Part-50(Unicode + Zawgyi)

12.5K 440 33
                                    

(Unicode)



ဈာန်မင်းတခေတ် သန့်ဇေ၏ဖုန်းကိုရပြီးသည်နှင့် ချက်ချင်းပင်ထွက်လာလေသည်။ ထို့နောက် နာရီဝက်အကြာ အိမ်သို့ပြန်ရောက်လာ‌သည်။

"ကိုသန့်.."

"အင်း ရောက်ပြီလား"

ဈာန်မင်းတခေတ် ဧည့်ခန်းတွင်ထိုင်နေသောသန့်ဇေအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်ဆိုဖာပေါ်တွင်ထိုင်ကာ မေးလိုက်သည်။

"ကြိုးငယ်ရော ကိုသန့်"

"အခုထိတော့သတိမရသေးဘူး။ ငါစိတ်ငြမ်ဆေးထိုးပေးလိုက်တာ..အဲ့ထဲမှာ အိပ်ဆေးလဲပါနေတော့ အိပ်ပျော်သွားတယ်"

"ဟုတ်ကဲ့"

ဈာန်မင်းတခေတ်ထိုသို့ပြောပြီးသည်နှင့်စကားဝိုင်းမှာ ခဏမျှငြိမ်သွားလေသည်။ အတော်ကြာသည်ထိ နှစ်ယောက်စလုံးမှာဘာစကားမျှပြောမလာကြ။ ခဏကြာမှသန့်ဇေကပြောလာသည်။

"မင်းတို့ ဒီကအမြန်သွားတာကောင်းမယ်"

"ဟုတ်ကဲ့ ဒီနေ့ကြိုးငယ်ရဲ့ ဗီဇာလဲရပြီ။ လေယာဉ်ကတော့ ကိုယ်ပိုင်လေယာဉ်မလို့ စိတ်ပူစရာတော့မလိုဘူး။ ကျွန်တော်တို့ ဒီတစ်ရက်နှစ်ရက်အတွင်း သွားတော့မှာ ကိုသန့်.."

"အေး အဲ့တာကောင်းတယ်။ ဒါနဲ့ မျိုးကလျာလင်းကိစ္စကကော?"

"သူ့ကိစ္စကိုက ဖေဖေတို့ကိုင်တွယ်နေပါတယ်။ စိတ်ပူစရာတော့မလိုပါဘူး။ မေမေက သူတို့ကိုလုံးဝခွင့်မလွှတ်ဘူးလေ..။ သူ့သားမက်နဲ့သူ့မြေးကိုထိခိုက်စေလို့ ကမ္ဘာမကြေဘဲတဲ့!"

ဈာန်မင်းတခေတ်သူ၏မိခင်အပြောကို သန့်ဇေအားပြန်ပြောပြလိုက်သည်။ ပြောနေရင်း အန်ချင်လာသဖြင့် ဘေစင်သို့အပြေးသွားရသေးသည်။

"ဝေါ့.........ဝေါ့.........အဟွတ် ဟွတ်!"

"ရရဲ့လား.."

သန့်ဇေလဲပြေးထွက်သွားသောသူနောက်လိုက်ကာ ကျောလေးအားအသာဖိပေးကာ‌မေးလိုက်သည်။

"အဟွတ်...ရတယ် ကိုသန့်.."

သန့်ဇေခေါင်းတစ်ချက်ညိတ်ကာ နှစ်ယောက်သားဧည့်ခန်းဆီသို့ပြန်လာကြလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now