Part-39(Unicode +Zawgyi)

10.4K 441 32
                                    

(Unicode)

ဒေါ်သီသီလင်း၏အိမ်တွင်

"မသီ ‌ကျွန်မရောက်ပါပြီ"

"ရော့ ဒါကို ခွန်းနှောင်ကြိုးကိုတိုက်လိုက်!"

ဒေါ်သီသီလင်း ဒေါ်ခင်အေးဆီသို့ အထုတ်လေးတစ်ထုတ်ပေးလိုက်သည်။

"ဒါကဘာလဲ မသီ"

"ကိုယ်ဝန်ပျက်ကျဆေး"

"ရှင်...!"

ဒေါ်ခင်အေးတစ်ယောက်လန့်သွားလေသည်။ သူမ,ဘယ်လိုများ လုပ်ရပါမလိမ့်။

"ရှင်မနေနဲ့! ပြောသလိုသာလုပ်စမ်းပါ။ မခင်အေး ရှင့်အိမ်ကိုကျွန်မထောက်ပံ့ပေးထားတာပါနော်..၊ ဘာလဲအခုမှ ကျေးဇူးရှင်ကို ကျေးစွတ်ချင်တာလား?"

ဒေါ်သီသီလင်းပြောတော့ ဒေါ်ခင်အေးလည်းပြာပြာသလဲ ရှင်းပြရသည်။  ဒေါ်သီသီလင်း၏ကျေးဇူးများသည် ဒေါ်ခင်အေးတို့အပေါ်တွင်များစွာရှိလေသည်။ ထို့ကြောင့်ဒေါ်ခင်အေးလံမလွန်ဆန်နိုင်ပေ။

"မဟုတ်ပါဘူး မသီရယ်..၊ ကျွန်မ..ကျွန်မလုပ်ပါ့မယ်.."

ဒေါ်ခင်အတုန်တုန်အရီရီဖြင့် ပြောကာထိုဆေးထုတ်လေးအားယူလိုက်သည်။

*ရက်စက်လိုက်တာ မသီရယ်..၊ ကိုယ့်တူအရင်းကိုလုပ်ရက်ရတယ်လို့..။*

ဒေါ်သီသီလင်း ဒေါ်ခင်အေး၏စကားအပြီးတွင် ဆိုဖာပေါ်တွင်ခြေချိတ်ကာ ကောက်ကျစ်သောအပြုံးကိုပြုံးနေလေသည်။

ဒေါ်ခင်အေးသည် ဒေါ်သီသီလင်း၏ကျေးဇူးများနှင့်အစ်ကိုဝမ်းကွဲဖြစ်သူဦးသိန်းတင်မျိုး၏ မျက်နှာကြောင့် ဒေါ်သီသီလင်းခိုင်းသမျှကိုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်အေးသည် ဆင်းရဲသော်ငြား စိတ်ဓာတ်အောက်တန်းမကျပေ။ မတတ်သာလို့သာလုပ်နေရတာပင်။ သူမ,ယခုအချိန်ထိပင် ဈာန်မင်းတခေတ်နှင့်ခွန်းနှောင်ကြိုးတို့အား ထိခိုက်နစ်နာအောင်မလုပ်ဖူးသေးပေ။

ထို့နောက် ထိုအထုတ်လေးကိုယူကာဒေါ်ခင်အေး ခွန်းနှောင်ကြိုးတို့အိမ်သို့ပြန်လာခဲ့လေသည်။

ဧည့်ခန်းထဲတွင်ဒေါ်သီသီလင်း ဒေါ်ခင်အေးအား ပြော‌သောစကားများကို ကြားသွားသူတစ်ယောက်လည်းရှိပေသည်။ ထို့ကြောင့် ပထမတစ်ခါကလိုပင် အိပ်ခန်းဆီပြန်သွားကာ စာရေး၍ ဈာန်မင်းတခေတ်ထံသို့ပို့လိုက်လေသည်။ အဘယ်ကြောင့်စာရေးပို့လဲဆိုရင် သူတို့ဟာအိမ်အကူလဲဖြစ် အသက်လဲကြီးပြီဖြစ်လို့ ဖုန်းမရှိပေ။ မကိုင်လဲမကိုင်တတ်ပေ။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now