ရင်ခုန်ရလွန်းလို့
အပိုင်း(1)
"မိုးမိုးရာ ယောကျာ်းမယူချင်ပါဘူးဆို "
"ဟဲ့ နင့်အသက်လည်းပြန်ကြည့်အုန်း ငါနင့်ကိုမွေးထားရတာ ဒီလောက်ပြောရဆိုရခက်မယ်မှန်းမသိတာ တစ်ကယ်အေ
အကြီးနှစ်ယောက်ကော နင့်အောက်ကအငယ်တစ်ယောက်ကိုကောငါတစ်ခွန်းဆို တစ်ခွန်းပဲ နင်ကြမှပဲ ဘာလို့စကားကိုပြောရဆိုရလက်ပေါက်ကပ်နေတာလဲငြိမ်းခက်ခက်နိူင် ရဲ့ ဟမ်""မိုးမိုးကလည်း ဘာလို့ယောကျာ်းအတင်းပေးစားချင်နေရတာလဲ ငြိမ်းမှမယူချင်တာ"
"ဟဲ့ မိန်းကလေးဆိုတာ ...."
"ဟာ မိုးမိုးရာ ငြိမ်းအတိုးသွားကောက်တော့မယ် သွားပြီ"
" မိုး... ငြိမ်းငြိမ်းကိုမပြောပါတော့နဲ့ သူ့ဟာသူ အဆင်ပြေသလိုနေပါစေ ပြီးတော့
ငြိမ်းငြိမ်းက....""အလတ်ကောင် နင့်ညီမဘက်က ကာမနေနဲ့ နင့်မိန်းမနဲ့ညနေကြရင် မုန့်လာစားဦး မိုးအုန်းနို့ခေါက်ဆွဲချက်မှာ"
"အမေတို့များ ငြိမ်းငြိမ်းဟိုဟာဖြစ်တယ် ငြိမ်းငြိမ်း ဒီဟာဖြစ်တယ်နဲ့ ပြီးရင် သူ့သမီးအကြိုက်တွေကြီးပဲ သားမှခေါက်ဆွဲမကြိုက်တာ"
"မကြိုက်လည်းလာခဲ့ ငါသုတ်ပေးမယ်"
"ဟုတ်ကဲ့အမေ သားသွားပြီ"
"အေးအေး ကောင်းကောင်းသွားဦးနော် "
ငြိမ်းတို့က ပအို့၀်ဗမာ ကပြား အမေက ပအို့၀် ဒါပေမဲ့ ငယ်ငယ်ထဲကဗမာတောထဲမှာကြီးပျင်းခဲ့တာဆိုတော့ ပအို့၀်စကားတစ်ခွန်းမှတော့မတတ်....ဒါပေမဲ့ မိုးမိုးက ငြိမ်းတို့မောင်နှမတွေအကုန်ကို စကားစမပြောတတ်ခင်တည်းက မိုးမိုး=အမေ ဆိုပြီသင်ပေးထားတာကြောင့် ငြိမ်းတို့ကအခုချိန်ထိ မိုးမိုးလို့ခေါ်တုန်းပင်.....
"ငြိမ်းရေ ညီမလေးလာ အမကမျှော်နေတာ "
"ထူးထူးဆန်းဆန်း ဘာကိစ္စများလဲ အရင်နေ့တွေကတော့ ပတ်ပုန်းနေရပြီးတော့ "
"အဟဲ ညီမလေးငြိမ်းကလည်း ပြီးခဲ့တာတွေပြီးပါစေတော့ အခုအမ မနေ့ကချဲ၂၀၀၀ဖိုးပေါက်တာအမ ငြိမ်းငြိမ်းအတွက် တမင်ကို ဖယ်ထားပေးတာ ရော့ ရေကြည့်ပါအုန်း"