Part-47(Unicode + Zawgyi)

10.4K 435 34
                                    

(Unicode)

တစ်ပတ်ခန့်ကြာသော် ခွန်းနှောင်ကြိုးလည်း ဆေးရုံမှဆင်းပြီဖြစ်သည်။ ဆေးရုံမှဆင်းသည့်အချိန်မှစ၍ ခွန်းနှောင်ကြိုးသည် စကားကိုလိုတာထက်ပိုမပြောတော့ပေ။ အမြဲလိုလိုအိပ်ခန်းတွင်း၌သာနေ,နေတတ်သည်။ ဈာန်မင်းတခေတ်ကလည်း ဒီတစ်ပတ်အတွင်း New York ကိုသွားမည်ဟုစီစဥ်ထား‌သောကြောင့်အလုပ်ရှုပ်နေလေသည်။

ဒေါ်သီသီလင်းတို့မိသားစုကိုတော့ ဦးစိုင်းသစ်တခေတ်တို့က တရားစွဲထားလေသည်။ ဒေါ်နုဝေ၏အကူအညီကြောင့် ထိုနေ့ကတည်းကပင် ‌မျိုးကလျာလင်းတစ်ယောက် အချုပ်ကျနေလေသည်။ ဦးသိန်းတင်မျိုးနှင့်ဒေါ်သီသီလင်းတို့ကတော့ ဦးစိုင်းသစ်တခေတ်တို့အားနေ့စဉ်မပြတ် သူတို့အိမ်ရှေ့သွားကာ တောင်းပန်နေလေသည်။ သို့သော် ဒေါ်မြတ်သီရိနွယ်ကပြတ်သားသည်။ သူ့သားမက်နှင့်မြေးလေးကိုထိခိုက်အောင်လုပ်ခဲ့သောကြောင့် လုံးဝခွင့်မလွှတ်ဘူးဟုပြောလာသည်။ ဦးစိုင်းသစ်တခေတ်တို့ဦးဆောင်ကာ လုပ်ဆောင်ပေးနေသောကြောင့် ဈာန်မင်းတခေတ် ထိုကိစ္စကိုစိတ်ပူစရာမလိုပေ။

"သားခွန်း"

"ကြီးကြီး"

အိပ်ခန်းဝရန်တာတွင်ထွက်ထိုင်နေသော ခွန်းနှောင်ကြိုးအား ဒေါ်နုဝေတစ်ယောက်ထမင်းစားရန်လာခေါ်လေသည်။

"ထမင်းစားမယ်လေ သား"

"သားဗိုက်မဆာသေးဘူး ကြီးကြီး"

"အချိန်ကိုကြည့်ပါဦးသားရယ်...၊ နေ့လယ်တောင်ရှိနေပြီလေ..အချိန်တွေလွန်ကုန်မယ်၊ လာပါသားရယ် ထမင်းစားမယ်နော်.."

ခွန်းနှောင်ကြိုးလည်း ငြင်းမရတော့သောကြောင့်ထမင်းစားရန်သာသဘောတူလိုက်သည်။ အစပိုင်းတွင် ခွန်းနှောင်ကြိုးတစ်ယောက် ကိုယ်ဝန်ပျက်ကျတာကိုမယုံကြည်သေးပေ။ တစ်ရက်နှစ်ရက်လောက်ကြာမှ ကိုယ်ဝန်ဆောင်တွေဖြစ်တတ်တဲ့Morning sickness နှင့်ချဉ်ခြင်းတတ်တာများမဖြစ်တော့မှလက်ခံသွားလေသည်။

"ကြိုးငယ်.."

"ခေတ်.."

"ထမင်းစားတော့မလို့လား?"

"ဟုတ်တယ် ခေတ်ကောစားပြီးပြီလား?"

"ဟင့်အင်း ကြိုးငယ်နဲ့အတူစားချင်လို့ပြန်လာတာ.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now