Part-18(Unicode + Zawgyi)

14.1K 556 35
                                    

(Unicode)

ခွန်း ဒေါ်အေးနဲ့စကားပြောနေတုန်း နောက်မှ
ခေတ့်၏အသံကိုကြားလိုက်ရသည်။ ဘယ်အချိန်ကနိုးလာပါလိမ့်။

"ခေတ်....နိုးပြီလား? ထမင်းစားတော့မလား?"

"အင်း..စားမယ်လေ၊ ခင်ဗျားကတော့ဆန်ပြုတ်ပဲသောက်အုံး၊ နေကောင်းမှ ထမင်းစား"

ခွန်း ခေတ်အားဘာမျှပြန်မပြောလိုက်ပေ။ ခေါင်းကိုငုံ့ကာနှုတ်ခမ်းကိုအနည်းငယ်စူ၍ လက်ဖြင့်အင်္ကျီစကိုချေနေလိုက်သည်။

ခွန်း၏ယခုပုံစံမှာ ကလေးတစ်ယောက်နေမကောင်းဖြစ်သည့်အချိန်တွင် မိဘများက ဆန်ပြုတ်သာသောက်ခိုင်းသဖြင့် စိတ်ကောက်နေသောပုံစံနှင့်တူပေသည်။ မိဘကိုလဲ ပြန်မပြောရဲ၊ ဆန်ပြုတ်ကျတော့လဲမသောက်ချင်။ ထို့ကြောင့်ဘာမှမပြောဘဲ စိတ်ကောက်‌ကာ လုပ်နေ‌သောပုံစံပင်။

"ဒီတစ်နေ့ပဲသောက်၊ နောက်နေ့ထမင်းပြန်စား၊ ဟုတ်ပြီလား?"

ဈာန် ခွန်းနှောင်ကြိုး၏ပုံစံအားကြည့်၍ စိတ်မချမ်းသာဖြစ်သဖြင့် နေပြန်ကောင်းသည့်အချိန်ထိမဟုတ်ဘဲ ဒီတစ်နေ့သာသောက်ခိုင်းရန်ပြောလိုက်သည်။ အခုမှဈာန့်အဖြစ်က ကလေးလူကြီးကို ယောက်ျားတော်ထားရသည့်အဖြစ်။

"ဒါဆို နေ့လယ်စာစားကြမယ်လေ..."

ခွန်း ဒီတစ်နေ့တော့သည်းခံကာ စားလိုက်မည်ဟု တွေးလိုက်ပြီး ထမင်းစားရန်ပြောလိုက်သည်။

"အင်း"

ဈာန်မင်းတခေတ်နဲ့ခွန်းနှောင်ကြိုးထမင်းစားပွဲ၌ထိုင်၍ နေ့လယ်စာစားရန်ပြင်လိုက်တော့သည်။ ခွန်းနှောင်ကြိုးကတော့ ဆန်ပြုတ်သာသောက်ရသည်။ ဈာန်မင်းတခေတ်ကတော့ ဒေါ်အေးချက်ထားသောဟင်းများနှင့်စားလေသည်။ သို့သော်တစ်ယောက်သောသူသည် ဘေးမှကြည့်ကာစားချင်မည်စိုးသဖြင့် ဈာန်မင်းတခေတ်ထမင်းကိုခပ်မြန်မြန်စားကာ ဟင်းများကိုလည်း အနည်းငယ်သာထည့်စားလိုက်သည်။

ထမင်းစားပြီးသောအခါ ခွန်းနှောင်ကြိုးအားဆေးတိုက်ပြီး ပြန်အိပ်ခိုင်းရသည်။ ဆေးတိုက်သည်ဆိုတာကလည်း လွယ်ကူနေသည်မဟုတ်။ ခွန်းနှောင်ကြိုးသည် ဒီလောက်ကလေးဆန်မည်ဟုလုံးဝမထင်ရပေ။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Opowieści tętniące życiem. Odkryj je teraz