Part-54(Unicode + Zawgyi)

9.1K 350 8
                                    

(Unicode)




နောက်တစ်နေ့တွင်တော့ ဈာန်မင်းတခေတ်တို့နှစ်ယောက်စလုံး မနက်5နာရီတွင်ထဖြစ်ကြသည်။

ထို့နောက်မျက်နှာသစ်သွားတိုက်ကာ ပြင်ဆင်စရာရှိတာများကိုပြင်ဆင်ကြလေသည်။ မနက်ခင်းဆိုရေချိုးတတ်သည့် ဈာန်မင်းတခေတ်က ရေချိုးကာ ရေချိုးခန်းထဲမှထွက်လာသည်။

"ခေတ်..ဒီမှာ ခေတ်ဝတ်ဖို့အင်္ကျီထုတ်ပေးထားတယ်.."

"အင်း" ဟုဆိုကာဈာန်မင်းတခေတ်က ခွန်းနှောင်ကြိုးထုတ်ပေးထားသောအင်္ကျီနဲ့ဘောင်းဘီကိုယူ၍ရေချိုးခန်းထဲသို့ပြန်ဝင်သွားလေသည်။

အင်္ကျီလဲပြီးပြန်ထွက်လာတော့ ခွန်းနှောင်ကြိုးကရေချိုးရန်ပြန်ဝင်သွားသည်။

ခဏအကြာ ခွန်းနှောင်ကြိုးလဲရေချိုးပြီးသွားသည်။ သူဝတ်ရန်ထုတ်ထားသော အင်္ကျီကိုယူကာ အဝတ်လဲပြီး ပြန်ထွက်လာခဲ့သည်။

"ခေတ် ပြီးပြီလား?"

"အင်း ပြီးပြီ။ ကြိုးငယ်ဘာယူအုံးမလဲ? လိုအပ်တာတွေကျန်ခဲ့အုံးမယ်နော်..၊ သိပ်အသုံးမလိုတာတွေကထားခဲ့လိုက် ဟိုမှာလဲပြန်ဝယ်လို့ရတယ်"

"အွန်း ချည်ထိုးဖို့ ချည်လုံးနဲ့ ထိုးတံလေးတော့ယူခဲ့အုံးမယ်"

"ဟုတ်ပါပြီဗျာ.."

ထို့နောက်ယူစရာရှိတာများကိုယူကာ အိပ်ခန်းတံခါးများကိုသေချာပိတ်၍ အောက်ထပ်သို့ဆင်းလာကြလေသည်။

နှစ်ယောက်သားအောက်ထပ်ကိုဆင်းလာတော့ အချိန်က 6နာရီပင်ခွဲပြီဖြစ်သည်။ သွားဖို့အချိန်ကသိပ်မနီးသေးသော်လည်း ဦးစိုင်းသစ်တခေတ်တို့ဆီသွားရမှာဖြစ်သောကြောင့်အောက်ထပ်သို့ဆင်းကာ သူငယ်ချင်းများအားစောင့်နေလိုက်သည်။

"အာ..ခေတ်..လာဘုရားသွားရှိခိုးမယ် မေ့နေတာ လာအပေါ်ပြန်တက်မယ်"

ထိုသို့ပြောကာ အထုတ်အပိုးများကို အောက်ထပ်တွင်ထားခဲ့ပြီး ဈာန်မင်းတခေတ်လက်ကိုဆွဲကာ အပေါ်ထပ်သို့ပြန်တက်သွားလေသည်။

ဘုရားခန်းထဲသို့ရောက်သော်နှစ်ယောက်သားဘုရားရှိခိုးကြသည်။ ပြီးနောက်ပြန်ဆင်းမယ်အလုပ် သန့်ဇေထွန်းနှင့်လမ်းတွင်တွေ့လေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now