မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ ၃

1 1 0
                                    

" ကောင်းကင်မာန်....မင်းကလက်စသတ်တော့ ဒီလက်ကောက်ကို အကြံနဲ့ပေးထားတာကို "

" တိုက်ဆိုင်သွားတယ်လို့ မှတ်လိုက်ပါ "

"  ဘာကိုတိုက်ဆိုင်တာလဲ "

အရင်နေ့က သွေးကိုလက်ဆောင်ပေးထားတဲ့လက်ကောက်နဲ့ တပုံစံတည်းတူတာကိုဆင်တူဝတ်ထားတဲ့ မာန်
ဒါတင်မက သူနဲ့ဆင်တူ polo shirt
ကိုပါ ဝတ်ထားရသေးသည်။ဒီကိစ္စပြီးရင် မင်းငါ့ကိုကောင်းကောင်း ကျေးဇူးဆပ်ဖို့သာပြင်ထားပေတော့။

" သွေး..ဒီအင်္ကျီကမင်းနဲ့လိုက်သားပဲ "

" မင်းကြီးတော်မို့ လိုက်ရမှာလား။ငါနဲ့ ဒီလောက်ကြီးနေတာကို "

" ဘာလို့လဲ ချစ်ဖို့ကောင်းတာကို "

" ယွန်းဝတီ ရောက်လာရင်ငါဘာပြောရမှာလဲ..မာန် "

" ဘာမှမသိပ်ပြောစရာ မလိုဘူး။ငါ့ဘေးမှာနေပြီးငါ့လက်ကိုပဲ ကိုင်ထား "

" ​မင်းပြောတော့ လွယ်နေတာတာပဲ "

" ငါ့ကိုယုံလိုက်စမ်းပါ....သွေး ရာ "

" မင်းက တော်တော်ယုံချင်စရာကောင်းတာစရာဆိုတော့ "

🛎️တင်းတောင်.....တင်းတောင်🛎️

" အချိန်မီ ရောက်လာတာပဲ၊မိတ်ဆက်ပေးရဦးမယ်။ဒါကိုယ့်ရဲ့ချစ်သူ
ရဲရင့်သွေး တဲ့ "

" ဟုတ်။ ညီမနာမည်က ယွန်းဝတီ ပါ "

" ဟုတ်။တွေ့ရတာ ဝမ်းသာပါတယ်..
ရဲရင့်သွေးပါ "

ပန်းနုရောင်blouseနဲ့ ၊ အဖြူရောင် jeanကိုတွဲဖက်ဝတ်ထားတဲ့ သူမကငယ် ရွယ်ပြီး ချစ်ဖို့ကောင်းတဲ့ကောင်မလေးတယောက်ပါ​။ကောင်းကင်မာန် မင်းမို့လို့ဂျီးများနေတာ။အရေးထဲသူတို့ နှစ်ယောက်က တော်တော်ကြာသည်အထိ ဘာမှဆက်မပြောဘဲ မတ်တပ်ရပ်နေကြသည်မို့ ကြားထဲကကိုယ်ကပါမတ်တပ်ရပ်နေရသည်။ပြီးတော့ယွန်းဝတီရှေ့မှာသူ့လက်ကို  မလွှတ်တမ်းကိုင်ထားတဲ့ကောင်းကင်မာန်။တကယ်ကို စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေပဲ။

" ထိုင်ပြီး စကားပြောကြရအောင်လေ။ဘာသောက်မလဲ ညီမ "

"  ရပါတယ်။ယွန်း ကဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ် "

မင်းဖန်ဆင်းတဲ့ ရင်ခုန်သံWhere stories live. Discover now