မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ ၆

2 1 0
                                    


🍛Food & Love Resturant🍝🍲

အဆင့်မြင့်စားသောက်ဆိုင်ဆိုတဲ့အတိုင်း Classicဖြစ်တဲ့ အပြင်အဆင်တွေနဲ့ပြင်ဆင်ထားသော်လည်းလူငယ်တွေအကြိုက်နဲ့ညီအောင်ပါ လုပ်ထားသည်။
Menu အသစ်လုပ်တာစိတ်တိုင်းမကျသေးတာမို့ သူလိုချင်တဲ့ပုံစံရသည်အထိကောင်းကင်မာန် တယောက် မပြန်နိုင်သေးပါ။အလုပ်လုပ်ရင် သူလိုချင်တဲ့ပုံစံ၊အရသာမရမချင်း ဖြစ်အောင်လုပ်တတ်တာက သူ့အကျင့်တခုပေါ့။ရုတ်တရက်
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မိုးကြောင့်ရာသီဥတုက အုံ့ဆိုင်းလာသည်။

" မင်းတို့ ပြန်နှင့်လိုက်တော့လေ...သူရိန်။ငါပစ္စည်းတွေ စစ်လိုက်ဦးမယ် "

" အေး၊အရမ်း နောက်ကျတဲ့အထိမနေနဲ့ဦး "

" အင်း "

" ဟိုမှာ... ရဲရင့်သွေး မလား "

" ဟင် "

ဆိုင်ရဲ့မျက်နှာချင်းဆိုင်လမ်းမဘက်ကနေ သူ့ကိုလက်ပြကာပြုံးပြနေတဲ့သွေး ကိုမြင်လိုက်တာမို့ ဆိုင်ရဲ့အနောက်ဘက်ထောင့်နားရှိခြင်းထဲမှထီးကိုယူကာ မိုးရွာထဲတွင်ရပ်နေသော သွေးဆီကိုပြေးသွားလိုက်သည်။

" ထီးဆောင်းထား.....အအေးမိလိမ့်မယ် "

" မင်းလည်းဆောင်းလေ....မာန် "

" ငါက ဘာမှမဖြစ်ဘူး။မင်းကသာ အအေးမိလွယ်တာ "

" တကယ်ပဲ....ငါ့အကြောင်းအကုန်သိတာ မာမားနဲ့မင်းပဲရှိတယ် "

" ဆိုင်ထဲ ဝင်ရအောင် "

" အင်း "

မာန်တယောက် သွေးကိုခေါ်ပြီးဆိုင်ထဲသို့ပြန်ဝင်လာတဲ့အခါအသစ်ခန့်ထားတဲ့ ဆိုင်ဝန်ထမ်းကောင်လေး၊ကောင်မလေးအချို့က သွေးကို မသိမသာငေးကြည့်နေကြသည်။ဒူးလောက်ရှည်တဲ့အနက်ရောင်ဘောင်းဘီအပွနဲ့ အပြာရောင် လက်ရှည်အင်္ကျီကို ခါးကြားထဲထည့်ဝတ်ထားတာမို့ သွေးရဲ့ခါးသိမ်သိမ်လေးကပေါ်နေသည်။ဝန်ထမ်းတွေကို ပြုံးပြကာနှုတ်ဆက်နေတဲ့ သွေး။သူ့ဝန်ထမ်းအကုန်လုံးက သွေးကိုချစ်ဖို့ကောင်းတယ်ဟုမှတ်ချက် ပေးနေကြသည်။ငါ့အနေနဲ့သဝန်တိုတယ် ပြောရအောင်လည်း မင်းကငါ့အပိုင်မှမဖြစ်သေးတာ။သူရိန် ကတော့သူသဝန်တိုတာကို ရိပ်မိနေတာမို့စပ်ဖြီးဖြီး လုပ်ပြနေသည်။

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now