Episode 25 (Z+U)

3.9K 289 20
                                    

(Zawgyi code)

ခန့်ထည်အိမ်ကို လာမယ်ဆိုတာ သိရတဲ့တည်းက ဂျူးစိတ်ထဲ ရွှင်လန်းမှုအနည်းငယ်ဖြစ်ရတာတော့ အမှန်ပါ။

ဒါဟာလည်း ခန့်ထည်ကို တွေ့ချင်လွန်းလို့တော့ မဟုတ်။

ဒီလိုတွေးမိတာ ခန့်ထည်ကို အားတော့နာပါရဲ့။

တကယ်တော့ ဂျူးဟာ ခန့်ထည်ဆီမှ ကြားရမယ့် မေ့သတင်းတစ်စွန်းတစ်စလေးအတွက် မျှော်လင့်မိနေခြင်းသက်သက်သာ။

မေဟာ အခုဆို ဘယ်မှာနေနေတာလဲ?

ဘယ်သူတွေနဲ့ရှိနေတာလဲ?

ဘာတွေလုပ်နေတာလဲဆိုတဲ့ သတင်းလေးတွေပါပဲ။

မေ ဘယ်သူနဲ့ ဘယ်မှာ ဘာတွေပဲလုပ်နေပါစေ၊ သူ့ရင်ထဲမှာ ဂျူးတော့ ရှိနေသေးတယ်မို့လားဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ မေးဖို့လည်း တွေးထားမိပြီးသားပါ။

ဒါပေမဲ့ ဂျူးမျှော်မှန်းထားသလို သူတို့ဆီရောက်လာတဲ့ ခန့်ထည်ဆီမှာ မေနဲ့ပတ်သတ်တဲ့ ဘာသတင်းအစအနမှ ပါမလာခဲ့။

ဒါ့အပြင် ဂျူး ဘယ်လိုမှ မမျှော်မှန်းထားတဲ့ သတင်းဆိုးကြီးကိုပါ ခန့်ထည်က သယ်လာသေးတာလေ။

"မေက သူ့ကျောင်းနေဖက် သူငယ်ချင်းနဲ့ လက်ထပ်သွားပြီ"

ထိုစကားကို ခန့်ထည်ပြောတုန်းက ဆိုင်းတငံ့ငံ့နဲ့ပြောလိုက်တာပါပဲ။

ဒါပေမဲ့ အဲဒီစကားကြောင့် ဂျူးရင်တွေ အစိတ်စိတ်အပိုင်းပိုင်း ကြေမွသွားခဲ့ရတာ ဘယ်သူမှ မသိပါဘူး။

မေနဲ့မတွေ့ရတော့တဲ့နောက်ပိုင်း၊ မေထားခဲ့တဲ့နောက်ပိုင်း ဂျူးဖြစ်သလိုတွေ နေထိုင်ခဲ့တယ်ဆိုတာ မာမီ့ကို ဆန္ဒပြခဲ့တာလည်းမဟုတ်ဘူး၊ ပွဲခံနေတာလည်းမဟုတ်ဘူး။

ဒီအတိုင်းယှဉ်သန်ချင်စိတ်မရှိလို့ ဖြစ်သလိုနေနေခဲ့တာ။

ဒါပေမဲ့ ဘာလို့ ကွကိုအဆုံးမစီရင်သေးတာလဲဆိုတော့... တစ်နေ့နေ့ မေများ ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်ကြောင့်။

မေ့ကို ဂျူးဘယ်လောက်ချစ်တယ်၊ ဂျူးအချစ်တွေက ဘယ်လောက်နက်နဲတယ်ဆိုတာ မေအသိဆုံးပဲလေ။

တစ်ရက်ရက်တော့ ထားခဲ့မိတဲ့နောင်တတွေတစ်သီကြီးနဲ့ ပြန်မလာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်နေခဲ့တာ။

အခုတော့ မေက တခြားလူရဲ့ရင်ခွင်ထဲကို အပြီးပိုင်ရောက်သွားပြီဆိုတော့...။

မေတခြားလူကို ယူလိုက်နိုင်တာ ဂျူးအံ့သြလို့မဆုံးဘူး။

ငါမရတော့လို့ လက်လျော့လိုက်တာမျိုးတော့ မဟုတ်ဘူးနော်။

သူတောင် တခြားလူတစ်ယောက်ရဲ့ရင်ခွင်ထဲ ခိုလှုံနိုင်သေးတာပဲ၊ ငါ့အချစ်တွေက သူ့အတွက် အရေးမပါတော့လို့ပါလား... ငါဆိုတဲ့လူကို သူ ထပ်ပြီးမလိုအပ်တော့ပါလားဆိုတဲ့ အတွေးနဲ့... ဂျူးလက်လျော့လိုက်တာပါ။

မေလက်ထပ်လိုက်လို့ လက်လျော့လိုက်တာမဟုတ်ဘူး။

မေ သူများကို လက်ထက်လိုက်နိုင်လို့ လက်လျော့လိုက်တာ။

ဒီဖြစ်စဉ်နှစ်ခုက တူမလိုလိုနဲ့ မတူဘူးနော်။

လက်ကိုဘရိတ်ဓါးနဲ့တစ်ချက်လှီးတိုင်း ဂျူးမျက်ဝန်းထဲမှာ ပြန်ပြန်မြင်နေခဲ့တာ မေ့အနမ်းတွေ။

နှုတ်ခမ်းပေါ်ကျရောက်ဖူးတဲ့ မေ့အနမ်း...

လည်တိုင်ပေါ်ကျရောက်ဖူးတဲ့ မေ့အနမ်း...

ရင်ဘတ်ပေါ်ကျရောက်ဖူးတဲ့ မေ့အနမ်း...

ဗိုက်သားပေါ်ကျရောက်ဖူးတဲ့ မေ့အနမ်း...

ခန္ဓာကိုယ်အောက်ပိုင်းကို ကျရောက်လာဖူးတဲ့ မေ့အနမ်း...

အနမ်းတွေတစ်ချက်ချင်းစီအတိုင်းအတွက် ဂျူးဟာ လက်ဖျံမှာ ဘရိတ်ဓါးရာတွေ တစ်ချက်ချင်း ပေးမိနေတာ။

အနမ်းတွေထိတွေ့တုန်းက ရင်သတ်ရှုမောဖွယ်ကောင်းသလောက်၊ ဘရိတ်ဓါးရာတွေထိတွေကလာတော့ နာကျင်ဆွံ့အနာကျင်ဖို့ကောင်းလိုက်တာ။

ငြီးညူသံတောင်မထွက်နိုင်ရှာခဲ့။

နောက်ဆုံး မြင်ကွင်းက ခပ်ရေးရေးသာ ပေါ်နေပေမယ့်... ခပ်ထင်းထင်း ကြည်လင်ပြတ်သားစွာ မြင်နေရတာ ဟန်နီမေဆိုတဲ့မိန်းမပဲ။

ဒါ့ကြောင့်ပဲ ဂျူး မျက်စိစုံက အသာလေးမှေးကာ မှိတ်ချလိုက်ရင်း စိတ်လျော့ပစ်ခဲ့တာပါ။

ရပါတယ်။ ဒီဘဝတော့ ထားလိုက်ပါတော့။

နောက်ဘဝဆိုတာရှိခဲ့ရင်တော့ မေ့ကို ရအောင်ပိုင်ဆိုင်နိုင်ဖို့ ထပ်ပြီး ကြိုးစားမိဦးမှာပါ။

ဂျူးဟာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီးသွားပါစေဦး... အဲဒီအစိတ်ပိုင်းတိုင်းလိုလိုက မေ့ကိုဆက်လက်ပြီး ချစ်မြတ်နိုးမျှော်လင့်နေဦးမှာပါ။

------------------------------------------

ဂျူးကိုယ်တွင် ဆေးပိုက်တို့ ရှုတ်ယှက်ခတ်စွာ သွယ်တန်းထားကြတယ်။

နှုတ်တွင်လည်း အောက်စီဂျင်က တပ်ထားသေးတယ်။

ဆုံးရှုံးသွားတဲ့ သွေးပမာဏက များတယ်ဆိုတော့ သွေးတွေလည်း ဆက်တိုက်လိုလို သွင်းနေရသေးတယ်။

နှလုံးခုန်စက်ကလည်း တီ... တီ...နဲ့အချက်ပြနေတယ်။

ဂျူးကတော့ သတိမလည်လာသေးဘူး။

ဒါဟာ ကွကို လုပ်ကြံသတ်သေမှုဖြစ်လို့ အော်ဇီရဲတွေကလည်း ဂျူးရဲ့အခန်းအပြင်မှာ ခြေရှုတ်နေကြတယ်။

ဒေါ်မေနန်းဝါနဲ့ ဒေးဗစ်ကိုလည်း ဂျူးနဲ့ပတ်သတ်ပြီး ဆက်ဆံရေးကို သေချာမေးမြန်းစုံစမ်းနေကြတယ်။

မာမီဟာ ဂျူးကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဘေးပတ်ဝန်းကျင်တွေက သိနေတယ်ဆိုတော့ မာမီ့အတွက်ရော ဒေးဗစ်အတွက်ပါ ၀င်ရောက်အာမခံပေးကြတယ်။

ဂျူးကိုယ်တိုင်က စိတ်ကျရောဂါဖြစ်နေတဲ့ပုံစံမျိုး သူတို့တွေ မှတ်ယူသွားကြတဲ့အထိပဲဆိုပါတော့။

ဒါဆိုရင်တော့ သေချာပြီ။ ဂျူးဟာ သက်သာပြီဆိုတာနဲ့ အိမ်ပြန်ခွင့်ရဦးမှာ မဟုတ်လောက်ဘူး။

ဂျူးကို စိတ်ရောဂါကုဆေးရုံမှာ အချိန်အကန့်သတ်တစ်ခုထိကြာအောင် သူတို့ ထားပြီး စောင့်ကြည့်ကြဦးမှာလေ။

ကွကို သတ်သေတယ်ဆိုတဲ့ကိစ္စက တော်ရုံလူ လုပ်ရဲတာမဟုတ်ဘူးလေ။

ဂျူး အသည်းကွဲသွားလို့ လုပ်တာကို သူတို့ လက်ခံလောက်မယ်မထင်။

အခုတောင် ဘေးပတ်ဝန်းကျင်က ၀ိုင်းကူလို့ မာမီနဲ့ ဒေးဗစ်တိုင်မပတ်တာ။ မဟုတ်ရင် ဂျေးထဲအောင်းနေရလောက်ပြီလေ။

------------------------------------------

စိတ်ပျက်လေးလံစွာနဲ့ပဲ ဦးနှောက်ထဲ ကိုယ်သတိရလာပြီဆိုတဲ့အသိတစ်ခု ပြေးဝင်လာခဲ့တယ်။

မဖွင့်ချင်စွာဖြင့် မျက်လုံးတွေကိုဖွင့်မိတော့ အရင်ဆုံး လှမ်းမြင်ရလိုက်တာ ဘေးမှာ ဆေးထိုးအပ်တွေ၊ ဆေးရည်တွေနဲ့ အလုပ်ရှုတ်နေတဲ့ ဆရာဝန်အချို့။

"နီ... နီ့ကိုခေါ်ပေးပါ..."

ဖြစ်ချင်တဲ့ဆန္ဒကိုပြောလိုက်တော့ ငိုသံနဲ့အတူ နဖူးပေါ်ရောက်လာတဲ့ လက်ဖဝါးတစ်ဖက်။

"မာမီ... နီရောဟင်?"

ဂျူးမေးခွန်းကြောင့် မာမီငိုရင်း ဆွံ့အကုန်ပြီ။

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now