06

223 37 10
                                    

“ ယူဂျင်း ကိုကိုထွက်လာတော့မှာနော် မစောင့်ချင်ဘူး ”

“ ဟုတ်ကဲ့ကိုကို ကျွန်တော်ဒီနားက cafe မှာလေ ၊
အခုပဲထွက်လာခဲ့လိုက်တော့မယ် ”

ယိချန်နှင့်စကားအဆင်‌သင့်အောင် ပြောပြီးတော့
ထ ပြန်နိုင်ရန်အတွက် ယူဂျင်းကို သူဖုန်းဆက်သည် ။

“ ပြီးတာပဲ လူတွေရှုပ်ကုန်ဦးမယ် ဘယ်တွေဝင်နေမှန်းလည်းမသိဘူး ဒါပဲ ”

ယိချန်နဲ့ ရန်ဆောင်ခြင်းရဲ့ နောက်ဆုံးရလဒ်မှာ ချွမ်ရွေ့က မရှုံးနိမ့်ခဲ့ပါ။ အနိုင်ပိုင်း‌ခဲ့သည်ဟုမဆိုနိုင်သော်လည်း အနည်းဆုံးတော့ သူလိုချင်တာ ရခဲ့သည်လေ ။

ယိချန်တို့က choker ကို ချွမ်ရွေ့ပြောတဲ့နေ့ထပ် တစ်ရက်ပိုပြီးအချိန်တောင်းတော့ လက်ခံပေးလိုက်ပါသည် ။ ဘာပဲပြောပြော သူက တစ်ချို့အတွက် နတ်သားလေး ဖြစ်‌နေတုန်းပင် ။

ယိချန်က သူ့ကို ‌လှေကားအထိလိုက်ပို့ပြီး ၊ နံဘေးက မန်နေဂျာမလေးကလည်း အသင့်လိုက်လာပေး‌သည် ။ လှေကားမဆင်းသွားခင် နောက်ဆုံးအကြိမ်အနေနှင့် ချွမ်ရွေ့က နှုတ်ဆတ်စကားဆိုဖို့ လှည့်ကြည့်လိုက်သည်။

ယိချန်ကတော့ ရှန်ချွမ်ရွေ့ပါးစပ် ဟ မှာကို မမြင်ချင်တော့ပေ။

“ ကောသွားလိုက်ဦးမယ်နော်၊ ရှောင်ချန်အချိန်ရရင် ဝန်ထမ်းတွေကို‌တော့ အလုပ်ရှင်နဲ့ ကောင်းကောင်းဆက်ဆံတတ်ဖို့ သင်ပေးထားလိုက်ပါဦး ”

နောက်က မန်နေဂျာမမက အချိန်တစ်နာရီခွဲလောက်အတွင်းမှာ သူ့ရဲ့ Alpha ပီသမှုတွေ ပျောက်ဆုံးသွားပုံရသည် ၊ ချွမ်ရွေ့ထွက်သွားသည်အထိ ခေါင်းကိုသာ ငုံ့ထားလျက်။

“ ဆရာ သူနဲ့ဘယ်လိုများ အဆင်ပြေအောင်ညှိ‌လိုက်တာလဲဟင် ရှန်ချွမ်‌ရွေ့ကမျက်နှာနှစ်ဖက်နဲ့ လူဖြစ်နေမှန်း ကျွန်မတကယ်မထင်ထားမိဘူး ”

“ နင်တို့ပါးစပ်တွေပိတ်ပြီး အလုပ်သာကောင်းကောင်းလုပ်ကြ ၊
နောက်ပြီး ကောင်မလေးတွေကိုပြောထား သူဒီကိုလာသွားတာ ဘယ်သူ့မှမသိစေနဲ့ ၊ ဘယ်ပေါ်မှလည်းတင်ဖို့စိတ်မကူးနဲ့ ပို့စ်တစ်ခုတက်လာရင် အမေအမြန်းမရှိ တစ်ရုံးလုံးအကုန်အလုပ်ထုတ်ပစ်မယ် ကြားလား ”

Blazing BrideTahanan ng mga kuwento. Tumuklas ngayon