" ဒီအဝတ်အစားတွေက.... "
" ဒါတွေကသားဝတ်ဖို့အတွက်လေ....
နေ့သစ် "" ဒီလောက်အများကြီး ဝယ်ပေးဖို့မလိုပါဘူး။ဒေါ်လေးသန်း ကလည်း "
" မနေ့က သူဌေးလေးကောင်းကင်မာန် ကဒေါ်လေးကိုဖုန်းဆက်ထားတယ်။သားအတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို သေချာဝယ်ပေးလိုက်ပါဆိုပြီးပိုက်ဆံတွေလွှဲလိုက် သေးတယ် "
" အားနာဖို့ ကောင်းလိုက်တာ၊ကျွန်တော့ကြောင့်ဒေါ်လေးပါ အလုပ်များနေရတယ် "
" မများပါဘူး သားရယ်၊ပြီးတော့ သူဌေးလေးကပြောသေးတယ်။သားက သူ့သူငယ်ချင်းရဲ့အရေးကြီးဧည့်သည်မို့ သေချာ ဂရုစိုက်ပေးပါတဲ့ "
" ကိုကောင်းကင်မာန် နဲ့ ကိုရဲရင့်သွေး တို့ကကျွန်တော့ရဲ့ ကျေးဇူးရှင်တွေပါပဲ။
သူတို့ကို ဘယ်လိုကျေးဇူးဆပ်ရမယ်မှန်းတောင် မသိတော့ဘူး "" ဒီလိုပါပဲ၊လူ့ပြည်မှာက တယောက်နဲ့
တယောက်အပြန်အလှန်ကျေးဇူးတရားဆိုတာ လူတိုင်းနဲ့မကင်းပါဘူးကွယ် "" ဒေါ်လေး...ကြယ်လေး ကခဏနေရင်ကျုရှင်ဆင်းတော့မှာမလား "
" ဟုတ်တယ်၊ဒေါ်လေး သူ့ကိုခုပဲသွားကြိုမလို့ "
" ကျွန်တော် သွားကြိုပေးမယ်လေ "
" ရပါတယ်ကွယ်၊ကျုရှင်က သိပ်မဝေးပါဘူး။ပြီးတော့ ကြယ်လေး ကသားကိုဆိုရင် အလိုလိုက်မှန်းသိလို့ဟိုဟာဝယ်ကျွေးခိုင်း၊ဒါဝယ်ကျွေးခိုင်းနဲ့ "
" ကျွန်တော်ကိုယ်တိုင်က ဝယ်ပေးချင်လို့ပါ။ပြီးတော့အိမ်ထဲမှာ တစ်နေကုန်စာဖတ်နေတာဆိုတော့အညောင်းပြေ
ခြေဆန့်လက်ဆန့် ဖြစ်တာပေါ့ "" ဒါဆို ဆိုင်ကယ်ဦးထုပ်ဆောင်းသွားနော်၊ပြီးတော့ ဖြည်းဖြည်းမောင်း "
" ဟုတ်ကဲ့ပါ ဒေါ်လေး "
နေ့သစ် Scoopy ဆိုင်ကယ်အဖြူလေးကို ခြံထဲကနေထုတ်ကာ ပေါ့ပါးသောခြေလှမ်းများဖြင့် အိမ်ကနေထွက်လာခဲ့သည်။သွားတဲ့လမ်းမှာ ကြယ်လေးကြိုက်တဲ့ ရေခဲမုန့်ဝယ်သွားဦးမှပဲ။

YOU ARE READING
မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ
RomanceMain Lead Couple " ငါမင်းကို ချစ်မိနေတာကြာပြီလို့ပြောရင်မင်းဘာလုပ်မှာလဲ" * ကောင်းကင်မာန်* { Age - 26 Occupation - Chef Clothing Style - Freestyle & Well-dressed } " ငါတို့က သူငယ်ချင်းတွေလေ " ...