Hello(Long time no see)

2.4K 89 10
                                    

Hello..ခေါင်းစဉ်လေးအတိုင်းပါပဲ မတွေ့ရတာအတော်လေးကိုကြာပြီနော်..။

ကျူးလစ်ရုတ်တရက်မပြောမဆိုပျောက်သွားတာက ကျူးလစ်တို့ဘက်မှာနိုင်ငံရေးအခြေအနေမကောင်းလို့ပါ။သတင်းကြည့်တဲ့လူတွေဆိုသိမှာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းအကြောင်းကိုလေ။

27.10.2023ကနေစပြီးလိုင်းတွေဖြတ်လိုက်တာအခုဒီနေ့ဒီအချိန်ထိပါပဲ...။အင်တာနက်တက်ဖို့နေနေသာသာ ဖုန်းဆက်လို့တောင်မရပါဘူး။အိမ်နဲ့လဲလုံးဝကိုအဆက်အသွယ်မရဘဲအခြေအနေကလဲပိုပိုဆိုးလာပါတယ်။ ကျူးလစ်ကအခုဘာကြောင့်လိုင်းတက်လို့ရနေတာလဲဆိုရင် ကျူးလစ်ကအဲ့ကနေပြင်ဦးလွင်ကိုရောက်လာပြီမလို့ပါ။

အခြေအနေကောင်းမလားဆိုပြီးစောင့်နေလိုက်တာတစ်ရက်ထက်တစ်ရက်ဆိုးလာတာပဲရှိတာမလို့ 12.11.2023မှာကျူးလစ်တို့နေတဲ့မြို့ကနေထွက်လာခဲ့လိုက်တယ်။ 14.11.2023မှာတော့ကျူးလစ်ပြင်ဦးလွင်ကိုရောက်ရှိခဲ့ပါပြီ။

အစကတော့မေမေတို့ကနေခဲ့ပြီး ကျူးလစ်တို့ရောက်တဲ့13ရက်နေ့မှာပဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ကျူးလစ်တို့မြို့ကစဖြစ်ခဲ့တယ်။

ကံကောင်းတာကတော့မေမေတို့ကနောက်နေ့မှာပဲထွက်လာခဲ့လို့ပါ။ အစကတော့ကျူးလစ်လဲမေမေတို့ကိုစိတ်ပူနေရပြီး အခုတော့ကျူးလစ်လဲစိတ်အေးသွားရပါပြီ။

ကျူးလစ်နေတဲ့ဒီနေရာကမီးမရလို့ ဖုန်းအချိန်ပြည့်မကိုင်ရတာကြောင့်စာတွေလဲစစ်ချိန်မရှိတော့ပါဘူး။ ဒါကြောင့်ခဏနေကျူးလစ်တင်ပေးမဲ့အပိုင်းလေးဟာအမှားတွေဘာတွေရှိခဲ့ရင်သည်းခံပေးကြပါအုံးနော်..။

လိုင်းဖြတ်ထားတဲ့ရက်တွေအတွင်းကျူးလစ်ကစာကြည့်ရေးတာ နှစ်ရက်ထဲနဲ့ဇာတ်သိမ်းပိုင်းထိရေးနိုင်ခဲ့ပါတယ်။ လိုင်းတွေဖြတ်ထားတဲ့အချိန်ရလိုက်တဲ့အရာလေးပေါ့နော်။

ဖုန်းအားအခြေအနေကြည့်ပြီးတစ်နေ့နှစ်ပိုင်းဖြစ်ဖြစ်တင်ပေးလိုက်ပါမယ်နော်။အစကတော့ ကျူးလစ်ကနေ့တွေရက်တွေတိုက်ပြီး 31.10.2023ဆိုရင် ဒီYTOOMHလေးကိုFinalတင်ပေးမလို့ပါပဲ..အခြေအနေတွေဒီ‌လိုတွေဖြစ်သွားတော့ကြန့်ကြာသွားတာအားနာမိပါတယ်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now