Part-8 (Unicode + Zawgyi)

15.8K 681 42
                                    

(Unicode)

ရွှေဆိုင်ကခွန်းပြန်ထွက်လာတော့ ခေတ်ကကားပေါ်ရောက်နေပြီဖြစ်သည်။ ခွန်းလဲ ခေတ်ဘေးတွင်တိတ်တဆိတ်ဝင်ထိုင်လိုက်သည်။ တော်တော်ကြာတဲ့အထိ ခေတ်ကကားမမောင်း၊ ရှေ့တည့်တည့်ကြည့်ကာ ငြိမ်နေသည်။ သူ့အကျင့်အတိုင်း မျက်ခုံးတန်းများကို‌လဲ စုကျုံ့ထားသည်။ ခွန်းလဲ ခွန်းဘာအမှားလုပ်မိလဲ ပြန်စဉ်းစားနေလိုက်သည်။ သို့ပေမဲ့ ခွန်းဘာတစ်ခုမှအမှားမလုပ်မိ‌ပေ။ ဒါဆို ခေတ်ကဘာလို့စိတ်ဆိုးနေပါလိမ့်။

"ဟို...ခေတ်.."

ခွန်း‌အခြေအနေကြည့်ကာ ခေတ်အားခေါ်လိုက်သည်။ မခေါ်၍လဲမရတော့။ အခုဆိုကားရပ်ထားသည်မှာ 5မိနစ်ကျော်ကျော်ပင်ရှိနေပြီဖြစ်သည်။ ခွန်းလဲဆက်မနေနိုင်တော့၍ အရဲစွန့်ကာခေါ်လိုက်သည်။ ခေတ်ယခုလိုစိတ်ဆိုးနေလျှင် တော်တော်ကြောက်ဖို့ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ခေတ်ကို ဒေါသထွက်သည့်ပုံစံမျိုးနှင့် ခွန်းတစ်ခါမှမြင်ဖူးသည်မဟုတ်သောကြောင့်ဖြစ်သည်။

"ပြော.."

ဈာန်မင်းတခေတ်အသံမှာ မာဆတ်ဆတ်နှင့်ပင်ဖြစ်သည်။ ခွန်း‌နှောင်ကြိုးဆက်ပြောရမလို၊မပြောရမလိုဖြစ်သွားသည်။ ထိုအခါ ဈာန်မင်းတခေတ်က စိတ်မရှည်လာသဖြင့် မျက်မှောင်ကြုတ်ကာနောက်တစ်ခါထပ်ပြောလိုက်သည်။

"ပြောလေ..ဘာပြောမှာလဲ?"

"ဟို...ခွန်းတို့သွားကြတော့မလားဟင်..ကားရပ်ထားတာလဲကြာနေပြီလေ...ခွန်းတို့လဲဝယ်ပြီးပြီဆိုတော့..."

*ဝူးးးးဝူးးးဝူးးးးး*

ဈာန်မပြောမဆို ကားကိုမောင်းထွက်လိုက်သည်။
ခွန်းမှာလန့်သွားသဖြင့် ခါးပတ်လေးကိုလက်ဖြင့်တင်းကြပ်စွာကိုင်လိုက်သည်။

...

*ခေတ်ကဘယ်သွားနေတာပါလိမ့်*

ဈာန် ဘေးမှလူကိုဘာစကားမျှမပြောတော့ဘဲ ကားကိုသာအာရုံစိုက်မောင်းနေလိုက်သည်။ ထိုကောင်လေးကို ဈာန်သူ့အိမ်သို့ပြန်မခိုင်းနိုင်တော့ပေ။ မဟုတ်လည်း လက်ထပ်ပြီးရင် ဈာန့်အိမ်မှာပဲလာနေရမှာမလား။ အခုထဲကတစ်ခါတည်းခေါ်ထားလဲ အဆင်ပြေပါတယ်..။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now