ညအမှောင်၏တိတ်ဆိတ်မှုကို
ဆောင်းလေရူးက အေးစက်စွာအဖော်ပြုနေသည် ။ဆိုးလ်ခရိုင်တစ်နေရာရှိ Villa အတွင်းတွင်တော့
လေထုက အပြင်လောကနှင့် ဆန့်ကျင်စွာ
ပူနွေးမြူးထူးလျက်ပင် ။Mazzo တေးသံရှင်ရဲ့ ဖျော်ဖြေမှုက လစ်လျူရှုခံထားရသော်ငြား ခန့်ညားထယ်ဝါစွာ ။
ရွှေပွဲလာ ဧည့်ပရိတ်သတ်သည် ၎င်း၏ကမ္ဘာကို
ခြုံလွှမ်းသော ဂီတသံကို စိတ်မဝင်စားချေ ၊သို့သော် လစ်လျူရှုခံနေရသည်မှာ
သူတစ်ယောက်ထဲတော့ဟုတ်မနေ၊Michelin stars အပြည့်ရထားသည့် စားဖိုမှုးတို့၏ လက်ရာကောင်းများမှာလည်း
မျက်နှာငယ်နေရရှာသည်သာ ။ယနေ့၏အဓိကဇာတ်ဆောင်ဖြစ်သူ (ထင်ရ)သော
မွေးနေ့ရှင်ကိုပင်လျှင် ဧည့်ပရိတ်သတ်တို့ မေ့လျော့နေပြီ ။အာရုံငါးပါးလုံး စုဝေးနေရာသည် Hall ညာဘက်ထောင့်က ဖြူဖြူသွယ်သွယ် အမျိုးသားတစ်ယောက်ဆီမှာ ။
လွန်ခဲ့သော မိနစ် ၂၀ခန့်က surprise performance အနေဖြင့် မွေးနေ့ရှင်အတွက် လက်ဆောင်တေးသီချင်းဖျော်ဖြည်ပေးသွားသော အကြင်သူသည် အာရုံစိုက်မှုတို့အား ကွန်ဖြင့်သီယူသွားသလိုပင် ။
Toby Award ရသော Mazzo ဂီတပညာရှင်က
ထိုသူ၏ pop ဆန်ဆန် ငြိမ့်ညောင်းမြူးထူးသော R&B တေးသွားအောက်မှာ နစ်မြုပ်ပျောက်ကွယ်သွားသည်။KS group ပဲ့ကိုင်ရှင် ဂျီအွန်းဂင်မ်၏ မွေးနေ့ပါတီသည် ရုတ်ချည်းပင် world star အကြင်သူ၏ အသေးစား ပရိတ်သတ်တွေ့ဆုံပွဲ အဖြစ်သာ။
" ရှောင်ချွမ် အေးမနေဘူးလား ကိုယ့် coat လေးထပ်ဝတ်ထားမလားဟင် ၊ နေမကောင်းဖြစ်နေပါ့မယ် "
" လူကြီးမင်းဝမ်ကလည်း မဟုတ်တာပြောတော့မယ်
ချွမ်ရွေ့လို ပုဂ္ဂိုလ်က ဘယ်လိုလုပ်ပြီး ၊
သူများခြုံထားပြီးသား အင်္ကျီဝတ်ရမှာလဲ
ချွမ်အာ ကိုယ့်ကားထဲမှာ Jacket အသစ်ပါတယ် တကယ်လို့ အေးတယ်ဆိုရင် သွားယူပေးမယ်လေ "လူပုံအလယ်မှာ အနှီ အပြာရောင် နတ်သမီးလေးက မျက်တောင်ဝင့်၍ ခေါင်းလေးတညိတ်ညိတ်နှင့်သာ ပြုံးပြီးဧည့်ခံရှာသည်၊
![](https://img.wattpad.com/cover/348759087-288-k342889.jpg)