မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ ၄

5 1 0
                                    

" ကောင်းကင်မာန်.....ကောင်းကင်မာန် "

သွေးတယောက် Condo ထဲသို့ရောက်သည်နှင့်တပြိုင်နက် မာန့်ကိုလိုက်ရှာနေမိသည်။သွေး အနေနဲ့password
ကလည်းသိပြီးသားမို့ တံခါးမရှိ၊ဓားမရှိ
ဝင်ရုံပါပဲ။အိပ်ခန်း၊ဧည့်ခန်း၊မီးဖိုချောင် အကုန်လုံးကိုရှာကြည့်နေပေမဲ့ မာန့်ကိုဘယ်နေရာမှာမှရှာမတွေ့ပါ။

" ငါ ဒီမှာ "

" မာန် ......မင်း..... "

ရေချိုးခန်းထဲကနေ bathrobeအဖြူဝတ်ပြီးထွက်လာတဲ့ မာန်။သူ့ညာဘက်လက်တွင်လည်းပတ်တီး စည်းထားတာကိုတွေ့လိုက်ရတာမို့ သွေး စိတ်ပူသွားသည်။

" မင်းလက်က ဒဏ်ရာရထားတာလား "

" နည်းနည်းထိသွားရုံပါ၊ဘာမှမဖြစ်ပါဘူး "

" ဘာမှမဖြစ်ဘူးသာဆိုတယ်။လက်ကရောင်ကိုင်းနေတာပဲ "

" ဒီလောက်ကတော့ အေးဆေးပါ "

" ဆေးထည့်ပြီးပြီလား "

" မထည့်ရသေးဘူး "

" ထင်တဲ့အတိုင်းပဲ၊မင်းအခန်းထဲမှာ ဆေးသေတ္တာရှိတယ်မလား "

" အင်း "

" Chefတယောက်ဖြစ်ပြီး ကိုယ့်လက်ကိုဘာလို့ဂရုမစိုက်တာလဲ။ဘယ်လိုဖြစ်လို့
ဒီလောက်အများကြီး ထိခိုက်သွားရတာလဲ "

" ဘာလဲ၊ငါမင်းကြိုက်တဲ့ pasta လုပ်
မကျွေးနိုင်တော့မှာ စိုးရိမ်နေတာလား "

"ကောင်းကင်မာန်....ငါအတည်ပြောနေတာ "

" ငါလည်း အတည်ပြောနေတာလေ "

" မင်းနဲ့ ပြိုင်မငြင်းတော့ဘူး၊လေကုန်တယ် "

" ဆေးထည့်လက်စနဲ့ ပခုံးကိုပါတခါတည်းထည့်ပေး "

" ဘယ်ဘက် ပခုံးလဲ "

" ညာဘက် "

သွေး မာန့်ပခုံးကဒဏ်ရာကိုဆေးထည့်ပေးဖို့ bathrobe ကိုအနည်းငယ်ဟလိုက်တော့သူ့ညာဘက်ပခုံး တခုလုံးက ပါညိုမဲကာ ရောင်ရမ်းနေသည်။ဒီကောင်
ဒီလောက်ဖြစ်နေတာကို ဆေးခန်းသွားမပြဘဲနေနိုင်သေးတယ်။

" ခုချက်ချင်းဆေးခန်း သွားရအောင်၊မင်းဒဏ်ရာက မသေးဘူး "

" ဒီလောက်လေးကို ဆေးခန်းသွားစရာမလိုပါဘူး။ရေခဲကပ်လိုက်ရင် ရတယ် "

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now