Part-74(Unicode + Zawgyi)

5.3K 222 10
                                    

(Unicode)

ဈာန်မင်းတခေတ်သွားတာအခုရက်နှင့်ဆို သုံးရက်မြောက်ရှိလေပြီ။ ဈာန်မင်းတခေတ်မရှိတာကလွဲရင်ကျန်တာအကုန်ပုံမှန်အတိုင်းပဲလည်ပတ်နေလေသည်။

အရာအားလုံးပုံမှန်ဖြစ်နေသော်လည်းပုံမှန်မဟုတ်သည်ကတော့ ခွန်းနှောင်ကြိုးပင်တည်း။ ခွန်းနှောင်ကြိုးတစ်ယောက်ဒီရက်ပိုင်းတွင်အစားလည်းပုံမှန်မစားသလို ညညဆိုလဲတော်တော်နှင့်အိပ်မပျော်နိုင်ဖြစ်လေသည်။ ပိုဆိုးသည်ကတော့...

"ဝေါ့.......ဝေါ့......အဟွတ် ဟွတ်...ဟင်းးးး"

ခွန်းနှောင်ကြိုးမနက်လင်းသည်နှင့်ထိုအရာဖြစ်သည်မှာပုံမှန်လိုပင်ဖြစ်နေလေသည်။ တစ်ခါတလေဆိုထမင်းပင်မစားချင်လောက်အောင်အစားပျက်မိပါသေးသည်။ ကိုယ်လက်မအီမသာလည်းဖြစ်ကာအလုပ်ပင်မလုပ်ချင်ဖြစ်သည်အထိဖြစ်တတ်သည်။ ဈာန်မင်းတခေတ်ရှိကတည်းကဖြစ်နေတာဆိုပေမဲ့ ဈာန်မင်းတခေတ်မရှိမှပိုဆိုးလာတာပဲဖြစ်လေသည်။

"အဟွတ်...အာ... ပင်ပန်းလိုက်တာ..."

ဘေစင်ကိုလက်ထောက်လိုက်ကာရေဖြင့်ပလုတ်ကျင်းလိုက်ပြီးခပ်တိုးတိုးညည်းညူလိုက်သည်။

"ဖေဖေ သားတို့အဆင်သင့်ဖြစ်ပြီ"

"အင်း အင်း ဖေဖေလာမယ်နော်..၊ သားကညီမလေးနဲ့ညီလေးကိုခေါ်ပြီးအောက်ထပ်မှာစောင့်နေလိုက် ဟုတ်ပြီလား?"

"ဟုတ်ကဲ့ ဖေဖေ"

သားကြီးက ခွန်းတို့၏အခန်းထဲဝင်လာပြီးရေချိုးခန်းအပြင်မှအော်ပြောလေသည်။ ထို့ကြောင့်ခွန်းပါးစပ်ကိုသုတ်လိုက်ကာပြန်ပြောလိုက်သည်။

သူ့စိတ်ထဲထင်နေသည့်အရာအားစစ်ဆေးရန်လုပ်သင့်ပြီထင်သည်။ တကယ်သာဆိုရင်တော့...

*ဟင်း*

ဘေစင်ရှိမှန်ကိုတစ်ချက်ကြည့်ကာသက်ပြင်းခပ်ယဲ့ယဲ့ချလိုက်ပြီး အပြင်သို့ထွက်ကာယူစရာရှိတာယူ၍အောက်ထပ်သို့ဆင်းလာလိုက်သည်။

"ကလေးတွေမနက်စာစားမယ်"

"ဟုတ်ကဲ့ ဖေဖေ"

"ဝုတ်တဲ့ ဖေ"

"ယာပြီ ဖေ့"

တစ်ယောက်တစ်ခွန်းပြောကာဧည့်ခန်းတွင်ထိုင်စောင့်နေရင်းမှလွယ်အိတ်များကိုချကာထမင်းစားခန်းထဲသို့လာကြလေသည်။ ခွန်းနှောင်ကြိုး ကလေးများကိုပြုံးကာကြည့်လိုက်ပြီးမနက်စာစားရန်ပြင်ပေးလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Donde viven las historias. Descúbrelo ahora