Part-20(Unicode + Zawgyi)

13.6K 524 45
                                    

(Unicode)

(25ရက်.1လပိုင်း)

ရက်သတ္တပတ်ကြာပြီးသော် ဈာန်မင်းတခေတ်နှင့်ခွန်းနှောင်ကြိုးတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့သို့ရောက်လာခဲ့သည်။

ဒီနေ့ဟာ ဈာန်မင်းခေတ်နှင့်ခွန်းနှောင်ကြိုးတို့၏ တစ်လပြည့်မင်္ဂလာနှစ်ပတ်လည်ဖြစ်လေသည်။ ထို့ကြောင့် ခွန်းနှောင်ကြိုးတစ်ယောက် အိပ်ရာမှထ,ကတည်းက မျက်နှာပေါ်တွင် အပြုံးများဝေနေလေသည်။ ‌ဒီနေ့ခွန်းနှောင်ကြိုးပန်းဆိုင်ကိုတောင်မသွားဘဲ အိမ်မှာတစ်နေကုန်နေမည်ဖြစ်သည်။

*ခေတ်ကော ဒီနေ့ကငါတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ဆိုတာအမှတ်ရပါ့မလား?*

တွေးမိတော့ မျက်နှာညှိုးသွားရပြန်သည်။ မီးဖိုချောင်ထဲဝင်ကာ မနက်စာအတွက်ပြင်ဆင်နေလိုက်သည်။ ခွန်းနှောင်ကြိုးမျက်နှာ အမျိုးမျိုးပြောင်းနေတာမြင်တော့ ဒေါ်ခင်အေးကမေးလာသည်။

"ဒီနေ့ ဘာတွေများကောင်းတာရှိလို့ မျက်နှာကပြုံးရွှင်နေရတာလဲ ခွန်းရဲ့.."

"ဒီနေ့ကခွန်းတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေ ဒေါ်အေးရဲ့.."

"ဪ..မင်္ဂလာနှစ်ပတ်လည်နေ့တောင်ရောက်ပြီလား? အချိန်တွေကုန်တာမြန်လိုက်တာကွယ်.."

"ဒေါ်အေးအတွက်ကမြန်ပေမဲ့ ခွန်းအတွက်ကတော့ မမြန်ပါဘူး။ ခေတ်နဲ့အတူရှိနေတဲ့အချိန်တွေကခွန်းအတွက် ပျော်ရွင်စရာနေ့ရက်တွေပဲ..၊တစ်လဆိုတာ ဘယ်ကနေဘယ်လိုရောက်လာမှန်းတောင်မသိလိုက်ဘူးရယ်..ဖြစ်နိုင်ရင် တစ်ရက်ကို24နာရီမဟုတ်ဘဲ 50နာရီလောက်ကိုရှိစေချင်တာ.."

"အေးပါကွယ်..ဒါဆိုဒီနေ့ည အပြင်မှာထွက်စားကြမယ်ပေါ့.."

"မသိသေးဘူးရယ်...ခေတ်ကဒီနေ့မင်္ဂလာနှစ်ပတ်လည်နေ့ဆိုတာကောအမှတ်ရပါ့မလားပဲ.."

ခွန်းနှောင်ကြိုးထိုစကားများကို ဝမ်းနည်းစွာပြောလိုက်သည်။

"အမှတ်ရမှာပါကွယ်..အမှတ်မရရင်လည်း သားခွန်းကပဲ သတိပေးလိုက်ပေါ့.."

"ဟုတ်ကဲ့ ဒေါ်အေး"

ဒေါ်အေးနှင့်ခွန်းနှောင်ကြိုးတို့စကားပြောနေသည်ကိုတစ်စုံတစ်ယောက်က အစမှနေ၍အကုန်ကြားလိုက်သည်ဆိုတာကို သူတို့နှစ်ယောက်ကတော့မသိလိုက်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now