Part-19(Unicode + Zawgyi)

13.1K 540 43
                                    

(Unicode)

မနေ့ညက ခေတ် ကြိုးငယ်လို့ခေါ်လိုက်တာကို ခွန်းကြားလိုက်ပါသည်။ ပထမစစခြင်းအတူနေတုန်းကခွန်းအိပ်မက်မက်နေသည်ဟုထင်နေခဲ့တာ..။ယခုတော့မဟုတ် ခွန်းနားနှင့်ဆက်ဆက်သေချာကြားလိုက်ပါသည်။ ခွန်းနာမည်မှာကြိုးပါပေမဲ့ ငယ်ဆိုတာက မိန်းကလေးတွေကိုအသုံးများတဲ့နာမ်စားမဟုတ်လား။ ပြီးတော့ကိုယ့်ထက်ငယ်တဲ့သူတွေကိုပဲခေါ်တာ။ ခွန်းမနေ့ညကပင်ပန်းနေသဖြင့် ကြားရုံသာကြားပြီး ပြန်လည်စကားမပြောနိုင်။ မနေ့ညထဲကကြိုးငယ် ကိစ္စကိုရှင်းချင်ပေမဲ့ ခွန်းကိုယ်တိုင်ကိုက ဘယ်လိုမှမျက်လုံးမဖွင့်နိုင်တဲ့အဖြစ်။ အိပ်သာအိပ်နေရပေမဲ့ အိပ်မက်ထဲမှာတောင် အဲ့ကြိုးငယ်ဆိုတာကြီးကပါလာပါသေးသည်။

*ကြိုးငယ်ဆိုတာ ခေတ်ရဲ့ချစ်ရသူများလားမသိဘူး*

သက်ပြင်းချကာဆေးပြီးသား ပန်းကန်များကိုသုတ်နေလိုက်သည်။ အတွေးများကလည်းမပြတ်ပေ။

"ဘာ‌တွေ‌တွေးနေတာလဲ"

ခွမ်းးး

"အမယ်လေး!!!"

ဈာန်မင်းတခေတ်၏မေးသံအဆုံး ပန်းကန်ကျကွဲသံနှင့်အတူ ခွန်းနှောင်ကြိုး၏အာမေဋိတ်အသံကိုပါတဆက်တည်းကြားလိုက်ရသည်။

"အ့"

*ကျစ်!*

ဈာန်ကျစ်တစ်ချက်သပ်မိသည်။ ပန်းကန်ကွဲစများကို အယောင်ယောင်အနနနဲ့ကိုင်နေသောခွန်းနှောင်ကြိုးတစ်ယောက် ဘာကိုအတွေးလွန်နေမှန်းမသိ။ ပန်းကန်ကွဲနေတာသိသိရက်နဲ့ သွားကိုင်တာအခုတော့လက်ရှပါလေရော။

"ခင်ဗျား ဘယ်လိုတောင်ဖြစ်နေတာလဲ ခွန်းနှောင်ကြိုး!"

"ဟို...ဟို...တောင်း....တောင်းပန်ပါတယ် ခေတ်...ဟင့်"

ခွန်းနှောင်ကြိုး၏အသံလေးမှာ နောက်ဆုံးတွင်တိုးသွားသည်။ ခွန်းနှောင်ကြိုး၏စိတ်ထဲတွင်ကြိုးငယ်ကိစ္စကိုယခုထိတိုင် မတင်မကျဖြစ်နေတုန်းပင်။

ဈာန်မင်းတခေတ်နောက်မှရုတ်တရက်ခေါ်လိုက်သောကြောင့် ခွန်းနှောင်ကြိုးလန့်ကာ ဈာန်မင်းတခေတ်ဘက်အလှည့် ဆေးပြီးသုတ်ထားသောမသိမ်းရသေးသည့်ပန်းကန်ကိုတိုက်မိသွားကာ ပန်းကန်မှာကျကွဲသွားသည်။ ထို့ကြောင့်ကျကွဲသွားသော ပန်းကန်ကွဲစများကို အလန့်တကြားကိုင်လိုက်မိတာ လက်ကိုရှသွားလေသည်။ အကျိုးဆက်အ‌နေနဲ့တော့ ဈာန်မင်းတခေတ်၏ဆူခြင်းကိုခံလိုက်ရသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Hikayelerin yaşadığı yer. Şimdi keşfedin