" Ollie မွေးနေ့ရှင်ကို တွေ့မိသေးလား "
ချွမ်ရွေ့ နောက်တစ်ခေါက်ထပ်ပြီး
အပေါ်ထပ်ကို ရောက်လာခဲ့သည် ။အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားပြီး လူတွေနဲ့ စကားပြောရင်း စောင့်နေခဲ့ပေမယ့် ကိုကိုက တော်တော်နှင့် ပေါ်မလာပေ ။ ဒီတော့ သူကပဲထပ်ပြီး လိုက်ရှာရဦးမည် ။
သူ့ ဘဝရဲ့ အချစ်ဦးဟာ သိပ်ကိုမူပိုလွန်းသည် ၊စ ချစ်ရတော့လည်း ချွမ်ရွေ့က ၊ စ ဖွင့်ရတော့လည်း ချွမ်ရွေ့ကဖြစ်ခဲ့ပြီး ယခုသူရှိရာအရပ်ကို အထုပ်ပိုက်ပြီး ရောက်လာသည့်တိုင် သူကတော့တိမ်းရှောင်လို့ကောင်းနေတုန်းပင် ။
" မတွေ့မိပါဘူး ၊ လာတဲ့ မိတ်ဆွေတွေကလည်း ကောင်းချက်ပဲနော် ၊ မွေးနေ့ရှင်နဲ့ ဒါကမွေးနေ့ပွဲဆိုတာ သတိရသေးရဲ့လားမသိ သူ့ဟာနဲ့သူ ပျော်မြူးနေကြရော "
Ollie ပြောတာလည်းဟုတ်သည် ၊ ချွမ်ရွေ့
လှေကားဝ အပေါ်ကစီးကနေ အားလုံးကို ဖြန့်ကြည့်လိုက်တော့ အားလုံးက ကိုယ့်လူနှင့်ကိုယ် စကားဖောင်ဖွဲ့နေကြတာများသည် ၊ တချို့ကလည်း dance floor မှာ ။ကိုယ်တိုင်က လူတွေကို စူးစမ်းရင်းနှင့်ပင် ချွမ်ရွေ့စိတ်ထဲ လိပ်ပြာမလုံသလို ခံစားချက်မျိုးက
ရုတ်တရတ် စပ်ဖြင်းဖြင်း ၊ထူးဆန်းနေသည် သို့သော် သူအဖြေကိုမသိ ။
ချွမ်ရွေ့ ရိပ်ကနဲ တစ်ခုခုမြင်လိုက်ရသလို ..
တွေ့ပါပြီ ၊ ချွမ်ရွေ့နေရာကကြည့်လျှင်မျက်စောင်းထိုးနေရာမှာ အလှဆင်ပန်းခြင်းကို
မှီရပ်နေတဲ့ အမျိုးသားတစ်ဦး။စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကို
ချွမ်ရွေ့ခံစားမိလိုက်တာ ဖြစ်မည်။ပွဲတက်ဝတ်စုံတွေကြားမှာ အများနှင့်မတူပဲ မှောင်နက်နေသည့် leather long coatကို slack ဖြင့် တွဲဖက်ဝတ်ဆင်ထားသည်။
တော်တော်ဝေးဝေးကကြည့်သည့်တိုင် ထိုသူမှာ အရပ်ရှည်မှန်း သိသိသာသာ၊ သူအကြည့်တွေက ရဲတင်းနေသည် ။ အမှန်တိုင်းဆိုရလျှင် ချွမ်ရွေ့အခုနည်းနည်း ကြက်သီးထမိသည် ။
![](https://img.wattpad.com/cover/348759087-288-k342889.jpg)