07

148 28 2
                                    

“ ဟေ့ ချာတိတ် ဘာလို့ အိမ်ရှေ့ကို ထွက်ငိုနေတာလဲ ”

လမ်းပေါ်ကနေ စက်ဘီးကို ခြေတစ်ဖက်ထောက်ရင်း မေးနေတဲ့
အစ်ကိုကြီးအား ချွမ်ရွေ့ခေါင်းမော့ကြည့်ရုံသာ ကြည့်သည်။

တကယ်တော့ သူငိုနေလား ၊ မျက်ရည်ကျနေတာလားကို
သူ့ဘာသူတောင် သိမနေ။ ခြံရှေ့မှာထိုင်နေမိတာတော့ အတော်ကြာနေပြီ။

ချွမ်ရွေ့ ဒီအရပ်၊ ဒီနိုင်ငံကိုပြောင်းလာကတည်းက အခုထိ
သူ့အတွက်ကျဉ်လည်ရာက ခြံရှေ့က ဒီ မြေနေရာလွတ်လေးသာ။

ဆယ်နှစ်အရွယ်ကလေးတစ်ယောက်၊ အထူးသဖြင့် ဓနအားကြွယ်ဝသည့် မိသားစုမှာ ‌မွေးဖွားလာသည့်အခါ ပတ်ဝန်းကျင်အပြောင်းအလဲက သူ့အတွက် ဘာမှခက်ခဲပူပန်နေစရာမရှိဟု လူအများက ခံယူကြသည် ။

တကယ်တမ်း အဖော်မက်သည့်အရွယ်မှာ ထားခဲ့ရတဲ့ သူငယ်ချင်းတွေ ၊ နှုတ်ဆတ်ခဲ့ရတဲ့ ဆွေးမျိုးသားချင်းတွေနဲ့အတူ မေတ္တာငတ်မွတ်ခေါင်းပါးခဲ့ရတာကို ဘယ်သူမှ ထည့်မတွေးပေးခဲ့ကြပေ ။

အိမ်အကျယ်ကြီးထဲမှာ တစ်ယောက်ထဲ iPad တစ်လုံးသာ
အဖော်ပြုပြီး နေရသည့် သူ့ဘဝကို စိတ်ပျက်လာသည့်အခါ ၊ ဒါမှမဟုတ် သူ့မိဘတွေ အခြေအနေတင်းမာ၍ စကားများသည့် အခါမျိုးတွေမှာ ချွမ်ရွေ့တစ်ယောက်တည်း အိမ်ရှေ့ကို ထွက်လာလေ့ရှိသည် ။

ဒီနေ့လည်း ဒုတိယမြောက်အခြေအနေမျိုးပင် ၊ ဘာကြောင့်မှန်း ချွမ်ရွေ့ သေချာမသိနေပေမယ့် ကိုရီးယားကို ပြောင်းလာကတည်းက ပါးနဲ့မား ရန်ဖြစ်ကြသည့် အကြိမ်ရေပိုစိပ်လာသည် ။ ရှန့်ဟိုင်းမှာနေတုန်းကလည်း တကျတ်ကျတ်ဆိုပေမယ့် အခြေအနေတွေက သိသိသာသာ ပြောင်းလဲနေသည်။

ကိုယ့်ဘာသာ အဖော်ပြုပြီးနေရသည့်ဘဝလေးမှာ
အုပ်ထိန်းသူတွေကပါ အဆင်မပြေနေသည့်အခါ
ငိုချမိရုံကလွဲ ချွမ်ရွေ့ လုပ်နိုင်တာမရှိသေး‌ပေ။ နောက်ဆုံးမှာ
သူက ဆယ်နှစ်သား ကောင်လေးတစ်ယောက်ဖြစ်နေတုန်းပင် ။

“ နားညီးလို့! ”

ရှေ့က လူကြီးမဖြစ်တဖြစ်အရွယ်ကို ချွမ်ရွေ့က
ခပ်တိုတိုအဖြေပြန်ပေးလိုက်သည် ။

Blazing BrideTempat cerita menjadi hidup. Temukan sekarang