01

632 77 11
                                    

" ရှန်ချွမ်ရွေ့သည် အချောအလှကြီးမဟုတ် "

များသောအားဖြင့် ဒီစကားကို အုတ်ရောရော ကျောက်ရောရော omegaတွေကြားမှာ မကြာမကြာကြားနိုင်မည် ဖြစ်သည် ။

အရပ် ဆယ့်နှစ်မျက်နှာက လူပေါင်းစုံ ဘာပြောပြော ချွမ်ရွေ့ကတော့ ဂရုမစိုက်ပေ၊ သူ ဒါတွေနဲ့နေသားလည်းကျနေပြီလေ။

မှတ်ချက်‌ပေါင်းသောင်းခြောက်‌ထောင်ကို လက်ခံနေရတဲ့ ဘဝမလို့ ရုပ်ရည်သက်မှတ်ချက်လောက်ကိုသာ အာရုံ‌စိုက်နေရရင် ဒီနေရာမရောက်ခင် သင်တန်းသားဘဝကတည်းကပင် သူ လက်လျှော့လိုက်ရမှာပါပင်။

သူတို့ ပြောသည့် ရှန်ချွမ်ရွေ့သည် အချောအလှကြီးမဟုတ်ပေ။

အရပ် ၆ ပေနှင့် အချိုးအစားကျသော ပခုံးကျယ်ကျယ်တွေ
ဖြူဝင်း‌နေတဲ့အသားအရည်နှင့် ပဏံသင့်သော မျက်ဝန်းညိုညိုတွေရှိတဲ့ ချွမ်ရွေ့မှာ အများသူငှာတွေလို ချယ်သစရာမလိုတဲ့ ပါးပြင်ရဲရဲနှင့် မျက်ခုံးထူထူတွေလည်းရှိသည် ။

ည ၉နာရီတွင်ပွင့်သော နှင်းဆီတို့လို မထူမပါး ပန်းဆီရောင် နှုတ်ခမ်းလွှာက လေးကိုင်းခပ်ကွေးကွေးနှင့်လည်း သဏ္ဍာန်ဆင်စွာ ။

ရှန်ချွမ်ရွေ့သည် အချောအလှကြီး မဟုတ်ပေ ။

သို့သော် သူ့ အသိုင်းအဝိုင်းတစ်ဝိုက်တွင် အနှီရှန်မျိုးရိုး၏ သဲနာရီသဏ္ဍန် ကိုယ်လုံးကိုယ်ပေါက်လေးနှင့် မက်မောဖို့အ‌ကောင်းဆုံး ၅၄စင်တီခါးကျဉ်ကျဉ်တို့အား လွန်ဆန်ချင်သော Alpha တို့မှာ လက်တစ်ဆုပ်စာ ရှိမည်မထင်။

Blue_9 jewelry ရဲ့ တစ်ဦးတည်းသောအမွေခံ ။

ကြယ်ငါးပွင့်ဟိုတယ်တွေ နိုင်ငံတကာအနှံအပြားရှိတဲ့Alpha ဖခင်ဖြစ်သူနဲ့ မင်းဆက်ရဲ့ နောက်ဆုံးမဟုတ်သော နောက်ဆုံးလက်ကျန်သွေး Dominant Omega မိခင်တို့အကြောင်းဖက်ပေါင်းစပ်ပြီး သူ့ကို ဖွားမြင်ခဲ့သည်။

ပိုင်ဆိုင်သမျှ စည်းစိမ်တွေကိုပစ်ပြီး ကိုယ့်လမ်းကိုယ်လျောက်ရင်း အသက်ဆက်နေသည့် ဒီလူပုံ နုနု‌ချောချောရယ်မို့

သူကျဉ်လည်ရာ အရပ်က လူအများ သမုတ်သည့်
နာမည်ပြောင်က " Nation's Stepson "

Blazing BrideWhere stories live. Discover now