Episode 28 (Z+U) 🚨

12.7K 279 14
                                    

(Zawgyi code)

ကောင်းကင်ပေါ်တွင် တိမ်ငွေ့တိမ်ဆိုင်အနက်ရောင်ကြီးများမှာ သိုးအုပ်များကဲ့သို့ သူ့အုပ်နဲ့သူ အငြိုးတကြီး ပြေးလွှားနေကြတယ်။

ထိုတိမ်တိုက်တွေအကြား တစ်ချက်ချက် ဖျတ်ခနဲ... ဖျတ်ခနဲ လက်သွားတဲ့ လျှပ်စီးကြောင်းများက ရင်ထိတ်ချင်စရာ။ 

တဒိန်းဒိန်း... တဒုန်းဒုန်းနဲ့ မိုးချိန်းရန်မာန်ဖီနေတဲ့ အသံကြီးက မသိရင် ကောင်းကင်ပေါ်မှာ ဆီပေပါကြီးတွေ လှိမ့်နေသလိုပဲ၊ မိုးကြိုးပစ်ချဖို့ နေရာရှာနေတဲ့အသံမျိုး။

လေတွေက တိုက်နေတာ မပြောပါနဲ့တော့။

အဝေးပြေးလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ ကွင်းပြင်တွေထဲက နွဲ့ပြားပင်လေးတွေဟာလည်း ထိုလေရူးရဲ့ ရိုက်ခက်မှုကြောင့် အရပ်မျက်နှာ အတိအကျမရှိ ယိမ်းနွဲ့လှုတ်ရှားနေကြပုံမှာ မြင်ရသူတိုင်း သနားဂရုဏာသက်ချင်စရာ။

ရာသီဥထုက ဘယ်လောက်ပဲ အပြန်းအထန်ပြောင်းလဲနေပါစေ ဂျူးရဲ့ အာရုံထဲကိုတော့ ၀င် မနှောင့်နိုင်။

ကားစီယာတိုင်ပေါ်တင်ထားတဲ့ ဂျူးရဲ့ လက်ချောင်းဖြူဖြူရှည်ရှည်လေးများဟာ ကားထဲမှာ ဖွင့်ထားတဲ့ သီချင်းရဲ့ သံစဉ်တိုင်း ယိမ်းနွဲ့လှုတ်ရှားလျက်ရှိတယ်။

ဂျူးဟာ အလွန်ကို စိတ်အေးချမ်းစွာဖြင့် ကားကို ပုံမှန်လေးမောင်းနှင်နေပုံကိုကြည့်ခြင်းအားဖြင့် အခုပြောင်းလဲဖြစ်ပေါ်နေတဲ့ ရာသီဥထုဟာ သူနဲ့ လားလားမှ မဆိုင်သလိုပါပဲ။

ညာဖက်ထိုင်ခုံတွင် လိုက်ပါစီးနင်းမိနေတဲ့ မေကသာ ကားအပြင်က ရာသီဥထုကိုကြည့်ပြီး...

ဂျူး ရေ လေတွေတိုက်နေပြီနော်...

ဂျူးရေ လျှပ်စီးတွေ လဲ့လိုက်တာကွယ်...

ဂျူးရေ မိုးကြိုးပစ်တော့မလားမသိဘူးနော်၊ မိုးခြိန်းနေတာကြီးက ခေါင်းပါ ကျိန်းတယ်...

ဂျူးရေ ပစ်ချလိုက်ပြီလား မသိဘူး... အုန်းခနဲပဲ...ဆိုတဲ့ စကားတွေကို မရပ်မနားပြောပြနေပေမယ့်

ဂျူးဟာ မေစကားပြောတဲ့အခါ တစ်ချက်လေးလှည့်ကြည့်၊ ကျေနပ်သလိုပြုံးပြလိုက်ရုံမှအပ ဘာဆို ဘာမှ မတုန့်ပြန်တာ။

သွသူ ကားလေးကိုပဲ အာရုံစိုက်ပြီး ဆက်မောင်းနေတာကိုကြည့်ရင်း အသည်းတွေ ယားလာတာက မေ။

ကြည့်ပါဦး... မေ့ထက် ၅ နှစ် ၆ နှစ်လောက် ငယ်တဲ့ ဂျူးက ရာသီဥထုဒီလောက်ဆိုးရွားနေတာကိုတောင် စိတ်မဝင်စားနိုင်ပဲ တကယ့်လူကြီးလေးလို ကားကို စိတ်ပါလက်ပါ မောင်းနှင်နေတာ။

တခါတခါ လျပ်စီးတွေလက်တဲ့အခါ မေ ထထအော်တဲ့ ဟိုမှာကြည့်... ဟိုမှာကြည့် လက်နေပြီတွေ့လား... လက်နေပြီတွေ့လားဆိုတဲ့စကားကိုတောင် ခပ်အေးအေးလူလူ တုံ့ပြန်နေတာ။

ဂျူးရဲ့ တည်ငြိမ်တိတ်ဆိတ်မှုကပဲ ရာသီဥထုအပေါ် စိတ်ဝင်တစားရှိနေတဲ့ မေ့အာရုံတွေကို ပြောင်းလဲယူလိုက်သလိုလို။

မေဟာ အပြင်မှာ ဘယ်လောက်ပဲ လျပ်စီးတွေ လက်နေပါစေ၊ မိုးတွေ ခြိန်းနေပါစေ... အခုနလို စိတ်ပါဝင်စားခြင်းမရှိတော့ပဲ တည်တည်ငြိမ်ငြိမ်လေး ကားမောင်းနေတဲ့ ချစ်သူလေးကို ငေးကြည့်နေမိရင်း ငြိမ်ကျသွားရပြီ။

"နီ... ကြောက်လို့လားဟင် ငြိမ်သွားတာ..."

မေးလာတဲ့ ဂျူးရဲ့အသံလေးမှာကိုက ဂရုဏာသံအပြည့်။

ထိုင်ခုံပေါ် ဒူးနှစ်ဖက်ကို ကွေးတင်ထားရင်း နောက်ကျောမှီကို တစောင်းလေးမှီတဲ့ထား မေ့ကို ငဲ့ကြည့်လာပြီး မေ့ပေါင်လေးကို လှမ်းကိုင်ရင် မေးလိုက်တဲ့ ဂျူးဟာ မေငြိမ်သွားလို့ စိုးရိမ်သွားတာ အသိသာကြီးရယ်။

ဂျူး အကြင်နာတွေရဲ့ တန်ခိုးက ကြီးလွန်းလို့ဖြစ်မယ်။

အခုန လှုတ်ရှားနေတဲ့ ရာသီဥထုနဲ့အတူ အေးချမ်းလှပါပြီဆိုတဲ့ မိုးရေစက်တွေဟာ အုန်းဒိုင်းကျပြီး ရွာကျလာတယ်လေ။

မှန်ရှေ့ကိုကျလာတဲ့ မိုးရေတွေကို ရှင်းဖို့ ဂျူးဟာ wiper ခလုတ်လေးကို ဖွင့်လိုက်တဲ့အခါ ကားအပြင်ဖက်၊ ရှေ့ကြည့်မှန်အပေါ်မှာ wiper လေး ပြေးလွှားရင်း ရေစက်တွေကို ဖယ်ရှားနေပေမယ့် ကားမှန်အမြင်က ကြည်လင်လှတယ် မရှိ။

မိုးသီးမိုးပေါက်တွေက တကယ့်ကိုမှ အကြီးကြီးတွေ။

ဓါတ်တိုင် တစ်တိုင်ကျော်လောက်အထိကိုတောင် မနည်းကြီး ကြည့်ယူနေရတာ။

မြင်ကွင်းမရှင်းလို့နဲ့တူပါတယ် ဂျူးဟာလည်း ကားအရှိန်ကို သိသိသာသာလျော့ချပစ်လိုက်တယ်။

ဒါပေမဲ့ မိုးစက်တွေကြား အသည်းသန်စိုက်ကြည့်ရင်း တကယ့်ကို တည်တည်ငြိမ်ငြိမ်လေး ကားဆက်မောင်းနေတဲ့ ဂျူး လုပ်ရပ်က မေ့အတွက် အရမ်းတွေ အသည်းယားစရာ။

မျက်ခုံးလေးတွေ တစ်ချက်ချက် တွန့်ကုတ်သွားလိုက်၊  မျက်လုံးအောက်နှုတ်ခမ်းသားလေးကို ဆတ်ခနဲ ဆွဲတင်ကျဉ်းယူလိုက်နဲ့ မိုးရေထဲ မနည်း အာရုံတစိုက်ပြီးမောင်းနေတဲ့ ဂျူးရဲ့ ပခုံးလေးဆီ မေ အသာလေး ချဉ်းကပ်သွားမိတယ်။

"နီ အေးနေလား... မောင် AC လျော့ပေးရမလား... ပိတ်လို့တော့ မရဘူးနော်... မှန်မှာ ရေငွေ့တွေ တက်လာမှာ စိုးလို့"

မေ့စိတ်ထဲ ဘာတွေဖြစ်နေတယ်ဆို ဂျူး မသိရှာ။

ဂျူးဟာ ကားကို ဂရုစိုက်နဲ့ မောင်းနေရင်း မေ့ကိုပါ ဂရုတစိုက်လေး ဒူးလေးတွေ၊ နှာခေါင်းထိပ်လေးတွေ လာထိပီး စမ်းကြည့်နေသေးတာ။

"မောင်..."

"အင်..."

"လမ်းဘေး ကားချရပ်လိုက်..."

"အာ... ရပါတယ် မောင် မြင်ရသေးတယ်... မိုးသည်းနေတာနဲ့ အပြန် မိုးချုပ်မယ် နီရဲ့..."

"လမ်းဘေး ကားချရပ်လိုက်လို့..."

"အာ ဒီနေ့ နီဘာဖြစ်နေ..."

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now