Part-72(Unicode + Zawgyi)

6.9K 257 23
                                    

(Unicode)

ဒီနေ့ဟာခွန်းနှောင်ကြိုးတို့ New York ကနေထွက်ခွာမည့်နေ့ဖြစ်လေသည်။ မနက်အစောထကာလုပ်စရာရှိတာလုပ်ပြီး 7နာရီလောက်ကလေးများကိုနိုးကာ မနက်စာကျွေး၍ ပြင်ဆင်စရာရှိတာပြင်ဆင်ပေးလိုက်သည်။

နံနက်8နာရီတွင်တော့အားလုံးပြီးစီးကာ အိမ်မှလေဆိပ်သို့ထွက်ရန်ပြင်ကြသည်။ ယခုသူတို့အိမ်‌ရှေ့တွင်ဖြစ်ပြီးအားလုံးပစ္စည်းများကိုကားပေါ်သို့တင်နေကြတာဖြစ်သည်။

"သေချာစစ်အုံးနော် ကျန်ခဲ့အုံးမယ်"

"ဟုတ်ပါပြီ ကြိုးငယ်ရယ်..အေးဆေးကားထဲမှာထိုင်နေဆိုတာကိုမဟုတ်ဘူး"

"ရပါတယ်။ ခွန်းလဲတတ်နိုင်သလောက်ကူပေးတာပေါ့.."

ခွန်းနှောင်ကြိုး၏စကားကို ဈာန်မင်းတခေတ်ပြုံး၍သာဘာမှမပြောဘဲနေလိုက်သည်။

"ဦးဦး.."

"ဪ..သမီးလေးဂျူလီ.."

"ဟုတ်ကဲ့ ဒေးကောဟင်.."

"ကားပေါ်မှာသမီးရဲ့.. ဟော်ဟိုမှာဆင်းလာပြီ"

ခွန်းဂျူလီလေးကိုပြောရင်း ကားဘက်လှည့်ကြည့်လိုက်တော့ သားကြီးကကားပေါ်မှဆင်းလာတာကိုတွေ့လိုက်ရသည်။

"‌ဂျူလီ..."

"ဒေး..!"

တစ်ယောက်နာမည်တစ်ယောက်ခေါ်ကာ နှစ်ယောက်သားပွေ့ဖက်လိုက်ကြသည်။ ထိုသို့ပွေ့ဖက်ရင်းပင်စကား‌များဆိုလာလေသည်။

"ဒေး ဟိုရောက်ရင်ငါ့ကိုမမေ့နဲ့နော်..ပြီးတော့ ဖုန်းလဲဆက်"

"အင်း နင်လဲငါ့ကိုမမေ့နဲ့နော် ဂျူ..ငါအမြဲသတိရနေမယ်"

"အင်း ရွှတ်! ဒေး ဒီမှာကြည့်..နင်ပေးတဲ့လက်ကောက်လေးကိုငါဝတ်ထားတယ်..."

ဖက်ထားရာမှဖယ်ခွာကာ ဂျူလီတစ်ယောက်မျက်ရည်များကိုသုတ်ကာသူမ,ဝတ်ထားသောလက်ကောက်လေးကိုအပေါ်သို့ထောင်ပြလိုက်သည်။ လက်ကောက်လေးမှာ သူမ,နှင့်ဆိုအတော်ပင်ကြီးနေလေသည်။ ထို့ကြောင့်သူမ,သည်ထိုလက်ကောက်လေးကျွတ်မကျစေရန်လက်ကိုအပေါ်သို့ပင်မြှောက်ထားရသည်။

"အင်း လှတယ်။ မငိုနဲ့! နင့်ရဲ့မျက်နှာကမျက်ရည်တွေနဲ့မလိုက်ဘူး။ အပြုံးတွေနဲ့ဘဲလိုက်တာ.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now