"True love stories never have endings."
Richard Bach ရဲ့စာအုပ်တွေမှာတွေ့နိုင်တဲ့ ဒီစကားကို
ချွမ်ရွေ့ L.A.မှာနေတုန်းက ခနခန ဖတ်ဖူးသည် ။အချစ်စစ်ဇာတ်လမ်းတွေက အဆုံးမသတ်ဘူး ဆိုတာက စာရေးဆရာရဲ့ စိတ်ကူးယဉ်ဆန်ဆန် စကားလုံးလှလှလေးတွေပဲလို့ ယုံကြည်တဲ့ သူမလို့ စာရေးသူ Richard အကြောင်းရှာဖတ်ကြည့်တော့ နာမည်ကြီး မင်းသမီးတစ်ယောက်နဲ့ လက်ထပ်ပြီး ဘဝကို
ကောင်းကောင်းမွန်မွန် ဖြတ်သန်းလျက်တဲ့ ။ဒါဆို သူ့အဆိုက မှန်သင့်သလောက်မှန်တယ်လို့ ပြောရအောင် သာဓကလည်း ရှိနေခဲ့တာပေါ့။
Richard ပြောတဲ့ အချစ်စစ်ရဲ့ ဇာတ်လမ်းက အဆုံးမသတ်ဖူးဆိုပေမယ့် ရွေးချယ်စရာလမ်းတွေကတော့ ထပ်ရှိနေဦးမှာပဲလို့ ချွမ်ရွေ့ထင်တယ်။
လူမမယ်အရွယ်က နားထောင်နေကျ နတ်သမီးပုံပြင်တွေထဲကလိုမျိုး အသက်ထပ်ဆုံး ပျော်ရွှင်စွာနေသွားကြလေသတည်း ဆိုတဲ့ အဆုံးသတ်မျိုးမဟုတ်ရင်တောင်မှပဲ
ကိုယ်မြတ်နိုးတဲ့ နှလုံးသားပိုင်ရှင်နဲ့အတူ ခက်ခဲခြင်းနဲ့
အဆင်ပြေခြင်းတွေကြားထဲ ဘဝကို ကူးလူးဖြတ်သန်းရင်း
ဆက်သွားနေရမယ် ၊ ဒါမှမဟုတ်ရင်ဘဝတစ်ခုလုံးပုံအပ်ပြီး စုံမက်မယ့် အကြင်သူမရှိပဲ
အချိန်ယန္တရားကြီးက ဆက်နှင်နေရမယ့် ကြေကွဲဖွယ်ရှေ့ဆက်ခြင်းနဲ့ အသက်ရှင်ရမလားဆိုတာမျိုးပေါ့။Richard ရဲ့ အဆုံးမသတ်တဲ့ အချစ်ဇာတ်လမ်းကတော့
မင်းသမီးလေးနဲ့ ဘဝကိုရှေ့ဆက်ရင်းလှပနေတယ်လို့ သတ်မှတ်လို့ရတာပဲဒါဆိုချွမ်ရွေ့ကရော..
သူကရော သူ့နှလုံးသွေးလိပ်ပြာလေးရဲ့ နားခိုရာပန်းတစ်ပွင့်အဖြစ် ရှိနေနိုင်မလား ဒါမှမဟုတ် ကိုယ်တိုင်ကပဲ သူ့အတွက် ဆူးခတ်သပ်သပ်ပဲဖြစ်နေမလား ။
အတွေးစတွေကို လက်စသတ်ရင်း ချွမ်ရွေ့မျက်လုံးမှိတ်လိုက်သည်။
တရိပ်ရိပ်ပုံပေါ်လာသောအပြုံးက အတိတ်အမှတ်တရတွေကို
ပြန်မြင်ယောင်နေခြင်းရဲ့ သက်သေ ။တစ်ချိန်တစ်ခါတုန်းကရှိခဲ့ဖူးတဲ့ သူရဲ့ ပုံပြင်ကဂျော်ဂျီယာပြည်နယ် ဂျုံခင်းတွေထဲ လာနားလေ့ရှိတဲ့ ငှက်ကလေးတွေကို လက်ဗလာနဲ့လိုက်ဖမ်းသလိုမျိုး အရိုင်းဆန်ပြီး လွတ်လပ်လွန်းခဲ့သည် ၊ ပေါ့ပါးနေခဲ့သည်။
မျက်လုံးမှိတ်လိုက်တိုင်း ပြန်ပေါ်လာတဲ့ ပုံရိပ်တွေကြောင့်ချွမ်ရွေ့ သက်ပြင်းတစ်ချက်ချရင်း ရုတ်တရတ်သူ့ဖုန်းကို ဖွင့်လိုက်တယ်၊
Galleryထဲက တစ်နေရာမှာ အပြာရောင် ဆွယ်တာဝတ်ထားတဲ့ အညိုရောင်ပုံရိပ်လေးက သူ့ကို ရက်ရက်ရောရော ပြုံးပြနေတာကို ကြည့်ရင်း အသည်းယားစွာ ပုံရိပ်ယောင်လေးရဲ့ နှာခေါင်းချွန်ချွန်ကိုသာသာလေး တို့ထိကြည့်မိတယ်။
တစ်ယောက်ထဲ လဲလျောင်းနေတဲ့ အိပ်ခန်းအကျယ်ကြီးထဲမှာ
ချွမ်ရွေ့ ရှက်ရွံ့စွာတီးတိုးရေရွတ်လိုက်တာက" ငါ.. ပြန်လာခဲ့မှာ ၊ အသက်ရှူ မဝတဲ့ အထိဖက်ထားရင်း
လွမ်းနေခဲ့တာဆိုတဲ့ အကြောင်းကို တဖွဖွပြောဖို့ရင်ဘက်ပေါ်မှာ နေမကောင်းတဲ့ ကြောင်လေးလို ချွဲပြီး
ညတိုင်းအနွေးဓာတ်နဲ့အိပ်ဖို့အတွက် ငါ သေချာပေါက်ပြန်လာမှာအဆင်ပြေပြေနေပြီး စောင့်နေနော်
ဒီနေ့လည်း ချွမ်ရွေ့ ကိုကို့ကို သိပ်ချစ်တယ် "• Brought to you by Zavtra •

YOU ARE READING
Blazing Bride
FanfictionA veil of secrets. A body built to burn. They called him a bride. He came dressed in fire. - written in Burmese - Ricky x ?