Mall တစ်ခုထဲကိုဝင်သွားသည့် ပုံရိပ်လေးအား
မလိုက်ခဲ့နဲ့နော် ဆိုတဲ့ စကားတစ်ခွန်းကြောင့် ယူဂျင်း အပြင်က
ငေးနေခဲ့ဖို့သာ တတ်နိုင်သည် ။ဘယ်လိုစိတ်ပြောင်းသွားပြန်လဲ မသိပေမယ့် သူ့ဖေဖေတို့ အိမ်အထိမပြန်ပဲ ယူဂျင်းနှင့်ဆက်နေဖို့ ကိုကိုအချိန်ရသေးတာ ကောင်းသည့်အချက်ပင် ။
တကယ်တော့ ခေါင်းအစ ခြေအဆုံး ကိုကို့အကြောင်းတွေ
ယူဂျင်းသိတယ်ထင်ပေမယ့် အခုထိ ကိုကိုဘာတွေတွေးနေတယ် ၊ ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာတော့ မခန့်မှန်းတတ်သေးပါ ။ရှစ်နှစ်ဆိုတဲ့အချိန်က လူတစ်ယောက်ကို အပြည့်အဝ
နားလည်ဖို့အထိ မလုံလောက်သေးတာ ထင်ပါရဲ့ ....ဟိုနေ့ကပဲ ကြည့်လေ ၊ သူတွေ့ချင်လှပါပြီဟူ၍ Ollie ကိုတောင် တစ်ဆင့်သွားကြိုခိုင်းရသည့် သူငယ်ချင်းအား စကားဝိုင်းတစ်ဝက်လောက်ကျ အင်း အဲ လောက်နှင့်သာ ငြိမ်ကုတ်သွားသည် ။
Ollie သာမရှိလျင် အဲ့နေ့က ဆော့မက်သျူးသည် ကိုကိုနှင့်
သူ့ကို အလကား ဂိုက်ကောင်းနေတဲ့ ကောင်တွေ ဆိုပြီး ရေနဲ့ပက်ခဲ့လေမလား မပြောတတ် ။ တော်သေး၍ Ollie က စကားလမ်းကြောင်းတွေလွှဲ၊ ရောက်တတ်ရာရာ လျှောက်ပြောပေးပြီး မက်သျူးကို အိမ်ပြန်သည်အထိ တာဝန်ယူသွားလို့သာ ။အခုလည်း ဖေဖေတို့ အိမ်မှာသွားနေတော့မယ်ဆိုတဲ့
အကြံကိုဖျက်ပြီး ယူဂျင်းကို ဆိုင်ကိုသာ လိုက်ပို့ခိုင်းသည်။တကယ်တမ်း ဆိုင်ဆိုတာထပ် BLUE9 ရုံးချုပ်ဆို ပိုမှန်မည် ။ ကိုကိုတို့ မိသားစုပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်တဲ့ လက်ဝတ်ရတနာ ပြခန်းရှိရာ Mall အရှေ့မှာ ယူဂျင်းကားလေးကို ရပ်ထားမိသည် ။
ကိုယ်လာကြိုဆိုမှ ပြန်လာခေါ်လှည့် လို့ မှာထားပေမယ့်
ဘာရယ်ကြောင့်မှန်းမသိ ယူဂျင်း မပြန်သွားဖြစ်ခဲ့ပါ ။ ဖန်ပြတင်းတွေနဲ့ အဆောက်အဦးထဲက ပုံရိပ်လေးရွေ့နေတာကိုသာ ငေးကြည့်နေမိသည် ။ဒီ ပြခန်းက mallရဲ့ ပထမထပ်မှာရှိပြီး ဟိုးအပေါ်ထပ်တွေမှာ အလုပ်ရုံးခန်းတွေ၊ ဒီဇိုင်နာဌာနတွေ ၊ အကြီးအကဲတွေ အလုပ်လုပ်သည့် BLUE9 ၏ ရုံးချုပ်ဟု ခေါ်၍ရသည့် နေရာပင် ။