Part-55(Unicode + Zawgyi)

11.1K 382 10
                                    

(Unicode)


လေဆိပ်သို့ရောက်သော ထွန်းတောက်ပိုင်တို့နှင့်တန်းတွေ့ရသည်။ ထွန်းတောက်က အိမ်သို့မလာတော့ဘဲ လေဆိပ်သို့တန်းလာလိုက်တာပင်။

"ခွန်းး....."

ခွန်းနှောင်ကြိုးကိုတွေ့သည်နှင့် ပြေးဖက်လာသော ထွန်းတောက်ပိုင်ပါ။ ထွန်းတောက်ကိုကြည့်ကာ မျက်မှောင်ကြုတ်နေ‌သူကတော့ နှစ်ယောက်မရှိသည့် ဈာန်မင်းတခေတ်ပဲဖြစ်လေသည်။

"ပိုင်..ခဏ အသက်ရှူကြပ်နေပြီ.."

ခွန်းပြောကာမှ ပိုင်ကဖက်ထားရာကိုခွာကာလွှတ်ပေးလာသည်။ ထို့နောက်ငိုမဲ့မဲ့ဖြင့်ပြောလာသည်။

"ငါမင်းနဲ့မခွဲနိုင်ဘူး..ခွန်း...ဒီတစ်ခါကအကြာကြီး..ပြီးတော့မြန်မာနိုင်ငံထဲမှာလဲမဟုတ်ဘူး။ ငါလွမ်းလိမ့်မယ်.."

"အပိုတွေ!"

ဈာန်မင်းတခေတ်ခပ်တိုးတိုးရေရွှတ်လိုက်သည်။ ထွန်းတောက်ပိုင်ကတော့မကြားလိုက်။ ကြားလျှင်သေချာပေါက်ရန်ပြန်တွေ့မှာပင်။

"အားရင် လာလည်လေ..ငါလည်းခေတ်ကျောင်းပိတ်ရင်လာလည်မှာပဲကို..နော်..ကိုမိုးမြင့်ကလည်းသူအလုပ်အားရင်လိုက်ပို့မှာပေါ့..ဟုတ်တယ်မလား ကိုမိုးမြင့်"

ခွန်းနှောင်ကြိုးသူငယ်ချင်းဖြစ်သူဘေးတွင်ရပ်နေသော မိုးမြင့်ခေါင်အားကြည့်ကာပြုံး၍ပြောလိုက်သည်။

"ဟုတ်တာပေါ့ဗျာ..၊ ကလေးရယ် ရစ်မနေပါနဲ့...ကိုကိုအားရင်လိုက်ပို့ပေးမှာပဲကို..နော်..၊ သွားခါနီးကြီးကိုအားလုံးဝမ်းနည်းအောင်.."

မိုးမြင့်လည်းသူ့ချစ်သူလေးကိုချော့ကာမျက်ရည်များ‌သုတ်ပေးနေလေသည်။

"ခွန်း...."

"အင်း ပြောလေပိုင်ရယ်..ငါနားထောင်နေပါတယ်.."

"မင်း..မင်း ငါ့ကိုနေ့တိုင်းဖုန်းဆက်ရမှာ‌နော်..ဖုန်းတင်မဟုတ်ဘူး Video callလဲခေါ်ရမှာ.."

"အင်းပါကွာ...ငါတစ်နေ့သုံးကြိမ်ဖုန်းဆက်မယ်၊ ညအိပ်ခါနီးတိုင်း Video callပြောမယ် ဟုတ်ပြီလား?"

ခွန်းနှောင်ကြိုးပြောမှ ခေါင်းညိတ်ကာ သူ့အားဖက်လာလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now