပါ"
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒေါက်တာ"