02

288 43 6
                                    

ခရီးသည်များရှင် ဆိုတဲ့အစချီသံနဲ့အတူ လေယာဉ်မယ်လေးရဲ့ သတိပေးချက်အချို့လွင့်ပျံလာသည် ။ သူတကယ်ကြီး ပြန်လာခဲ့ပြီပဲ။
စိတ်လှုပ်ရှားမှုများ လျော့ပါးသွားစေရန် အသက်ရှုူ
ထုတ်သွင်းလုပ်နေသော်ငြား ထင်သလောက် အလုပ်မဖြစ် ။

မတူညီသော အကြောင်းအရာပေါင်းစုံနှင့် မကြာခဏရောက်လေ့ရှိသော အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယနေ့မှ လေအေးပေးစက်‌တွေ နှစ်ဆတိုးထားသယောင် ။

နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၁၁:၄၆ပင်ရှိနေပြီ။

၁၂နာရီလောက်လေယာဉ်ခရီးမှာ ဒီတစ်ခေါက် ထူးထူးခြားခြား တစ်လမ်းလုံး နိုးကြားနေသည်မလို့ ရုပ်ပျက်ဆင်းပျက်များဖြစ်နေလားစစ်ဆေးဖို့ Selca တစ်ပုံလောက်ထုတ်ရိုက်လိုက်သေးသည် ။

ပုံမှန်ဆို ဒီလို ညအချိန်မျိုးမှာတောင် သူ့ကို စောင့်ကြိုနေမည့် ရာနှင့်ချီတဲ့လူအုပ်ကြီးကို မနည်းတိုးဝေ့ပြီး အပြင်ထွက်ရန် ကြိုးပမ်းရလိမ့်မည်။

သို့သော် ဒီနေ့တော့ အားလုံးကသာမန်ပင် ၊ ဖြတ်သွားဖြတ်လာများ၊ လေဆိပ်ဝန်ထမ်းများနှင့်သာ ဤလေဆိပ်က တိုးတိတ်လျက်။

အစကတည်းက တိုးတိုးတိတ်တိတ် ပြန်လာဖို့စီစဉ်ထားခဲ့တာ‌ပေမယ့် တကယ်တမ်း သူနဲ့ပတ်သတ်တာ ဘာမှမမြင်ရတော့လည်း ချွမ်ရွေ့စိတ်ထဲ ခံစားချက်သိပ်မ‌ကောင်းလာပေ။

ဒါ‌ကြောင့် အနည်းဆုံး ဓာတ်ပုံခိုးရိုက်နေသူ ထပ်ရှိလိုရှိငြား ခေါင်းလေးဟိုဟိုဒီဒီစောင်းကြည့်မိ‌သည်။ ဒါပေမယ့် တွေ့လိုက်ရသည့် မြင်ကွင်းက ချွမ်ရွေ့နှုတ်ခမ်းထောင့်စွန်းများအား အနည်းငယ်မျှ လှုပ်ခတ်သွားစေပါ၏ ။

" ရှန်ချွမ်ရွေ့ " ဆိုသည့် နာမည်ကတ်ပြားခပ်‌သေးသေးကို
စောက်ထိုးကိုင်ထားတဲ့ ပိန်ပိန်ပါးပါး သဏ္ဍာန်တစ်ခု ။

အနည်းငယ်ရှက်ရွံ့နေသည့်တိုင် အနက်ရောင် hoodie ကို ခေါင်းစွပ်ဝတ်ထားရင်း အလားတူ sweat pants အနက်နဲ့
ပုံရိပ်ကလေးက ပိန်ပါးနေဆဲ ။

မျက်နှာသေးသေးလေးကို တစ်ဝက်ဖုံးတဲ့အထိ တပ်ထားတဲ့. maskက သူ့ရဲ့ identity ကို လုံလုံလောက်လောက် ဖုံးပေးသော်ငြား မက်မွန်ပွင့် မျက်လုံးဝိုင်းဝိုင်းလေးတွေကို ချွမ်ရွေ့သေချာပေါက် မှတ်မိပါသည် ။

Blazing BrideKde žijí příběhy. Začni objevovat