အပိုင်း(16)

6.2K 139 8
                                    

ရင်ခုန်ရလွန်းလို့

အပိုင်း(16)

မနက်ဖြန်မှDinnerညပွဲက ...အခုထဲကတစ်အိမ်တည်းအတူတူလာနေခိုင်းတဲ့လူကြီးတွေကိုလည်းနားမလည်နိုင်တော့....အဲ့ထွန်းလင်းကလည်းအာပလာ ပြောတော့ဖြင့် မမသဘောဖြစ်စေရမယ်တဲ့ ...အခုဒါကသက်သေပြန်လာရဲပြန်လာကြည့်တံခါးကိုဖွင့်ပေးမနေဘူး ဟွန့်။
%%%%%%%%%%%%%%%
ထွန်းလင်းမှာ ၀ိုင်းမှာသာထိုင်နေရတာ ဖင်တကြွကြွ ...ကိုညီညီတို့ကလည်းစ...ဟိုဒူးမနာသားသူငယ်ချင်းဆိုတဲ့ကောင်တွေကလည်းစနဲ့  ထိုင်တာ ထိုင်နေရတာ ကိုသုတကိုမျက်လုံးချင်းဆုံအောင်မကြည့်ရဲ ......ဘာကိုကြောက်လို့ကြောက်မှန်းကိုမသိတာ ...ကိုသုတရဲ့အကြည့်ကြောင့်ဆိုပိုမှန်ပါလိမ့်မည်။

ညဆယ့်နှစ်နာရီထိုးဖို့ ငါးမိနစ်အလို...

ကိုသုတကလည်းလုံး၀မထ သောက်လည်းမသောက် တစ်ကယ်ကို၀ိုင်းထဲမှာ ငူငူကြီးထိုင်နေတာ တစ်ခြားသူတွေဟာသပြောတဲ့အခါလည်းမရယ်...၀ိုင်ူမသိမ်းမချင်းထပြန်မည့်ပုံလဲမပေါ် ။

နောက်ဆုံးမနေနိုင်တော့သည့်ကိုညီညီက၀ိုင်းသိမ်းရန်ဆော်အောတော့မှာသာ ညတစ်နာရီမှအကုန်ပြန်ကြတော့သည် ...ထွန်းလင်းမှာ မတ်ငြိမ်းကိုသာစိတ်ပူနေရတော့သည် အမေ့ရွှေဆိုင်က၀န်ထမ်းမိန်းကလေးနှစ်ယောက်ကိုလွှတ်ထားတာကြောင့် စိတ်ပူစရာဖြစ်မှာမဟုတ်မှန်းသိနေပေမဲ့လည်းထွန်းလင်းမှာရင်မအေးနိူင်။

ထွန်းလင်းတို့မင်္ဂလာဦးအိမ်နဲ့ မြို့ပြင်ကclubနဲ့ကပုံမှန်မောင်းနေကြတစ်နာရီကျော်ကျော်လောက်တော့ဆိုင်ကယ်ဖြင့်မောင်းရသည်။
လေးဆယ်ငါးမိနစ်လောက်ဖြင့်ရောက်အောင်မောင်းကာပြန်လာတော့ လမ်းမှာပဲရှိသေးသည့်ကိုညီညီက ဖုန်းဆက်ကာလှမ်းဆဲတော့သည်။ သူတို့ဆိုင်ကယ်တွေကိုအကုန်ကျော်တက်ခဲ့တာကို။

ထွန်းလင်းမှာ ကိုညီညီတို့ အတင်းတိုက်တဲ့ခွက်မှန်သမျှအကုန်သောက်ရတဲ့အပြင် မတ်ငြိမ်းကိုရပြီဆိုသည့်အသိဖြင့်အူမြူးနေတာကြောင့်တစ်ခွက်ပြီးတစ်ခွက်သောက်ထားတော့ အခုမှအာာနိသင်ကစပြလာတော့သည် ခြေလှမ်းတွေမှန်အောင်မနည်းလျှောက်နေရသည်....
အနံ့တွေမွှန်ထူနေတာကြောင့်အသစ်စက်စက်ဇနီးလေးမငြိုငြင်ခင်ရေအရင်သွားချိုးရသည် ...အအိပ်စက်တဲ့ငြိမ်းငြိမ်းမှာသူအခန်းခဲစ၀င်လာထဲကအနံ့တွေကြောင့် နိုးသွားတော့သည်။
လူကိုလာစိုက်ကြည့်ပြီး ရေချိုးခန်းထဲ၀င်သွားတော့မှသာသက်ပျင်းဟင်းခနဲချနိုင်တော့သည် အရက်နံ့ကိုမရအောင်အသက်အောင့်ထားရသည်မှာလွယ်တော့မလွယ်လှ။

ရင်ခုန်ရလွန်းလို့✅✅✅Tempat cerita menjadi hidup. Temukan sekarang