(Unicode)
ဒေါ်ခင်အေးတစ်ယောက် တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်နေလေသည်။ အိမ်အောက်ထပ်တစ်ထပ်လုံးကိုသန့်ရှင်းပြီးသောအခါ အိမ်ပေါ်ထပ်သို့တက်လာသည်။
ဈာန်မင်းတခေတ်ကတော့ ခြံအနောက်ဘက်ရှိဥယျာဉ်တွင် MacBook တစ်လုံးဖြင့်အလုပ်ရှုပ်နေသည်။ New York သို့သွားရန်လဲသူငယ်ချင်းများဖြင့်တိုင်ပင်နေရသေးသည်။ ထို့ကြောင့် သူ့မှာအချိန်များမအားလပ်နိုင်။
.....
ဒေါ်ခင်အေး ဈာန်မင်းတခေတ်တို့အခန်းကိုသန့်ရှင်းနေတုန်း တစ်ခုခုများတွေ့မလားဟူသည့်စိတ်ဖြင့် ဟိုရှာဒီရှာလုပ်နေသည်။ ဒေါ်ခင်အေးကပဲကံကောင်းသည်လား ခွန်းနှောင်ကြိုးကပဲ ကံဆိုးသည်လားမသိ။ ဒေါ်ခင်အေးကုတင်ကိုရှင်းနေတုန်း ခေါင်းအုံးထဲမှ တစ်ခုခုကိုခံစားမိ၍ ထုတ်ကြည့်ရာ ဓာတ်ပုံလေးတစ်ပုံထွက်လာသည်။
ဟုတ်ပါသည်။ ကလေးလေး၏ ဓာတ်ပုံလေးပင်။ ခွန်းနှောင်ကြိုးမနက်ကဓာတ်ပုံလေးကိုထုတ်ကြည့်ပြီး ပြန်သိမ်းဖို့မေ့သွားခဲ့တာပင်။ ဆိုင်သို့သွားရန်အလျင်လိုနေသဖြင့် ခေါင်းအုံးထဲသို့ အလျင်စလိုထည့်ထားခဲ့သောကြောင့် ဒေါ်ခင်အေးတွေ့သွားတာဖြစ်သည်။
ဒေါ်ခင်အေးလဲ သူရှာသည်ကိုမသိစေရန် ခေါင်းအုံးစွပ်များ အိပ်ရာခင်းများအားလဲလိုက်သည်။
ထို့နောက် တစ်အိမ်လုံးကိုသန့်ရှင်းအပြီး ထိုဓာတ်ပုံကိုယူကာ ဈာန်မင်းတခေတ်ရှိသော အနောက်ဘက်ဥယျာဉ်ဆီသို့သွားလိုက်သည်။
"မောင်ဈာန်..."
ဒေါ်ခင်အေးရုတ်တရက် ဈာန်မင်းတခေတ်ရှိရာကို ရောက်လာသောကြောင့် ဘာကိစ္စဖြစ်လို့လဲဆိုပြီး ဈာန်မင်းတခေတ် ခေါင်းမော့ကြည့်လိုက်သည်။
"ပြောလေ ဒေါ်အေး.."
ဈာန်မင်းတခေတ်ပြောလိုက်တော့ ဒေါ်ခင်အေးကမဝင့်မရဲလေး သူ့လက်ထဲကတစ်စုံတစ်ခုအားထုတ်လာကာပြသည်။
"ဒါ..ဒါလေး...."
ထိုသို့ပြောကာ ဓာတ်ပုံလေးအား ဈာန်မင်းတခေတ်ထံသို့ ဒေါ်ခင်အေးထည့်ပေးလိုက်သည်။ ဈာန်မင်းတခေတ်ထိုဓာတ်ပုံအားယူကာ စိုက်ကြည့်နေသည်။ ထို့နောက်နားမလည်ခြင်းများစွာဖြင့် ဒေါ်ခင်အေးကိုပြန်ကြည့်သည်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍