ကျောက်ဖြူသားလှေကားပေါ်ကနေ မဟူရာပုံရိပ်လေးက
တရွေ့ရွေ့ဆင်းလာသည်။ အနှေးပြကွက်မလို၊ နောက်ခံဂီတ
ဖွင့်သီခြင်းမရှိပါပဲ သူ့အရှိန်အဝါက ရင်သပ်ရှုပ်မောစရာ ။ဝတ်ခဲလှသည့် Prada Leather shoes က ခြေအစုံမှာ
သိမ်မွေ့နေသလို ပြောင်ရှင်းနက်မှောင်သော Wooyongmi
Pants နှင့် အရပ် ၆ပေကလည်း ပလဲပနံသင့်လှသည် ။လှေကားတစ်ထစ်ချင်း ဆင်းလာလိုက်တိုင်း သူ့လည်တိုင်က
ပင်လယ်ပြာဆွဲသီးလိုမျိုး လှုပ်ရမ်းနေမိတာတော့
ဟန်ယူဂျင်းရဲ့ နှလုံးသားပင်။ခါတိုင်းနဲ့မတူညီစွာ ပုံစံအသစ်ဆင်မြန်းထားတဲ့
ကိုကိုဟာ တကယ်ကိုညှို့ချက်ပြင်းပြင်း လှသည် ၊လှရက်နိုင်လွန်းသည် ၊ ဂန္တဝင်မမြောက်ရင်တောင်မှ မဟာဆန်သော အနှီ Omega ၏အလှကို စာတင်ဖို့ရာ Shakespeare
ပြန်မွေးဖွားလာဖို့တော့ကောင်းသည် ။မျက်တောင်ခတ်ဖို့ရော ၊ အသက်ရှူဖို့ပါ မလောက်ငှရသည့် အခိုက်အတန့်ရောက်နေတာတောင် ကိုကိုက
" တစ်ခုခုအဆင်မပြေလို့လားဟင် ယူဂျင်း "
အဖြေအား သိနှင့်နေပါလျက်နှင့် သူ့ကိုယ်လုံးလေးကို သူ
ငုံ့ကြည့်ကာ မေးနေရှာပုံက အပြစ်ကင်းစင်သယောင် ။" ဘ..ဘာမှမဖြစ်ပါဘူး ကိုကို ၊ ဒီတိုင်း ... လှလို့ပါ "
" ဒါဆို ကိုကိုသွားတော့မယ် ၊ Ollie ကားက ဒီဘက်နီးနေပြီတဲ့ -
စာပို့ထားတယ် ၊ ခြံထဲဆင်းနှင့်နေလိုက်တော့မယ်လေ "တကယ်တမ်း ညဘက် ဒီလိုအဝတ်အစားမျိူးနဲ့ ကိုကို အပြင်ထွက်တော့မယ်ဆိုတော့ ယူဂျင်း စိတ်မအေးနိုင်ပါ ။ ဒီလိုပုံစံလေးတွေဝတ်တာ ရှာမှရှားတဲ့သူမလို့ မျက်စိရှေ့က ကြွေရုပ်လေးကို မိမိတစ်ယောက်တည်းသာမြင်နိုင်အောင် သော့ခတ်ပြီး
သိမ်းထားချင်မိစိတ်က တဖွားဖွား ။ကိုယ်သားဖြူဖြူကို ရှင်းလင်းကြည်လင်စွာ မြင်နေရသည့်
အနက်ရောင် see through လက်ရှည်မှာ စက္ကူပန်းရိုက်
အပွင့်ပြာပြာတွေကသာလျင် တစ်ခုတည်းသော ဖုံးကွယ်စရာ ။လက်ကောက်ဝတ်ထိ ရှည်လျားတဲ့ sleeve နဲ့ ဆန့်ကျင်စွာ
၅၀စင်တီခပ်စွန်းစွန်း ခါးကျဉ်ကျဉ်အား အလုံးစုံဖော်ထုတ်ခွင့်
ပြုထားသည့် ဒီ crop top ဒီဇိုင်နာကို ဟန်ယူဂျင်း ခပ်ပြင်းပြင်းသာ ဆွဲထိုးချင်မိတော့သည် ။

ESTÁS LEYENDO
Blazing Bride
FanfictionA veil of secrets. A body built to burn. They called him a bride. He came dressed in fire. - written in Burmese - Ricky x ?