Episode 3 (Zawgyi & Uni)

7.5K 410 10
                                    

Zawgyi code



'ဂျိမ်း... ၀ုန်း...'

တံခါးဖွင့်သံကြားလို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ဂျူးနောက်၊ တံခါးဝတည့်တည့်မှာရပ်နေတဲ့... ထိုမိန်းမ။

ကိုကို့ ဇနီး...

လတ်လတ်ဆတ်ဆတ် မုဆိုးမဖြစ်သွားတဲ့ မိန်းမ...

ထိုမိန်းမနာမည်က... ဟန်နီမေ။

----------------------------------------------------

ဟိုးအရင်က မြင်ခဲ့ဖူးသလိုပါပဲကွယ်။

ဂျူးရဲ့ ဖြူနုနုမျက်နှာဝိုင်းလေးက မေ့အဖို့ ဘယ်တော့မှ ငေးကြည့်လို့ မ၀ခဲ့တဲ့ အရာလေးပေါ့။

အင်္ကျီခပ်ပွပွနဲ့ ဘောင်းဘီခပ်ပွပွကို စတိုင်ကျကျဝတ်ထား တဲ့ ဂျူးရဲ့ ခန္ဓာကိုယ်လေးက ထိုအ၀တ်စားတွေရဲ့အောက် မှာကျစ်လစ်စွာရှိနေမယ်ဆိုတာ မေသိတာပေါ့။

မေ တတိယနှစ်လောက်ရောက်မှ မေတက်နေတဲ့ ကောလိပ်ကို ကျောင်းသူသစ်လေးအဖြစ်ရောက်လာတဲ့ ဂျူးရဲ့မျက်နှာလေးဟာ အခု မေ့အရှေ့မှာရပ်နေတဲ့ ဂျူးရဲ့ မျက်နှာလေးလိုပါပဲ။

အချိန်တွေသာ ၂ နှစ် ၃ နှစ်ကုန်ဆုံးဖြတ်ကျော်သွားတာ။

ဂျူးမျက်နှာလေးက သိသိသာသာပြောင်းလဲသွားတာ ဘာမှမရှိ။

အခုခရီးပန်းလာလို့ရယ်၊ ကိုကိုဆုံးတဲ့သတင်းကြောင့်ရယ် ဂျူးမျက်နှာလေးက နွမ်းလျလျက်ရှိတယ်။

ဂျူးကို ပြေးကာ ပွေ့ဖက်ရင်း ကြိုဆိုချင်မိတာ မေ့စိတ်ထဲ ကဖြစ်ပေါ်လာတဲ့ ဆန္ဒပါ။

ဒါပေမယ့်...

သူစိမ်းဆန်စွာ၊ မလိုလားစွာ စိုက်ကြည့်လာတဲ့ ဂျူးရဲ့ အမူ အရာကို အကဲခတ်မိပြီးနောက် မေ့စကားတွေ ဆွံ့အကုန် ရပြန်တယ်။

'ဒေါ်ဟန်နီမေ... မာမီရော?'

'အိမ်ထဲအရင်ဝင်ပါဦးလား ဂျူလီယာ... မင်း ပင်ပန်းနေ လောက်ရောပေါ့...'

'ပင်ပန်းတာ မပင်ပန်းတာ ခင်ဗျားနဲ့ မဆိုင်ပါဘူး ဒေါ်ဟန်နီမေ။ မာမီ ဘယ်မှာလဲဆိုတာကိုသာ ပြောစမ်းပါ'

ခက်ထန်လှတဲ့တောင်းဆိုမှုကို မေ မငြင်းနိုင်။ စိတ်မောစွာ ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း ဂျူးနဲ့ မေ့ ဆက်ဆံရေး လေး ဒီထက်နဲနဲလောက်ဖြစ်ဖြစ် နွေးထွေးခွင့်ရရင် သိပ် ကောင်းမှာပဲဆိုပြီး မေ တိတ်တိတ်လေး မျှော်လင့်မိသေး တယ်။

'မာမီ... ကို့အတွက် ရက်လည်ဆွမ်းသွပ်ဖို့ လိုအပ်တာ တွေ သွားစီစဉ်နေတယ်... ညနေလောက်မှ ပြန်ရောက်မယ် တဲ့... '

'မာမီ့ဖုန်းက ဆက်မရဘူး...'

'ဟုတ်လား... အဲဒါတော့ တို့လည်း မသိဘူး။ မင်းဖုန်းခေါ် တာကို မာမီသတိမထားမိလို့များလား?'

အိမ်ထဲဝင်ဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်နေပေမယ့် ပေကပ်နေတဲ့ ဂျူးကို မေ ဘာမှဆက်မပြောဝံ့တော့။

'ဒါဆို အိမ်မှာ ခင်ဗျားတစ်ယောက်တည်းလား?'

'အင်း... ဟုတ်တယ်...'

ဂျူး ဘာသဘောနဲ့မေးတာလည်းတော့ မေမသိ။

ဒါပေမဲ့ မေပြန်ဖြေလိုက်တဲ့ စကားအဆုံး အိမ်ထဲဝင်ဖို့ ဟန်ပြင်နေတဲ့ ဂျူး အမူရာက သိသိသာသာ ရပ်တံ့သွားရ တယ်လေ။

'ဘာလဲ ... တို့နဲ့နှစ်ယောက်တည်း ဒီအိမ်မှာ မနေချင်လို့လား...'

'ခင်ဗျားနဲ့နှစ်ယောက်တည်းဆို... ဒီအိမ်မှာတင် မဟုတ်ဘူး နတ်ပြည်တက်ရမယ်ဆိုရင်တောင် ဂျူးက ငြင်းမှာ'

'တို့ကို အဲဒီလောက်တောင် မုန်းနေတာလား ဂျူလီယာ'

'နာမည်ကို အဲဒီလို အပြည့်အစုံမခေါ်စမ်းပါနဲ့ ဒေါ်ဟန်နီမေ။ အော်ဂလီဆန်လွန်းလို့...'

'ဒါဆို တို့ မင်းကို ဘယ်လိုခေါ်ရမလဲ?'

'ကြိုက်သလိုခေါ်။ ဂျူလီယာလို့သာ မခေါ်နဲ့'

ဂျူးဟာ မေရှိနေတာကို သိသိရက်နဲ့ မေ့ကို တွန်းတိုက်ဖယ် ရင်း အိမ်ထဲသို့ ၀င်သွားတယ်။

ဒါပေမဲ့ ဂျူးရဲ့ ခရီးဆောင်အိတ်ကိုတော့ အိမ်ရှေ့မှာပဲ ထား ခဲ့တဲ့အတွက် မေလည်း ထိုအိတ်ကို ထွက်ယူပြီး ဂျူးနောက် သို့ လိုက်ခဲ့မိတယ်လေ။

ဧည့်ခန်းထဲရောက်မှ အိတ်ကိုယူဖို့ သတိရသွားပြီး ဂျူးလှည့်ကြည့်လိုက်တော့ မေယူလာပြီဆိုတာ မြင်သွား တယ်။

ချက်ချင်းပဲ ဂျူး မလိုလားစွာဖြင့် မေ့လက်ထဲက သူ့ခရီးဆောင်အိတ်ကို ဆောင့်အောင့်ပြီး ဆွဲယူပြန်တယ်။

'မင်း ခဏလောက်ဖြစ်ဖြစ် နားမလား... မင်းကို အိပ်ခန်း လိုက်ပြပေးမယ်...'

'ဒီမှာ ဒေါ်ဟန်နီမေ... ဒီအိမ်က ကိုကို့အိမ်ဆိုပေမယ့် ဂျူး ငယ်ငယ်လေးတည်းက နေလာတဲ့ မာမီတို့အိမ်ဆိုရင်လည်း မမှားဘူး။

ဒီတော့ ဒီအိမ်ရဲ့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဂျူးကောင်းကောင်းသိတယ်။

အဲဒီအတွက် ဂျူးကို နားရမယ့် အိပ်ခန်းတွေဘာတွေ ခင်ဗျား လိုက်ပြနေစရာကို မလိုတာ...'

ဂျူး ပြောပြီး ခရီးဆောင်အိတ်ကို ဆောင့်အောင့်ကာ ဆွဲယူပြီး ကွေ့ဝိုက်နေတဲ့ လှေကားပေါ်ကို တက်သွား တယ်။

ပြီးတော့ အရင်က ဂျူးရဲ့အိပ်ခန်းဖြစ်ခဲ့တဲ့ အခန်းဆီ ဦးတည် သွားပြီး တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ အခန်းအတွင်း အပြင်အဆင်များ အကုန်လုံး ပြောင်းလဲနေတာကို ထူးဆန်းစွာ မြင်လိုက်ရပြန်တယ်။

ဘယ်လိုဖြစ်တာလဲ?

ဂျူးဒီအိမ်မှာ မနေတော့တာမှ ၃ နှစ်လောက်တောင် မပြည့် သေးတာကို။

ဘယ်လိုဖြစ်ပြီး ဂျူးရဲ့ ခဲရောင်ဆန်လှတဲ့ အိပ်ခန်းက တစ်ခန်းလုံး ပန်းရောင်ပစ္စည်းတွေနဲ့ ပြည့်နှက်နေရတာလဲ?

ကုတင်က အစ ပန်းနုရောင် ကုတင်နဲ့။

ဂျူး အိပ်ခန်းထဲ ဆက်ဝင်ဖို့တောင် တံ့နေပြီ။

ဆတ်ခနဲ ပြန်လှည့်ထွက်ဖို့ ပြင်လိုက်တဲ့ ဂျူးနဲ့ မျက်နှာချင်း ဆိုင် တိုက်မိမလိုအထိ နီးကပ်သွားရသူက မေ။

မေနဲ့ အနီးဆုံး အနေအထားတစ်ခုကို ရောက်သွားတာနဲ့ ဂျူး စိတ်ပျက်မိသွားတယ်။

ချက်ချင်းပဲ နောက်ပြန်ဆုတ်ဖို့ ခြေလှမ်းစလိုက်မိတော့ မေ့ လက်တစ်ဖက်က ဂျူးခါးဆီသို့ လျှင်မြန်စွာရောက်လာပြီး သိုင်းဖက်လိုက်တယ်လေ။

'ခင်ဗျား... ဒါဘာလုပ်တာလဲ...'

'နောက်မှ ရေတွေ။ တက်နင်းမိရင် ချော်လဲမှာလေ...'

မေပြောလို့ လှည့်ကြည့်လိုက်မှ။

ဟုတ်သားပဲ။ ဂျူးနောက်ခြေလှမ်းဆုတ်မယ့်နေရာမှာ ရေကွက်ကြီး။

မေ့ကျေးဇူးကြောင့် ချော်လဲမလို မဖြစ်တဲ့အတွက် ကျေးဇူး တင်ရမယ့် ဂျူးဟာ မေ သူ့ခါးကို လာသိုင်းဖက်လိုက်လို့ တောင် ပြန်ပြီး ဒေါသထွက်နေမိသေးတယ်။

'ဘယ်လိုဖြစ်တာလဲ... ဂျူးအခန်းတစ်ခုလုံး ပန်းရောင်တွေ ချည်းပဲ... မျက်လုံးတောင် ကျိန်းတယ်'

'အဲဒီအခန်းကို တို့ယူထားတာ။ အဲဒါ အခု တို့အိပ်ခန်းဖြစ် နေပြီ...'

ဂျူးစိတ်ထဲ ဒီမိန်းမ ဘာစကားတွေလာပြောနေတာလဲပေါ့။

ကိုကိုနဲ့ လက်ထပ်ထားတယ်ဆိုပြီး ဟန်နီမေက ကိုကို့အိပ်ခန်းမှာ မအိပ်ဘူးလား?

ကိုကိုနဲ့ ဟန်နီမေတို့က ဘာလို့ အိပ်ခန်းခွဲအိပ်ရတာလဲ?

ဒါမှမဟုတ် ကိုကိုကပါ ဟန်နီမေ့အိပ်ခန်းမှာ လာအိပ်တာလား?

'ဒါဆို ဂျူးအိပ်ခန်းရော?'

'မင်းအိပ်ခန်းကို တို့ယူလိုက်တယ်ဆိုတော့ မင်းအိပ်ခန်း မရှိတော့ဘူးလေ...

တကယ်လို့ မင်းက တို့အိပ်ခန်းထဲမှာ မနားချင်ဘူးဆိုရင် လည်း မင်းကိုကိုရဲ့အိပ်ခန်းမှာ သွားနားလို့ရပါတယ်။

မင်းကိုကိုရဲ့အိပ်ခန်း ဘယ်မှာရှိတယ်ဆိုတာ မင်းသိနေ လောက်မယ်ထင်လို့ လိုက်မပို့ပေးတော့ဘူးနော်...'

မေ့စကားတွေကြောင့် ဂျူးသေသေချာချာ သိလိုက်ရတာ က ကိုကိုနဲ့ ဟန်နီမေဟာ လက်ထပ်ထားပြီး တစ်ခန်းထဲ အတူ မအိပ်ဘူးဆိုတာပါပဲ။

ဘာသဘောလဲ?

ဟန်နီမေက ကိုကိုနဲ့ လင်မယားဖြစ်ပေမယ့် အနောက်တိုင်း ဆန်ဆန် အိပ်ခန်းခွဲအိပ်တယ်၊ လင်မယား ပတ်သတ်မှုရှိခါ နီးကျမှ အခန်းကူးတာမျိုးလား?

'ရတယ်။ ကိုကို့အိပ်ခန်းကို လိုက်ပို့ပေးစရာမလိုဘူး၊ ဂျူးဘာသာသွားမယ်...'

'ဟုတ်ကဲ့...'

မက်မောစွာငေးကြည့်နေတဲ့ မေ့မျက်ဝန်းတွေကို ဂျူး အရေးမစိုက်စွာ ရှောင်ဖယ်လိုက်ရင်း ခရီးဆောင်အိတ်ကို ဆွဲကာ ကိုကို့အိပ်ခန်းဆီ သွားဖို့ ခြေလှမ်းလိုက်စဉ်မှာပဲ မေဟာ ဂျူးရဲ့ လက်ဖ၀ါးလေးတစ်ဖက်ကို လှမ်းက ဆွဲယူလိုက်ပြန်တယ်။

'ခင်ဗျား... ဒါဘာလုပ်တာလဲ... ဖယ်စမ်း...'

'ရေတွေနင်းမိမှာစိုးလို့ပါ...'

'ရေနင်းမိမှာစိုးရင်လည်း ပါးစပ်ကပြောလေ... ဘာလို့ လက်က လူကို ဟိုကိုင်လိုက်၊ ဒီကိုင်လိုက် လုပ်နေရတာ လဲ... မကြိုက်ဘူးနော်... ဂျူးကို လာလာမထိပါနဲ့'

ခါးခါးသီး ဂျူးရဲ့ တုန့်ပြန်မှုကြောင့် မေ ငြိမ်သက်မှေးမှိန်သွား တယ်။

ဂျူးကတော့ မေ့ခံစားချက်ကို တစ်စက်လေးမှ စိတ်မ၀င်စား ပဲ ကိုကို့အိပ်ခန်းဆီ ဦးတည်သွားပြီးနောက်... အိပ်ခန်း တံခါးကို ဂျိမ်းခနဲ မည်အောင် ဆောင့်ပိတ်သွားလေပြီ။

ထိုနေရာလေးမှာ ဒီအတိုင်း ရပ်ပြီး ကျန်ခဲ့ရတာက မေ။

ခါးသီးလှတဲ့ ဆက်ဆံမှုတွေ၊ အကြည့်တွေကြောင့် မေ ၀မ်းနည်းမိတာ အမှန်ပါ။

မေဟာ ဂျူးနဲ့နီးစပ်ဖို့အရေး အရာရာကို စတေးခဲ့ရတာ။

အခု ဂျူးဆီက မေပြန်ရလာတာတွေက အဲဒီလို ခါးသက်လှ တဲ့ မုန်းတီးမှုတွေသက်သက်ပဲလား?

မျက်ရည်တွေဟာ မဖိတ်ခေါ်ပါပဲနဲ့ ရင်ဘတ်ထဲက နာကျင် မှုကြောင့် ပါးပြင်ပေါ်သို့ ခုန်ဆင်းလာတယ်။

ဟင့်အင်း... အဲဒီမျက်ရည်တွေကို မေ မသုတ်ပစ်ချင်ဘူး။

ဂျူးကြောင့်ဆို... နာကျင်ရမယ်ဆိုလည်း မေက ကျေနပ်နေ မိမယ့်လူပါ။ 
----------------------------------------------------


ညနေစောင်းမှ မာမီအိမ်ပြန်လာတယ်။

ဟန်နီမေ ကူညီပါ့မယ်ပြောတာကိုတောင် လက်မခံပဲ ကိုယ်တိုင်ကိုယ်ကျ လိုအပ်တာတွေ လိုက်လုပ်ထားရလို့ အိမ်ပြန်ရောက်လာတဲ့ မာမီဟာ ပင်ပန်းနွမ်းနယ်နေပြီ။

'ဂျူးရောက်လာပြီလား သမီး?'

ဂျူးတို့မိသားစုထဲမှာ မေ့ကို ခါးခါးသီးဆက်ဆံတဲ့ တစ်ဦး တည်းသော လူက ဂျူးပါပဲ။

ကျန်တဲ့ မိသားစုဝင်တွေဖြစ်တဲ့ မာမီနဲ့ မာမီ့နောက်အိမ် ထောင် ဒေးဗစ်တို့ကတော့ မေ့ကို သမီးလေးတစ်ယောက် လို ဆက်ဆံပေးရှာပါတယ်။

မေကလည်း မာမီတို့ သဘောကျနေထိုင်ပေးခဲ့တာ ပါတာပေါ့။

'ပြန်ရောက်ပြီ မာမီ။ ကိုကို့အခန်းမှာ နားနေတယ်။ သူ ခရီး ပမ်းလာတယ်နဲ့တူတယ်။ မျက်နှာလေးတောင် ချောင်နေ တယ်'

'ဟုတ်လား။ အိပ်များပျော်နေလား မသိဘူး။ ညနေလည်း စောင်းနေပြီဆိုတော့ သူ့ကို သွားနှိုးပေးပါလား မေ... မာမီတို့ ပြောစရာကိစ္စတွေ ရှိနေပြီလေ...'

'ဟုတ်ကဲ့ ... မေသွားနှိုးလိုက်ပါ့မယ်...'

မာမီတောင်းဆိုလို့သာ ဂျူးရှိနေတဲ့ အိပ်ခန်းဆီသို့ မေတက် လာခဲ့ရတာ။

ဒါပေမဲ့ စိတ်ထဲမှာတော့ ကြောက်နေမိတယ်။

ကြောက်တယ်ဆိုတာ ဂျူးကိုမဟုတ်ပါဘူး။

မေ့ထက် ၅ နှစ်ကျော်လောက်ငယ်တဲ့ ကလေးမလေးကို မေက ကြောက်စရာဘာကိစ္စမှ မရှိ။

ဂျူးကိုကြောက်နေရလောက်အောင်လည်း မေ ဘာမမှားမှ မကျူးလွန်ထား။

ဒါပေမဲ့ ဂျူးဆီက ရလာမယ့် ခါးသက်လှတဲ့ တုန့်ပြန်မှုတွေ ကို မေ ရင်မဆိုင်ရဲတာတော့ အမှန်။

မေ တကယ်ကြောက်တာ ဂျူးရဲ့ အမုန်းတရားတွေကိုပါ။

ဒါပေမဲ့လည်း မာမီ့တောင်းဆိုမှုကို မေ မငြင်းသာ။

ဒါ့အပြင် မေသိပ်ချစ်ရတဲ့ ဂျူး... ဘယ်လိုတောင် ကလေးဆန်ဆန် အိပ်ပျော်နေမလဲဆိုတဲ့ သိချင်စိတ်လေး လည်းပါတာပေါ့နော်။

ကိုကို့အိပ်ခန်းတံခါးကို ဖွင့်ကြည့်တော့ တံခါးက လော့ခ် ချထားတယ်။

ဒါဆို သေချာပါတယ်။ ဂျူးဟာ အိပ်ပျော်နေစဉ် အိပ်ခန်းထဲ ကို တခြားလူတစ်ယောက်ယောက် ၀င်လာမှာကို မလိုလားလို့ပါ။

တိတိကျကျပြောရရင် ဒိအိမ်မှာ ဂျူးနဲ့မေ နှစ်ယောက် တည်းရှိတာလေ။

ဒီတော့ ဒီအိပ်ခန်းထဲ ၀င်နိုင်မယ့်လူက မေကအပြင် တခြား ဘယ်သူ ရှိနိုင်မှာတဲ့လဲ။

မေ အိပ်ခန်းထဲဝင်လာမှာကို ဂျူး မလိုလားစွာဖြင့် လော့ခ်ချ ထားတာပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ မေ့ဆီမှာကိုကို့အိပ်ခန်းသော့က ရှိနေတယ်ဆိုတော့ မေဟာ ကိုကို့အိပ်ခန်းတံခါးကို  လွယ်လင့်တကူပဲ ဖွင့်နိုင်ခဲ့ တယ်။

အိပ်ခန်းထဲရောက်တော့ ပါလာတဲ့ ခရီးဆောင်အိတ်ထဲက အ၀တ်တွေဟာ အိပ်ခန်းတစ်ခုလုံးမှာ မွစာကျဲစွာ ပြန့်ကျဲ လျက်ရှိနေတာကို မေတွေ့လိုက်ရတယ်။

ဂျူးက ခရီးကလာတဲ့ ဘောင်းဘီကိုပဲ ဆက်ဝတ်ထားတုန်း။

အပေါ်မှာဝတ်ထားတဲ့ အင်္ကျီကိုတော့ ချွတ်ထားပြီး အတွင်းခံဘောလီလေးနဲ့သာ ကုတင်ပေါ်မှာ မှောက်လျက် အိပ်ပျော်နေတဲ့ ဂျူးမျက်နှာလေးဟာ ကလေးဆန်စွာ ချစ်ဖို့ ကောင်းလွန်းနေတယ်။

မျက်နှာပေါ် ဝေ့၀ဲကျနေတဲ့ ဆံပင်လေးတွေကို သပ်တင် ပေးချင်ပေမယ့် မေ မလုပ်ရဲပါ။

ကုတင်စောင်းတွင် အသာလေးဝင်ထိုင်ရင်း အိပ်ပျော်နေတဲ့ ဂျူးကိုသာ မေ တစိမ့်စိမ့် ငေးစိုက်ကြည့်မိနေတယ်။

အခန်းထဲ အ၀တ်တွေပျံ့ကျဲပြီး ဂျူးကတော့ ဘာအ၀တ်မှ လဲမထားတာကို သုံးသပ်ရရင်တော့ သေချာပါတယ်၊ ဂျူးဟာ ခရီးက ရောက်ရောက်ချင်း မေနဲ့နှစ်ယောက်တည်း ဆုံခဲ့ရတာကို မကျေနပ်လို့ ဒေါသတွေထွက်ရင်း အ၀တ်တွေကို ဖွကျဲထားတာပဲ ဖြစ်နိုင်ပါတယ်။

ဂျူးဒေါသတွေကို မဆီမဆိုင် ခရီးဆောင်အိတ်ထဲက အ၀တ်တွေပေါ် ပုံချပစ်ခဲ့တာပဲဖြစ်ရမယ်။

မေ ဖြစ်ပေါ်လာတဲ့ အတွေးနဲ့ စိတ်မောစွာ သက်ပြင်းချရင်း စိုက်ကြည့်မိနေတဲ့ ဂျူးဆီမှ အကြည့်လွှဲမိတယ်။

တိတ်ဆိတ်နေတဲ့ အခန်းအတွင်း ဒီအတိုင်းသာ ဆက်ကြည့်မိနေရင် သေချာပါတယ်... မေဟာ ဂျူးကို နမ်းချင်စိတ်တွေ ဖြစ်တော့မှာ။

ထိုအသိနဲ့ ချက်ချင်း မေဟာ ထိုင်နေရာမှထပြီး ဂျူးဖွထား တဲ့အ၀တ်တွေကို တစ်ခုချင်း လိုက်ကာ ကောက်ပြီး သေချာစီရီရင်း အိတ်ထဲ ပြန်ထည့်ပေးလိုက်မိတယ်။

ပြီးတော့ အိတ်ကို သေချာပိတ်ပြီး အခန်းထောင့်တစ်နေရာ တွင် ထောင်ပေးထာလိက်မိသေးတယ်။

အဲဒီအချိန် အိပ်ပျော်နေတဲ့ဂျူးဟာ တဖြည်းဖြည်း လူးလွန့် ကာ နိုးလာပေပြီ။

နိုးနိုးချင်းတုန်းကတော့ ဂျူးဟာ အေးဆေးပါပဲ။

ဒါပေမယ့် အခန်းထဲက မွစာကျဲနေတဲ့ အ၀တ်တွေ သိမ်းဆည်းထားတာကို မြင်လိုက်တာနဲ့ ဗြုန်းခနဲ ထ,ထိုင် လိုက်တယ်။

တစ်ဆက်တည်းမှာပင် မေ့ကို မြင်လိုက်တော့ ဂျူးဒေါသ တွေ ငယ်ထိပ်သို့ ရောက်ကုန်ပြန်ရော။

'ဒါဘာလုပ်နေတာလဲ ဒေါ်ဟန်နီမေ...'

'ဘာမှမလုပ်ပါဘူး။ မင်းရဲ့အ၀တ်တွေကို သိမ်းပေး...'

'တော်စမ်းပါ... ခင်ဗျားကို ဘယ်သူ သိမ်းခိုင်းလို့လဲ? ဘာလဲ ခင်ဗျားက ဒီအိမ်က အိမ်ဖော်လား... အိမ်ဖော်မို့လို့ အ၀တ်တွေပွနေတာကို မနေနိုင် မထိုင်နိုင် ၀င်သိမ်းပေးနေ တာလား... ဒါမှမဟုတ် ခင်ဗျား ဂျူးရဲ့အိတ်ထဲက ဘာကို ခိုးယူဖို့ ကြံနေတာလဲ... ခိုးများ ခိုးလိုက်ပြီလား... ခင်ဗျား ဂျူးအိပ်ထဲက ဘာတွေကို ခိုးလိုက်ပြီလဲ ဒေါ်ဟန်နီမေ...'

ခက်ထန်၊ ရင့်သီးစွာ ကြားလိုက်ရတဲ့ စွပ်စွဲမှုတွေက မေ့ရင်ကို မျှားတစင်းလို ထိုးစိုက်သွားရပြီ။

စေတနာနဲ့ ကူညီသိမ်းပေးမှုရဲ့ တုန့်ပြန်မှုက ဒီလောက် တောင် ခါးသီးရတာလား...။

နင့်ခနဲ ဖြစ်သွားအောင် နာကျင်ရပေမယ့် မေဟာ နာကျင်မှု တွေကို ကြိုးစားဖုံးကွယ်ထားလိုက်မိတယ်။

'ခင်ဗျား ဘာလုပ်နေတာလဲ... လူကို အသေကောင်လို ရပ်ကြည့်နေတာ... ဘာလုပ်ဖို့လဲ... ကိုကို့ကို သေအောင် သတ်ရုံတင်မကဘူး၊ ဂျူးကိုပါ သတ်ချင်နေတာလား?'

ဒီအခန်းထဲဆက်နေရင် ဂျူးဆီကရလာမယ့် နာကျင်စရာ စကားတွေဟာ ရပ်တံ့တော့မယ်မထင်။

ဟိုးအရင် စတွေ့တည်းက ဂျူးဆီကရခဲ့တဲ့ ခါးသီးမှုတွေ ဟာ ဘယ်တော့များမှ ရပ်တံ့မှာလဲကွယ်။

မေ ဘာဆိုဘာမှဆက်မပြောဝံ့တော့ပါ။

ပြောမယ်ဆိုရင်လည်း ဂျူးတုန့်ပြန်မှုတွေက ပိုပြီး ခါးသက် လာဖို့ပဲရှိတယ်လေ။

ဒါ့ကြောင့် အိပ်ခန်းဝဆီသို့လျှောက်သွားကာ အိပ်ခန်းထဲက ထွက်လိုက်မိတယ်။ ပြီးတော့ အိပ်ခန်းတံခါးကို ပြန်ပိတ်ပေး ရင်း မာမီပြောခိုင်းတဲ့စကားတစ်ခွန်းကို နောက်ဆုံးပြောခဲ့ လိုက်မိတယ်။

'မာမီက မင်းကို နှိုးခိုင်းလိုက်တယ်။ ညနေဖက်အိပ်နေရင် ဖျားမှာစိုးလို့တဲ့။ မာမီပြန်ရောက်နေပြီနော်...'

တီးတိုးညှင်သာစွာပြောပြီး တံခါးကို အပြင်မှပိတ်ကာ တိတ်ဆိတ်ငြိမ်သက်သွားတဲ့ မေ့တုန့်ပြန်မှုကြောင့် ဂျူး အိုးတိုးအမ်းတမ်းဖြစ်ရတာတော့ အမှန်ပဲ။

ဘာလဲ ဒီမိန်းမ။ သူများအိပ်နေတဲ့အချိန် သူများအိပ်ခန်း ထဲဝင်လာပြီး သူများပစ္စည်းတွေကို ခွင့်မတောင်းပဲ လာသိမ်းဆည်းပေးနေတာ။

ဘယ်ဘ၀က ရေစက်လဲကို မသိတာ။ မေ့အပြုအမူတွေ အကုန်လုံးကို ဂျူး တစ်စက်လေးမှ ကြည့်မရ။

ဘာကျိန်စာကြောင့် ဟန်နီမေဆိုတဲ့မိန်းမက ကိုကို့ ဇနီးဖြစ် လာခဲ့ပြီး ဂျူးနဲ့ အမျိုးတော်ရတာလဲ မသိ။

ဟုတ်တယ်။

ဂျူးလေ... မေ့ကို စတွေ့တည်း မုန်းတီးခဲ့တာ။

ဂျူးအမြင်မှာ မေဟာ ရုပ်ချောတယ်၊ ပညာရေးတော်တယ်၊ ချမ်းသာတယ်ဆိုပြီး သွေးနားထင်ရောက်နေတဲ့ မိန်းမတစ် ယောက်ပဲလို့ ထင်ခဲ့တယ်။

နောက်ပြီး မေဟာ သူ့ဘေးနားဝန်းကျင်က လူတိုင်းလိုလို ကို စိုးမိုးချယ်လှယ်ပြီး ဆက်ဆံလေ့ရှိတယ်လို့ ဂျူးမြင် တယ်။

ဒါပေမဲ့...

အဲဒီလို မာန်မာနတွေနဲ့ လောင်ကျွမ်းနေလေ့ရှိတဲ့ မေဟာ ဂျူးနဲ့ပတ်သတ်ရင် အမြဲလိုလို တိတ်ဆိတ်နေတတ်တယ်။

ဂျူးရဲ့ ခါးသီးတဲ့ ဆက်ဆံမှုတွေအတွက် မေဟာ ဘယ်တုန်း ကမှ တန်ပြန် တုန့်ပြန်ခြင်း မရှိခဲ့။

မတူမတန်လို့ အဖက်မလုပ်ဘူးဆိုပြီး မေ့တုန့်ပြန်မှုတွေကို ဂျူးက ခေါင်းစဉ်တပ်မိတယ်။

အခုလည်းကြည့်... အခန်းထဲဝင်ပြီး ရှင်းပေးတာ၊ မင်းကောင်းဖို့အတွက်... ဘာညာဆိုပြီး မတုန့်ပြန်ဘူး တွေ့လား။

ဂျူးရဲ့ ရင့်သီးလှတဲ့ စွပ်စွဲမှုတွေကို သူနဲ့ မဆိုင်သလိုပဲ မေက တုန့်ပြန်ခဲ့ပြန်တယ်။

အဲဒါကိုပဲ ဂျူးမုန်းတာ။

ဂျူးဘာပဲပြောပြော  မျက်လုံးအ၀ိုင်းကြီးတွေနဲ့ စိုက်ကြည့် ပြီးနောက် ခေါင်းငုံ့ကာ ကျောခိုင်းသွားလေ့ရှိတဲ့ မေ့အပြု အမူတွေက ဂျူးကို မတူမတန်လို့ မဆက်ဆံဘူး၊ မတုန့်ပြန် ဘူးလို့ ပြောနေသလိုပဲ။

အဲဒါတွေကိုပဲ ဂျူး မကျေနပ်တာလေ။

'တောက် !!! စောက်မိန်းမကြီး... မကျေနပ်ဘူးကွာ...'

မကျေနပ်စွာ တောက်ခေါက်သံက အိပ်ခန်းထဲ ၀င့်ဟိန်းသွားတယ်။

ပြီးတော့ ဂျူးရဲ့ အော်သံနဲ့အတူ မကျေမနပ်နဲ့ ကုတင်ပေါ်က ခေါင်းအုံးကို ထိုးနှက်သံတွေကလည်း တဘုန်းဘုန်းနဲ့ ထွက်ပေါ်လာပြန်သေးတယ်။

----------------------------------------------------

ဆက်ရန်...

(ဆက်ရေးဖို့ အားရှိအောင် နဲနဲလောက် Vote နဲ့ Comment လေး မပေးချင်ကြဘူးလားရှင်)


❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥❤️‍🔥

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now